Thursday , November 1 2018
Home / သတင်း / ခရီးသွားလာရေးသတင်း / မင်းလှမြို့နယ်အတွင်း သဘာဝအတိုင်းထားရှိမည့် မုက္ခာရေတံခွန်ဆင်စခန်းဖွင့်လှစ်

မင်းလှမြို့နယ်အတွင်း သဘာဝအတိုင်းထားရှိမည့် မုက္ခာရေတံခွန်ဆင်စခန်းဖွင့်လှစ်

သီဟလွင် (မြစ်မခ)

မင်းလှ၊ ဇန်နဝါရီ ၅ ရက်။

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) မင်းလှမြို့နယ်၊ စိန်ကန့်လန့်ကျေးရွာအနီး ပဲခူးရိုးမအစပ်တွင် သဘာဝ အတိုင်း ထားရှိမည့် ဆင်များကို လေ့လာနိုင်သည့် မုက္ခာရေတံခွန်ဆင်စခန်းကို ဇန်နဝါရီ ၄ ရက်က စတင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း အဆိုပါ ဆင်စခန်းမှ သိရှိရသည်။

ယင်းဆင်စခန်း၌ သစ်လုပ်ငန်းမှ ရပ်နားထားသည့် ဆင်များသည် နိုင်ငံတော်ဘဏ္ဍာအတွက် တစ်ဖက်တစ်လမ်း က ရှာဖွေပေးခြင်း၊ ပြည်သူများကလည်း ဆင်များကို ချစ်ခင်လာပြီး တောဆင်ရိုင်းများသတ်ဖြတ်ခံရခြင်းက ဝိုင်း ဝန်းကာကွယ်လာစေခြင်းအပါအဝင် ဆင်များ၏ တောနေသဘာဝများကို သိရှိနိုင်လာစေရန် ဖွင့်လှစ်ရခြင်းဖြစ် ကြောင်း သိရသည်။

“ဆင်စခန်းမဖွင့်ခင်က ဒီနေရာက ရေတံခွန်ဆိုတော့ ဆည်ရေပိုလွှဲက ထွက်လာတဲ့ရေက သူသဘာဝအတိုင်း ကျောက်ဆောင်လေးတွေအပေါ်မှာ စီးလာတဲ့အခါမှာ အရိပ်အာဝါသကောင်းတာကြောင့် လူတွေက ခဏလာ နားခိုတာ အစားအသောက်ယူဆောင်လာပြီး နားနေတာမျိုးလုပ်ခဲ့ဖူးတယ်။ ယခင်ဆင်စခန်းများကဲ့သို့ ဆင်တွေ ရဲ့ သဘောသဘာဝတွေကို သိရှိဖို့စေဖို့ ရည်ရွယ်ဖွင့်လှစ်တာပါ။”ဟု ပဲခူးတိုင်းဒေသကြီး သစ်လုပ်ငန်းမှ ဒုတိယ အထွေထွေ မန်နေဂျာ ဦးထွန်းထွန်းဦးက ပြောသည်။

အဆိုပါ ဆင်စခန်းသည် မင်းလှမြို့နယ်အတွင်းရှိကာ ရန်ကုန်-ပြည်ကားလမ်းမှတောအတွင်းသို့ (၈)မိုင်ခန့်ဝင်ရ ပြီး မုက္ခာရေတံခွန်အပါအဝင် အရိပ်ကောင်းသော ဝါးတောများနှင့် အပျော်တမ်း ဆင်စီးနိုင်သည့် သဘာဝတော လမ်းများလည်းရှိကြောင်း သိရသည်။

“သဘာဝအတိုင်းလွှတ်ထားတဲ့ ဆင်တွေကို မြင်ရကြည့်ခွင့်ရတာ ချည်ထားတဲ့ထက် ဆင်ထက် ပိုပြီးကြည့်ရ ကောင်းတာပေါ့။ သဘာဝတောကြီးထဲမှာ ဆိုတော့ အပန်းဖြေသွားလို့လဲရတယ်။ ဒါပေမဲ့  လာကြည့်သူတွေ အတွက် လုံခြုံရေးဘယ်လိုဆောင်ရွက်ထားမလဲ ဘယ်လောက်အထိအကာအကွယ်ပေးနိုင်မလဲဆိုတာကိုတော့ နည်းနည်းစိုးရိမ်မိတယ်။ ဆင်တွေက ဒေါသထွက်လာရင် အရမ်းကြောက်စရာကောင်းတယ်။”ဟု ဆင်စခန်းသို့ ရန်ကုန်မြို့မှလာရောက်သူ ကိုအောင်က ပြောသည်။

အဆိုပါ ဆင်စခန်းတွင်ဆင် (၁၃) ကောင်ထားရှိပြီး ဝင်ကြေးတစ်ဦးလျှင် မြန်မာနိုင်ငံသား (၅၀၀)ကျပ်၊ နိုင်ငံခြားသား (၂၀၀၀) ကျပ်ဖြစ်ပြီး အပျော်တန်းဆင်စီးလိုပါက တစ်ဦးလျှင် မြန်မာနိုင်ငံသား(၂၀၀၀)ကျပ်နှင့် နိုင်ငံခြားသား (၂၀၀၀၀) ကျပ် ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

 

Check Also

ကျောက်ဖြူမြို့တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ တိုးချဲ့လုပ်သော်လည်း ဧည့်ဝင်ရောက်မှုနည်းပါးနေ

  အာရကန်ကိုကို (မြစ်မခ) ကျောက်ဖြူ၊ ဇွန် ၃၀ ရက်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာကြသော်လည်း  ဧည့် သည်ဝင်ရောက်မှုနည်းပါးနေခြင်းကြောင့် လုပ်ငန်းများ …