Thursday , November 1 2018
Home / သတင်း / နည်းပညာသတင်း / ဒစ်ဂျစ်တယ်နည်းပညာများကို ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရန် Microsoft ကုမ္ပဏီနှင့် ဆွေးနွေးနေ

ဒစ်ဂျစ်တယ်နည်းပညာများကို ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရန် Microsoft ကုမ္ပဏီနှင့် ဆွေးနွေးနေ

ယမုံ (မြစ်မခ)

ရန်ကုန်၊ နိုဝင်ဘာ ၉ ရက်။

မူပိုင်ခွင့်ဥပဒေ (IP Law) ထွက်ရှိလာပါက ဒစ်ဂျစ်တယ်နည်းပညာများကို ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲ နိုင်ရန် အမေရိကန်အခြေစိုက် Microsoft ကုမ္ပဏီနှင့် ဆွေးနွေးမှုပြုလုပ်နေကြောင်း မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ သိရှိရသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၌ နိုဝင်ဘာ(၈)ရက်က ကျင်းပသည့် Digital Transformation Summit” ပွဲ ပြုလုပ်ခဲ့ရာ ဟု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာ အောင်သိန်းက ပြောသည်။

“အဓိကတော့ SME လုပ်ငန်းတွေ Microsoft ရဲ့ ဆောဖ်ဝဲလိုင်စင်တွေကို ဈေးသက်သက်သာသာနဲ့  တရားဝင် အသုံးပြုလို့နိုင်အောင်ပါ။ ဒါလည်း အရေးကြီးပါတယ်။ IP Law ထွက်လာတဲ့အခါ ဒီဆော့ဖ်ဝဲတွေကို အဆင်ပြေ သလို သုံးနေတဲ့အနေအထားက နောက်ပိုင်း ရတော့မှာ မဟုတ်ဘူး။ အဲ့ဒီအခါကြရင် တရားဝင်ဆော့ဖ်ဝဲတွေကို တရားဝင်လိုင်စင်နဲ့ ဝယ်ယူသုံးစွဲရမဲ့ အနေအထားဖြစ်ပါတယ်။ အဲ့ဒီအခါ ကျွန်တော်တို့ SME တွေ တရားဝင် သက်သက်သာသာနဲ့ သုံးစွဲနိုင်အောင် အဓိကတော့ SME ကော်မတီနဲ့ USITC ကော်မတီ ဆွေးနွေးနေပါတယ်။” ဟု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာ အောင်သိန်းက ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ ဒီဂျစ်တယ်နည်းပညာကို ဝယ်ယူသုံးစွဲသူမရှိသေးသော်လည်း IP Law ပြဌာန်း ပြီးပါက တရားဝင်ဝယ်ယူသုံးစွဲရမည်ဖြစ်၍ အရံသင့်ဖြစ်ပေါ်နိုင်ရန် ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

“ဒါက နှစ်မျိုးရှိတယ်။ နံပါတ်တစ်က ဒစ်ဂျစ်တယ်သွားရင် ရုတ်တရက်စဉ်းစားတာက ပိုက်ဆံကုန်မှာလို့ ထင်ကြ တယ်။ ဥပမာ မိုဘိုင်းဖုန်းတစ်လုံးရှိတာနဲ့ ဒီဂျစ်တယ် သွားလို့ရပြီ။ viber ကနေ စာပို့လို့ရတယ်။ ဆော့ဖ်ဝဲကနေ တဆင့် ဒေါင်းလော့လုပ်လို့ရတယ်။ စာတိုပို့လို့ရတယ်။ စကားပြောဖို့အတွက်လည်း ဖုန်းဝယ်ရတဲ့အတွက် အမျိုး အစားကောင်းတာဝယ်ပြီး လုပ်ငန်းတွေ ဆောင်ရွက်နိုင်တဲ့အတွက် ကုန်ကျစရိတ်တွေ လျော့လာမယ်။ ဒါရှိလို့ ဝန်ထမ်းလျော့ရင် ရတယ်။ အဲ့လိုမလုပ်ချင်ရင်လည်း ဒီထက်ပိုကောင်း ဘယ်လိုလုပ်မလည်းဆို တာရရှိမယ်။ ဒါကြောင့် အသေးစားလုပ်ငန်းတွေအနေနဲ့ ကိုယ်နဲ့အဆင်ပြေတဲ့ ဒစ်ဂျစ်တယ်နည်းပညာ ပြောင်းလဲအသုံး ပြု မယ်ဆိုရင် အရမ်းမမြတ်တောင် အရှုံးမရှိနိုင်ပါဘူး။” ဟု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသောင်းတင်က ပြောသည်။

US နည်းပညာကုမ္ပဏီများမှ မြန်မာနိုင်ငံတွင် ကုန်ကျစရိတ်များပြားသည့် နည်းအမှားများကို ရှောင်ရှား လျက် စီးပွားရေး လုပ်ငန်းအား ဒီဂျစ်တယ်စနစ် အသွင်ပြောင်းလဲရေးကို အထောက်အကူဖြစ်စေနိုင်သည့် သက်ဆိုင်ရာ နည်းပညာများနှင့် အဆင့်များကို မျှဝေသွားမည်ဖြစ်ကြောင်း သိရသည်။

စီးပွားရေးလုပ်ငန်းများတွင် ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုခြင်းဖြင့် နိုင်ငံတော်တွင် ငွေခွန်များ ယခုထက် ပိုမိုရရှိလာနိုင်ကြောင်း ယင်းဆွေးနွေးပွဲတက်ရောက်လာသူများထံမှ သိရသည်။

Check Also

မြန်မာနိုင်ငံတွင်ပထမဆုံး အမှိုက်မှ လျှပ်စစ်ထုတ်လုပ်သည့် စက်ရုံ ရန်ကုန်တွင် ဖွင့်လှစ်

ပိုင်ထက် (မြစ်မခ) ရန်ကုန်၊ ဧပြီ (၇)ရက်။ မြန်မာနိုင်ငံတွင် ပထမဆုံး အမှိုက်မှ လျှပ်စစ်ထုတ်လုပ်သည့် စက်ရုံကို ဧပြီ ၇ ရက်က ရန်ကုန်မြို့ ရွှေပြည်သာ …