Thursday , November 1 2018
Home / FNews / ကိုရီးယားမင်းသမီးတွေလို အလှအပမျိုးရရှိစေဖို့ K-pop စတားတွေက ပြောပြတဲ့ မိတ်ကပ် လိမ်းခြယ်နည်း အကြံပြုချက် ၆ ချက်

ကိုရီးယားမင်းသမီးတွေလို အလှအပမျိုးရရှိစေဖို့ K-pop စတားတွေက ပြောပြတဲ့ မိတ်ကပ် လိမ်းခြယ်နည်း အကြံပြုချက် ၆ ချက်

 

ကိုရီးယား စတားတွေဖြစ်တဲ့ Hong Jin Young၊ Park Eun Ji၊ နဲ့ AKMU က Suhyun တို့က အကြံပေးပြောပြပေးတဲ့ YouTube channel ပေါ်က မိတ်ကပ်ခြယ်သနည်းတွေဟာ ပရိတ်သတ်တွေကြားမှာတော့ တကယ်ကို ရေပန်းစားပါတယ် အခုလည်း သူတို့ဟာ ပိုကြည့်ကောင်းပြီး ကြာရှည်ခံမယ့် မိတ်ကပ်လိမ်းခြယ်တဲ့ နည်းလမ်းတွေကို တင်ဆက်ပေးခဲ့ပါတယ်။ ပျိုမေတို့အနေနဲ့လည်း ကိုရီးယားမင်းသမီးလေးတွေလို လှပစေဖို့ မြစ်မခ page ကနေ ပျိုမေတို့ဆီကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

၁။ အစိုဓာတ်ရှိတဲ့ Sponge(မိတ်ကပ်လိမ်း ရေမြှပ်) ကိုသုံးပါ။

အောက်ခံမိတ်ကပ်လိမ်းတဲ့နေရာမှာ အစိုဓာတ်ပါတဲ့ Sponge လေးကို သုံးကြည့်ပါ။ လုပ်ပုံလုပ်နည်းကတော့ မိတ်ကပ်လိမ်းခါနီးကျရင် ကိုယ်သုံးမယ့် Sponge လေးကို ရေဆွတ်ပြီး အသုံးပြုတဲ့အခါရေမထွက်စေဖို့ လက်နဲ့ ကြိုတင်ပြီး ညှစ်ထားရမှာပါ။ BB cream နဲ့ အောက်ခံမိတ်ကပ်တို့ကို တစ်ဝက်စီရောပြီး Sponge လေးကို သုံးပေးပြီး လက်ကလေးနဲ့ ပုတ်ပုတ်ပြီးလိမ်းပေးလိုက်ပါ။ ခြောက်သွေ့တဲ့ အသားအရေတွေအတွက်တော့ အကြိမ်များများလေး ပုတ်ပေးဖို့ လိုမှာပါ။ Sponge လေးကိုသုံးပြီး အကြိမ်ကြိမ်ပုတ်လိမ်းပေးခြင်းအားဖြင့် မိတ်ကပ်ကို အသားအရေထဲ စိမ့်ဝင်စေမှာပါ။

၂။ မျက်လုံးတစ်ဝိုက် ကို မိတ်ကပ် ပါးပါးလေးပဲ လိမ်းပါ။

မျက်လုံးတစ်ဝိုက်ကို အောက်ခံမိတ်ကပ် အများကြီးမလိမ်းမိဖို့တော့ သတိထားပေးပါနော်။ မျက်လုံးတစ်ဝိုက်နဲ့ နှာခေါင်းနားမှာ မိတ်ကပ်လိမ်းလိုက်မယ်ဆိုရင် အလွယ်တကူခြောက်သွားပြီး မိတ်ကပ်တွေ မညီမညာဖြစ်တာ၊ မိတ်ကပ်ကွက်တာတွေ ဖြစ်တတ်ပါတယ်။ မျက်လုံးတစ်ဝိုက်နဲ့ နှာခေါင်းနားက အမာရွတ်တွေ၊ အသားမညီတာတွေမပေါ်အောင် မိတ်ကပ်နဲ့ ဖုံးချင်တယ်ဆိုရင်လည်း အောက်ခံမိတ်ကပ်အထူကြီးတော့ မလိမ်းသင့်ပါဘူး။

၃။ ဆေးခြယ်သလို မသုတ်လိမ်းပါနဲ့ ပုတ်ပြီးလိမ်းပါ။

အောက်ခံမိတ်ကပ်လိမ်းဖို့ ဘရှက်ရှ်(Brush) ကိုသုံးတဲ့အခါမှာလည်း ဆေးခြယ်သလို ပုံစံမျိုးနဲ့ မလိမ်းဘဲ မျက်နှာကို ဘရက်ရှ်လေးနဲ့ ပုတ်ပုတ်ပြီးတော့ပဲ လိမ်းပေးရမှာပါ။ ဘရှက်ရ်ကိုသုံးပြီး မိတ်ကပ်တွေကို မျက်နှာပေါ်မှာ ဆေးခြယ်သလိုခြယ်လိုက်မယ်ဆိုရင် မျက်နှာမှာ မိတ်ကပ်အစင်းအရာကျန်ခဲ့ပြီး မိတ်ကပ်မညီတာတွေ ဖြစ်စေပါတယ်။

၎။ Highlight လုပ်ဖို့မမေ့ပါနဲ့။

မျက်နှာပေါ်က အလှကို ပိုမိုပေါ်လွင်စေဖို့ ပါးရိုးချမယ်၊ နှာတံပေါ်အောင် လုပ်မယ် စသည်တဲ့နည်းတွေနဲ့ Contouring လုပ်ခြင်းဟာ အရေးကြီးပေမယ့် မျက်နှာလေး လင်းသွားအောင်၊ ပိုပြီး ပေါ်သွားအောင် highlighting လုပ်ဖို့ကလည်း အရေးကြီးပါတယ်။ Contouring လုပ်ဖို့ အညိုရင့်ကိုရွေးချယ်ထားတယ်ဆိုရင်
highlight လုပ်ဖို့အတွက် ပိုပြီး လင်းတဲ့အရောင်တွေကို ရွေးချယ်ဖို့လိုအပ်ပါတယ်။ ဒါမှ
မျက်နှာအလှကို ပိုပေါ်လွင်စေမှာ ဖြစ်ပါတယ်။ ပါးရိုး နဖူးနဲ့ နှာတံ တို့မှာ
Highlight လုပ်ဖို့ မမေ့ပါနဲ့။

၅။ အသားအရေနီမြန်းသူတွေက အစိမ်းရောင် Concealer ကိုသုံးပါ။

တကယ်လို့ ပါးနှစ်ဖက်နဲ့ မျက်နှာအသားအရေတွေဟာ နီမြန်းနေတယ်ဆိုရင် အစိမ်းရောင်သန်းတဲ့ concealer ကို ရွေးချယ်နိုင်ပါတယ်။ အောက်ခံမိတ်ကပ်မလိမ်းခင် နီမြန်းနေတဲ့နေရာတွေကို အစိမ်းရောင် concealer နဲ့ ဖုံးကွယ်ထားနိုင်ပါတယ်။ သူက မျက်နှာနီမြန်းတာတွေကို လျော့ကျစေပြီး
အောက်ခံမိတ်ကပ်နဲ့လည်း တစ်ထပ်တည်းကျစေပါတယ်။

၆။ အောက်ခံမိတ်ကပ်ကို Facial Oil နဲ့ရောပြီး လိမ်းပါ။

ခြောက်သွေ့တဲ့အသားအရေအတွက် Facial Oil ကို အောက်ခံမိတ်ကပ်နဲ့ တွဲသုံးခြင်းက နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ Facial Oil တစ်စက်နှစ်စက်ကို အောက်ခံမိတ်ကပ်ထဲရောလိမ်းခြင်းက မိတ်ကပ်လိမ်းတဲ့အခါ ပိုပြီးအဆင်ပြေစေပါတယ်။ တစ်နေ့ကုန် မိတ်ကပ်တွေကို ညီနေစေဖို့ ခရီးဆောင် Facial Oil ဗူးလေးကို ဆောင်ထားပြီး လိုအပ်တဲ့အခါတိုင်း ထုတ်သုံးနိုင်ပါတယ်။ ဒီလို လမ်းပေးခြင်းအားဖြင့် အသားအရေ ခြောက်သွေ့ခြင်းနဲ့ ကွဲအက်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

Reff :

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …