Thursday , November 1 2018
Home / FNews / မိုင်းဖုန်းဆရာတော် စေတီတည်မည့် ကွတ်ခိုင်မြို့အနီးရှိ လွိုင်ဆမ်ဆစ်တောင်ပေါ်သို့ နေ့စဉ်လူသောင်းနှင့်ချီ လာရောက်

မိုင်းဖုန်းဆရာတော် စေတီတည်မည့် ကွတ်ခိုင်မြို့အနီးရှိ လွိုင်ဆမ်ဆစ်တောင်ပေါ်သို့ နေ့စဉ်လူသောင်းနှင့်ချီ လာရောက်

 

နောင် (မြစ်မခ)

လားရှိုး၊ ဇူလိုင် ၉ ရက်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့အနီးရှိ ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၆၀၀၀)ဝန်းကျင်မြင့်သော မိုင်းဖုန်းဆရာတော် စေတီတည်ထားမည့် လွိုင်ဆမ်ဆစ်တောင်ပေါ်သို့ နေ့စဉ်လူသောင်းချီ လာရောက်လျက်ရှိ ကြောင်း သိရှိရသည်။

တောင်ပေါ်တွင်တည်ထားမည့် စေတီတော်အတွက် လိုအပ်သောပစ္စည်းများကို တောင်ပေါ်သို့ပို့ဆောင်ပေးခြင်း၊ တောင်ခြေတွင် စတုဒီသာကျွေးမွေးသူများဖြင့် များပြားစည်ကားနေကြောင်း သိရသည်။

“ကျွန်မက (၂)ခေါက်ရှိပါပြီ။ တောင်ပေါ်ကို ပထမတစ်ခေါက်မှာ စေတီတော်အတွက် သဲသယ်သွားတယ်။ အခု တစ်ခေါက်မှာတော့ သောက်ရေသန့်တစ်ဆွဲ သယ်ခဲ့တာပါ။ မောတော့ မောပါတယ်။ ဒါပေမဲ့ ကုသိုလ်က အရေး ကြီးတယ်လေ။ လပြည့်နေ့မှာလည်း ပြန်လာဖို့အစီအစဉ်ရှိပါတယ်။’’ဟု လားရှိုးမြို့မှ လာရောက်ကုသိုလ်ယူသူ နန်းရတီဆုက ပြောသည်။

အဆိုပါတောင်ပေါ်တွင် မိုင်းဖုန်းဆရာတော်နှင့် ကွတ်ခိုင်မြို့ရှိဆရာတော်က ဦးစီးကာ စေတီ(၂)ဆူနှင့် ရပ်တော် မူဘုရားတစ်ဆူ တည်ထားကိုးကွယ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က လိုအပ်တာလုပ်ဖို့အတွက် လာခဲ့တာပါ။ လှေကားထစ်လုပ်မယ်ဆိုလည်း လုပ်အားကုသိုလ်ယူ မှာပါ။ အခုတော့ တောင်ပေါ်မှာ သန့်ရှင်းရေးလုပ်ဖို့လိုအပ်တယ်ဆိုလို့ တောင်ပေါ်မှာ သန့်ရှင်းရေးလုပ်အားပေး တာပါ။’’ဟု မူဆယ်မြို့မှ လာရောက်သော စိုင်းဘကျော်က ပြောသည်။

စေတီတည်ထားမည့်နေရာသို့ တရုတ်နိုင်ငံမှ ရှမ်းလူမျိုးများ၊ အနယ်နယ်အရပ်ရပ်မှ ပြည်သူများ၊ ပရဟိတအ သင်းအဖွဲ့များ၊ ကျောင်းသားကျောင်းသူများ နေ့စဉ်လူဦးရေတစ်သောင်းဝန်းကျင်လာရောက်ကုသိုလ်ယူနေပြီး၊ နေ့စဉ်စတုဒီသာမျိုးစုံဖြင့် ဧည့်ခံသူလည်း များပြားလျက်ရှိကြောင်း သိရသည်။

Check Also

၂၀၂၂ ခုနှစ်မှာ စတင်ဖွင့်လှစ်မယ့် ပစိဖိတ်သမုဒ္ဒရာထဲက ကမ္ဘာ့ ပထမဦးဆုံး ရေပေါ်နိုင်ငံ

  ၂၀၂၂ ခုနှစ်မှာ စတင်ဖွင့်လှစ်မယ့် ပစိဖိတ်သမုဒ္ဒရာထဲက ကမ္ဘာ့ ပထမဦးဆုံး ရေပေါ်နိုင်ငံငယ်လေးမှာ ကိုယ်ပိုင်အစိုးရအဖွဲ့နဲ့ အုပ်ချုပ်မှာဖြစ်ပြီး ကိုယ်ပိုင်ငွေကြေးတွေကို သုံးစွဲမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပိုလီနီးရှားနိုင်ငံ …