Thursday , November 1 2018
Home / FNews / မြနန်းစံကျော် ရွှေနန်းတော်ကို အာရှနိုင်​ငံများမှ ဧည့်သည်များ အများဆုံး လာရောက်​လေ့လာ

မြနန်းစံကျော် ရွှေနန်းတော်ကို အာရှနိုင်​ငံများမှ ဧည့်သည်များ အများဆုံး လာရောက်​လေ့လာ

မင်းခန့်​ (မြစ်​မခ)

မန္တလေး၊ ဇွန်​ ၁၃ ရက်။

မန္တလေးမြို့ရှိ မြနန်းစံကျော်ရွှေနန်းတော်သို့ ပြည်တွင်းပြည်ပမှ ဧည့်​သည်​များ လာရောက်လည်ပတ်လေ့လာ လျှက်ရှိရာ အာရှနိုင်​ငံများမှ ဧည့်သည်များ အများဆုံး လာရောက်လည်​ပတ်​​မှုများကြောင်း သိရှိရသည်​။

၂၀၁၇ ခုနှစ်​အတွင်း မြနန်းစံကျော်ရွှေနန်းတော်သို့ တစ်​ရက်​လျှင် ပြည်​တွင်း ပြည်​ပ ဧည့်​သည်​(၂၀၀)နီးပါးလာ ရောက်လည်ပတ်လျှက်ရှိပြီး တစ်​လလျှင် ပြည်ပနိုင်ငံသား(၁၅၀)ခန့် လာရောက်လည်ပတ်ကြသည့် အနက် အာရှနိုင်​ငံများမှ ဧည့်​သည်​မှာ (၁၀၀)ဝန်းကျင်​အထိပါဝင်ကြောင်း သိရသည်။

“မြနန်းစံကျော်ရွှေနန်းတော်မှာ ဆိုရင် ဒီနှစ်​မှာ အရင်နှစ်တွေထက် ပြည်တွင်းပြည်ပဧည့်သည်တွေ လာရောက် တာ တဖြည်းဖြည်းများလာတယ်။ အာရှနိုင်​ငံသား​တွေ အများဆုံးလာတယ်။ ဒီမြနန်းစံ​ကျော်​ကို ရှင်လောင်းအဖွဲ့ တွေလည်း လာကြတယ်။”ဟု ရှေး​ဟောင်း ယဉ်​​ကျေးမှုဦးစီးဌာန၊ မြနန်းစံ​ကျော်​ရွှေနန်းတော်စီမံဌာနမှ ဗိုလ်ကြီးမြင့်ဇော်​က ​ပြောသည်​။

မြနန်းစံကျော်ရွှေနန်းတော်ကို ၁၉၉၆ ခုနှစ်​ စက်​တင်​ဘာ  ၁၈ ရက်​​တွင်​ စတင်​ဖွင့်​လှစ်​ခဲ့ကာ နိုင်ငံခြားသား ဧည့်သည်များ ဝင်​​ရောက်လေ့လာလိုပါက တစ်ဦးလျှင် မြန်​မာကျပ်​​ငွေတစ်သောင်းသတ်မှတ်ထားပြီး ပြည်တွင်း သွားများမှာ တစ်ဦးလျှင် ၂၀၀ ကျပ် ပေးရကြောင်း သိရသည်။

မန္တလေးရတနာပုံ မင်းနေပြည်တော်ကြီးကို ပထမဘဝရှင် မင်းတုန်းမင်းတရားကြီးက မြန်မာသက္ကရာဇ် ၁၂၂၁ ခု နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ခရစ်​နှစ်​ ၁၈၈၅ ခုနှစ်​ နိုဝင်​ဘာ ၂၉ ရက်​တွင် အင်္ဂလိပ်​နယ်​ချဲ့များက မန္တလေး မြို့ကိုသိမ်းယူခဲ့ပြီး တပ်​စွဲခဲ့သည်​။

၁၉၄၂ ခုနှစ်​တွင် ဂျပန်​တပ်​များဝင်​လာပြီးနောက်​ ဗုံးဒဏ်​များခံခဲ့ရပြီး နန်းမြို့ရိုး၊ ပြသာဒ်​ကြီးနှင့်​ ပလ္လင် အချို့ကျန်​ခဲ့ကာ ၁၉၄၅ ခုနှစ်​ မတ်​လတွင်​ မဟာမိတ်​တပ်​များ ထပ်​မံဝင်​ရောက်လာပြီး ဗုံးဒဏ်​ခံခဲ့ရသဖြင့် ပြာပုံအဖြစ်​သို့ ​ရောက်​ရှိလာသည်​။

၁၉၈၉ ခုနှစ် အောက်​တိုဘာလ နောက်​ပိုင်းတွင် ရှေးယခင်​က ​ပေပရပိုဒ်​နှင့်​ သမိုင်းမှတ်​တမ်းအ​ထောက်အထား များ စု​ဆောင်းကာ နောက်ဆုံးမင်းဆက် သီပေါမင်းလက်​ထက်​အ​နေအထားအတိုင်း နန်း​ဆောင်​(၁၁၄)ဆောင်ရှိ သည့်​အနက်​ အဓိကကျသည့်​နန်း​ဆောင်​(၈၉)​ဆောင်​ကို (၆)နှစ်​ကြာ ပြန်​လည်​တည်​​ဆောက်ခဲ့သည်။

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …