Thursday , November 1 2018
Home / FNews / အမျိုးသမီးဘောလုံးအသင်းကို စတင်ဖွဲ့စည့်တော့မယ့် မန်ချက်စတာယူနိုက်ဘောလုံးအသင်း

အမျိုးသမီးဘောလုံးအသင်းကို စတင်ဖွဲ့စည့်တော့မယ့် မန်ချက်စတာယူနိုက်ဘောလုံးအသင်း

 

မန်ချက်စတာယူနိုက်တတ်ဘောလုံးအသင်းဟာ ရှေးပဝေသဏီကတည်းက အောင်မြင်ကျော်ကြားခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပေမယ့် ပရော်ဖက်ရှင်နယ်ကန်တဲ့ အမျိုးသမီးဘောလုံးအသင်းတော့ လက်ရှိအချိန်အထိ မရှိသေးပါဘူး။ ဒါကြောင့် အသင်းတာဝန်ရှိသူတွေဟာ ပရော်ဖက်ရှင်နယ် အမျိုးသမီးဘောလုံးအသင်းကို မကြာခင်ဖွဲ့စည်းတော့မှာ ဖြစ်ပါတယ်။ ဒီလိုဖွဲ့စည်းဖို့ ဘောလုံးအဖွဲ့ချုပ်ကိုလည်း ခွင့်ပြုချက်တောင်းထားပြီဖြစ်ပါတယ်။

အမျိုးသမီးပွဲစဉ်တွေမှာ ပါဝင်ခြင်းမရှိတဲ့အတွက် ယူနိုက်တတ်ဟာ ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရပေမယ့် ကျန်ခဲ့တဲ့လအနည်းငယ်အတွင်းမှာတော့ အမျိုးသမီးအသင်းကို စတင်ဖွဲ့စည်းဖို့ တာဝန်ရှိသူတွေက ကြိုးပမ်းခဲ့ကြပါတယ်။ ဘောလုံးအဖွဲ့ချုပ်ဟာ ပထမဦးဆုံးအကြိမ်အဖြစ် စူပါလိဂ်အုပ်စုပွဲစဉ်တွေကို ပြန်လည်သတ်မှတ်ကာ ဖွဲ့စည်းပုံကို လုံးဝပြောင်းလဲလိုက်တာကြောင့်လည်း ယူနိုက်တတ်ဟာ အမျိုးသမီးဘောလုံးအသင်းကို ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဘောလုံးအဖွဲ့ချုပ်ဟာ အမျိုးသမီးဘောလုံးအသင်းဖွဲ့စည်းဖို့ယူနိုက်တတ်ရဲ့ တောင်းခံမှုကို ခွင့်ပြုခဲ့မယ်ဆိုရင်တော့ ယူနိုက်တတ်အမျိုးသမီးဘောလုံးအသင်းဟာ အုပ်စု ၂ မှာ ၀င်ရောက်ယှဉ်ပြိုင်ရမှာပါ။ သူတို့ဟာ ကစားသမားတွေကို လေ့ကျင့်ရေးကွင်းဟောင်း The Cliff မှာ လေ့ကျင့်ပေးမှာဖြစ်ပါတယ်။ ယူနိုက်တတ်ရဲ့ ပြိုင်ဖက်အသင်းတွေဟာ ပရော်ဖက်ရှင်နယ်အမျိုးသမီးဘောလုံးအသင်းတွေ ကိုယ်စီရှိနေကြချိန်မှာ ယူနိုက်တတ်တစ်သင်းတည်းမှာသာ စီနီယာ အမျိုးသမီးဘောလုံးအသင်းမရှိသေးတာဖြစ်ပါတယ်။

ယူနိုက်တတ်အသင်းမှာ မှတ်ပုံတင်ထားတဲ့ အငယ်တန်းအမျိုးသမီးဘောလုံးကစားသမား ၈၅ ယောက်ရှိပြီး အရင်တစ်ပတ် FA ဖလား ဆီမီးဖိုင်နယ်ပွဲမှာ Reading အသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။ အမျိုးသမီးဘောလုံးအသင်းကို ဖွဲ့စည်းပြီး လိဂ်ဖလား အုပ်စု ၂ မှာ ၀င်ရောက်ယှဉ်ပြိုင်တော့မှာဖြစ်တာကြောင့် ကျေနပ်မိပါတယ်လို့ စီမံခန့်ခွဲရေး ဒုတိယဥက္ကဌဖြစ်သူ Ed Woodward ကပြောခဲ့ပါတယ်။

အသင်းဖွဲ့စည်းတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ဘောလုံးအဖွဲ့ချုပ်က ထောက်ပံ့မှု အပြည့်အ၀ပေးထားပြီး အုပ်စု ၂ မှာ ၀င်ရောက်ယှဉ်ပြိုင်ခြင်းဟာ ဒေသကလပ်က ထူးချွန်တဲ့ အမျိုးသမီးတွေအနေနဲ့ ဦးစားပေးကလပ်အသင်းမှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်မယ့် အခွင့်အရေးကို ရရှိမှာ ဖြစ်ပါတယ်။ ယူနိုက်တတ်ရဲ့ နောက်ခံကစားသမားဟောင်းတစ်ဦးဖြစ်ပြီး အင်္ဂလန်အမျိုးသမီးဘောလုံးအသင်းရဲ့ နည်းပြတာဝန်ကိုထမ်းဆာင်နေသူ Phil Neville ကလည်း အမျိုးသမီးဘောလုံးအသင်းဖွဲ့စည်းဖို့ ယူနိုက်တတ်ရဲ့ တ၀န်ရှိသူတွေကို တွန်းအားပေးသွားမယ်လို့ ပြောခဲ့ပါတယ်။ အမျိုးသမီးဘောလုံးအသင်းတွေကို စပါးအသင်းဟာ ၁၉၈၅ ခုနှစ်၊ အာဆင်နယ်အသင်းက ၁၉၈၇ ခုနှစ်၊ မန်စီးတီးအသင်းက ၁၉၈၈ ခုနှစ်၊ လီပါပူးအသင်းက ၁၉၈၉ ခုနှစ်နဲ့ ချယ်လ်ဆီးအသင်းက ၁၉၉၂ ခုနှစ်တွေမှာ အသီးသီး ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်။

REF

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …