Thursday , November 1 2018
Home / FNews / မျက်တောင်မွေးဆက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်မယ့် အန္တရာယ်တွေ

မျက်တောင်မွေးဆက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်မယ့် အန္တရာယ်တွေ

 

အခုခေတ်ထဲမှာ မိန်းကလေးတော်တော်များများဟာ အလှအပ ရေစီးကြောင်းတစ်ခုအဖြစ် မျက်တောင်အတုတပ်တာတွေ၊ မျက်တောင် အတု ဆက်တာတွေကို ပြုလုပ်လာကြပါတယ်။ အလှပြင်ဆိုင်တွေလည်း နေရာအနှံ့မှာပေါ်လာပြီး အလှပြုပြင်တဲ့ ၀န်ဆောင်မှုကို ပေးနေကြပါတယ်။ ပွဲလမ်းသဘင်တွေ၊ အခမ်းအနားတွေမှာဆို မျက်တောင်တုတွေတပ်တာ မျက်တောင်မွှေးဆက်တာတွေကို မပါမဖြစ်ပြုလုပ်ကြပါတယ်။ ဒါကြောင့်လည်း အခမ်းအနားတစ်ခုခု တတ်ခါနီးတိုင်း အလှပြင်ဆိုင်ကို ပြေးကြရပါတယ်။

မျက်တောင်အတုတပ်သူတွေ၊ မျက်တောင်အတုဆက်သူတွေဟာ သေသေချာချာသေးစိပ် ဂရုတစိုက်လုပ်ကြရတာဖြစ်ပြီး mascara ကို အသုံးပြုတဲ့နေရာမှာလည်း ပညာသားတွေပါပါတယ်။ အဖုအထစ်တွေ၊ မညီညာတာတွေ မရှိရအောင်၊ ရေနဲ့ အလွယ်တကူ ပြန်ဖျတ်လို့ရအောင်နဲ့ နာကျင်မှုမရှိရအောင်လည်း သေသေချာချာ လုပ်ဆောင်ရပါတယ်။ ဒီလို မျိုး မျက်တောင်အလှဆင်ခြင်းဟာ ပိုမိုလှပတဲ့ ရုပ်သွင်ကို ပေးစွမ်းနိုင်ပေမယ့်လည်း ခွဲစိပ်ကုသဆရာဝန်တစ်ယောက်ကတော့ ခဏခဏ မျက်တောင်အလှဆင်လေ့ရှိတဲ့ အမျိုးသမီးတွေကို သတိပေးပြောကြားထားပါတယ်။

အောလန်ဒို မျက်စိသင်တန်းကျောင်းက ဒေါက်တာ Keshini Parbhu က မျက်တောင်မွှေးတွေကို ကပ်တဲ့ကော်ဟာ ပိုးမွှးတွေကို ဘယ်လိုဆွဲဆောင်တယ်ဆိုတဲ့ အချက်ကို ရှင်းပြပေးခဲ့ပါတယ်။ အထူးသဖြင့် အသုံးပြုတဲ့ ပစ္စည်းကရိယာတွေဟာ သန့်ရှင်းမှုမရှိရင် ပိုမွှားတွေ ပိုမို ၀င်ရောက်တတ်ပါတယ်။ မျက်တောင်ဆက်ဖို့အတွက် အလှပြင်ဆိုင်ကို ခဏခဏ သွားတတ်ကြတဲ့ အမျိုးသမီးတွေအနေနဲ့လည်း မျက်လုံးရောင်ယမ်းလာတာ မျက်ခွံတွေ ကျိန်းစပ်လာတာတွေ ဖြစ်တတ်တယ်ဆိုပြီး ဖွင့်ဟ ပြောဆိုမှုတွေ ရှိကြပါတယ်။

ဒီလိုဖြစ်ရခြင်းကတော့ မျက်တောင်မွှေးတွေရဲ့ အရင်းပိုင်း မျက်ခမ်းမှာ Demodex လို့ခေါ်တဲ့ မျက်တောင်မွှေးထဲမှာနေထိုင်တဲ့ ရောဂါပိုးမွှားလေးတွေ တွယ်ကပ်နေလို့ပဲ ဖြစ်ပါတယ်။ ဒီပိုးလေးတွေဟာ မျက်တောင်မွှေးရဲ့ အရင်းက မွှေးညှင်းပေါက်လေးတွေအထိ တူးဆွဝင်ရောက်ကြပြီး မျက်တောင်မွှေးကပ်တဲ့ ကော်လေးတွေကို စားသုံးကြပါတယ်။ ဒီပိုးလေးတွေ အရေအတွက် များလာပြီဆိုရင်တော့ ရောင်ရမ်းမှုကို ဖြစ်စေနိုင်ပါတယ်။

မျက်လုံးမှာလိမ်းခြယ်ရတဲ့ မိတ်ကပ်တွေကို သေသေချာချာမဖျတ်တဲ့သူတွေနဲ့ သေသေချာချာသန့်ရှင်းရေးမလုပ်ထားတဲ့ ပစ္စည်းတွေကို အသုံးပြုတဲ့ အလှပြင်ဆိုင်တွေမှာ မျက်တောင်အလှဆင်မှု ခံယူတတ်တဲ့ မိန်းကလေးတွေဟာ ဒီလို ရောဂါပိုးကူးစက်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် မျက်တောင်အလှဆင်မှုကို ခဏခဏပြုလုပ်တတ်သူတွေအနေနဲ့ သန့်ရှင်းမှုကို ဦးစားပေးသင့်တယ်လို့ ဆရာဝန်တွေက အကြံပြုကြပါတယ်။

REF_

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …