Thursday , November 1 2018
Home / FNews / မေလထဲမှာ မြန်မာနိုင်ငံကို လာရောက်ပြီး ခြေစမ်းပွဲ ကစားဖို့ အတည်ပြုခဲ့တဲ့ Leed united ဘောလုံးအသင်းကို ဗြိတိသျှရိုဟင်ဂျာအသိုင်းအ၀ိုင်း(UK) က ပြင်းပြင်းထန်ထန်ဝေဖန်

မေလထဲမှာ မြန်မာနိုင်ငံကို လာရောက်ပြီး ခြေစမ်းပွဲ ကစားဖို့ အတည်ပြုခဲ့တဲ့ Leed united ဘောလုံးအသင်းကို ဗြိတိသျှရိုဟင်ဂျာအသိုင်းအ၀ိုင်း(UK) က ပြင်းပြင်းထန်ထန်ဝေဖန်

 

အင်္ဂလိပ် ချန်ပီယံဘောလုံး အသင်းတစ်သင်းဖြစ်တဲ့ Leed United အသင်းဟာ သူတို့ရဲ့ ရာသီကြို ဘောလုံးပွဲစဉ်အတွက် မြန်မာနိုင်ငံကို လာရောက်မယ့် အစီအစဉ်အပေါ် ဗြိတိသျှရိုဟင်ဂျာ အသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ Leed United အသင်းဟာ  မေလ ၉ ရက်နေ့မှာ မြန်မာ နေရှင်နယ်လိဂ် အသင်းနဲ့ ကစားမှာဖြစ်ပြီး မေလ ၁၁ ရက်နေ့မှာတော့ မြန်မာလက်ရွေးစင်ဘောလုံးအသင်းနဲ့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ သူတို့အသင်းအနေနဲ့ မြန်မာကစားများနဲ့လည်း ရင်းရင်းနှီးနှီး တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။ နောက်တစ်ဆင့်အနေနဲ့ ကတော့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်နဲ့အတူ ရန်ကုန်နဲ့ မန္တလေး မြို့တွေကို လည်ပတ်ကြဖို့လဲ စီစဉ်ထားပါတယ်။ 

ဒါပေမယ့် ဗြိတိသျှရိုဟင်ဂျာ အသိုင်းအဝိုင်းကတော့ ဒီအစီအစဉ်နဲ့ ပက်သက်ပြီး Leeds United အသင်းဟာ ရိုဟင်ဂျာကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေရဲ့သွေးတွေပေကျံနေတဲ့ မြန်မာနိုင်ငံကိုသွားမယ်လို့ ကြံရွယ်ခြင်းဟာ သိက္ခာကျဆင်းစေတဲ့ လုပ်ရပ်ဖြစ်တယ် ဆိုပြီး စွပ်စွဲပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့လပိုင်းလောက်က မြန်မာနိုင်ငံတပ်မတော်နဲ့ ရိုဟင်ဂျာ လူမျိုးတွေကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပက်သက်ပြီး နိုင်ငံတကာက လူမျိုးတုန်းသတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

“ဒီလိုမျိုး ရိုဟင်ဂျာကလေးတွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေရဲ့ သွေးတွေပေနေတဲ့ မြေမှာကန်ရမယ်ဆိုတာ Leeds United အသင်းအတွက်အရမ်းကို သိက္ခာကျပါတယ်” လို့ ဗြိတိသျှရိုဟင်ဂျာ အသိုင်းအဝိုင်းကပြောထားပါတယ်။ Leeds United ဘောလုံးအသင်းရဲ့ လူမှုကွန်ရက် စာမျက်နှာ ကို ဝင်ကြည့်ပြီး သူတို့ ဘယ်လောက်တောင် မနှစ်မြို့ဖွယ် ကောင်းတာကိုလုပ်ပါနေလဲ ပေးသိလိုက်ကြပါလို့လည်း ဗြိတိသျှရိုဟင်ဂျာ အသိုင်းအ၀ိုင်းက တိုက်တွန်းခဲ့ပြီး လိုအပ်လာရင်တော့ လိယူနိုက်တတ်ဘောလုံးအသင်းရဲ့ ဘုတ်အဖွဲ့ကို ဆန္ဒပြမှာပါလို့လဲ ထပ်မံပြောကြားခဲ့ပါသေးတယ်။

ဒီခရီးစဉ်ဟာ မသင့်တော်တဲ့ နိုင်ငံကို ရွေးချယ်သွားတဲ့ ခရီးစဉ်ဖြစ်တယ် လို့ ဗြိတိသျှအပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ ဒါရိုက်တာ Kate Allen ကပြောခဲ့ပါတယ်။ “ပြီးခဲ့တဲ့ နှစ်ကအထိမြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြအနေက ဆိုးရွားနေပြီး ရိုဟင်ဂျာ လူမျိုးထောင်ပေါင်းများစွာဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ခ်ျ နိုင်ငံဆီကို ထွက်ပြေးခဲ့ပါတယ်။ လူအနည်းစုသာ လူတန်းစား ခွဲခြားတဲ့ စနစ်အောက်မှာ ကျန်နေခဲ့တာပါ။ မြန်မာ အာဏာပိုင်တွေကတော့ နိုင်ငံတကာက သတိပေးသံတွေကို ဂရုမစိုက်ပဲ ဒီလူမဆန်တဲ့ နှိမ်နင်းရေးကြီးကို ဆက်လုပ်နေပါတယ်။  ဒီလိုမျိုးကစားပွဲတွေ ပြုလုပ်လိုက်တာက တိုင်းပြည်ရဲ့လူ့အခွင့်အရေးနဲ့ ပက်သက်တဲ့ အစွန်းအထင်းကို အားကစားနဲ့ ပြန်ဆေးဖို့လုပ်တဲ့ ဈေးပေါတဲ့နည်းတစ်နည်းပါပဲ။ ကျွန်မတို့ကတော့ Leeds United ကို ဘယ်လိုလုပ်သင့်တယ် မလုပ်သင့်ဘူးလို့ ပြောနေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအစီအစဉ်ကို ရှေ့ဆက်နေမယ်ဆိုရင်တော့ ဒီအသင်းအနေနဲ့ နေရပ်စွန့်ခွါ ထွက်ပြေးနေရသူတွေ၊ လူမဆန်မှုတွေကြောင့် ဒုက္ခရောက်နေတဲ့ လူတွေနဲ့ ပက်သက်ပြီး ဖိနိပ်မှုတွေကို အသဆုံးသတ်စေဖို့ မြန်မာ အာဏာပိုင်တွေကို တွန်းအားပေးသင့်ပါတယ်။” လို့သူမက ထပ်မံပြောကြားခဲ့ပါတယ်။

Leeds United အနေနဲ့ကတော့ ဒီလိုတုံ့ပြန်မှုက အရမ်းစိတ်ပျက်ဖို့ကောင်းကြောင်း နဲ့ ဒီခရီးစဉ်ဟာ နိုင်ငံရေးခရီးစဉ် မဟုတ်ကြောင်းတုံ့ပြန်ပြောဆိုခဲ့ပါတယ်။ “ ကျွန်တော်တို့ သွားမယ့် နေရာ ၂ ခုလုံးက နိုင်ငံရေးပြသာနာတွေထဲ မပါဘဲ ခရီးသွားလာဖို့ လုံခြုံတယ်လို့ ထင်ပါတယ်။ အခု ကမ္ဘာ့ မီဒီယာ အသီးသီးမှာဖော်ပြနေတဲ့ ဒေသဟာ မြန်မာနိုင်ငံအနောက်ပိုင်းမှာ တည်ရှိတာပါ။ ပြီးတော့ နိုင်ငံရေး အမြင်နဲ့ကြည့်မယ်ဆိုရင်လဲ အသင်းဟာ မြန်မာနိုင်ငံကို သွားလည်တဲ့ နိုင်ငံရေးဆိုင်ရာ အစိုးရအဖွဲ့ လဲမဟုတ်ပါဘူး။” လို့ Leeds United အသင်းက ပြောထားပါတယ်။ အစိုးရဲ့ ထိန်းချုပ်မှုမရှိဘဲ ဖီဖာရဲ့ စည်းမျဉ်းစည်းကမ်းတွေ အောက်မှာ ဘောလုံးအသင်းတွေဟာ လွတ်လွတ်လပ်လပ် ကစားသွားကြမှာပါလို့လည်း လိဒ် ယူနိုက်တတ်အသင်းက ဆိုပါတ။ “ဒီခရီးစဉ်က Leeds United အသင်းအတွက် ခရီးသွားတဲ့ အတွေ့အကြုံတွေအပြင် လူမှုပတ်ဝန်းကျင်အသစ်တွေနဲ့ပါ ပြောဆိုဆက်ဆံနိုင်တဲ့ အခွင့်အရေးရမှာ ဖြစ်ပါတယ်။” လို့ လိယူနိုက်တတ်အသင်းက ပြောဆိုထားပြီး ဒီခရီးစဉ်ဟာ သူတို့အတွက် အန္တရာယ် တစ်စုံတစ်ရာမရှိတဲ့ ခရီးစဉ်ဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။ လိဒ်ယူနိုက်တတ်ရဲ့ အသင်းပိုင်ရှင် Radrizzani ကလည်း မြန်မာနိုင်ငံမှာ ချစ်ကြည်ရေးပွဲ သွားရောက်ကစားမယ့် ကိစ္စနဲ့ ပတ်သတ်ပြီး ဝေဖန်မှုတွေကို “သုံးစားမရတဲ့ အတွေးတွေ” ပါ ဆိုပြီး ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။

Reff :

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …