Thursday , November 1 2018
Home / FNews / မိုင်းဖုန်းဆရာတော် စေတီတည်မည့် လွိုင်ဆမ်ဆစ်တောင်တွင် စုပေါင်းသန့်ရှင်းရေးနှင့် လှေကားထစ်များပြု လုပ်မည်

မိုင်းဖုန်းဆရာတော် စေတီတည်မည့် လွိုင်ဆမ်ဆစ်တောင်တွင် စုပေါင်းသန့်ရှင်းရေးနှင့် လှေကားထစ်များပြု လုပ်မည်

 

နောင်(မြစ်မခ)

လားရှိုး၊ ဇူလိုင် ၅ ရက်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့ရှိ မိုင်းဖုန်းဆရာတော် စေတီတည်ထားမည့် လွိုင်ဆမ်ဆစ်တောင်တွင် လာရောက်သူများ အတက်အဆင်း အဆင်ပြေစေရန် ရှမ်းမြောက်မှ ပရဟိတအသင်းများ စုပေါင်း သန့်ရှင်းရေး လုပ်ခြင်းနှင့် လှေကားထစ်များပြုလုပ်ပေးခြင်းကို ဇူလိုင် ၇ ရက်တွင်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

မိုင်းဖုန်းဆရာတော်စေတီတည်မည့် လွိုင်ဆမ်ဆစ်တောင်ပေါ်သို့ ကုသိုလ်ယူရန်လာရောက်သူများ အတက်အ ဆင်းအဆင်ပြေစေရန်ရည်ရွယ်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပရဟိတအသင်းများ စုပေါင်းပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

“ပထမကတော့ အမှိုက်တွေများနေလို့ အမှိုက်ရှင်းမယ်လို့ စဉ်းစားပြီးတော့လုပ်ဖို့ပါ။ မူဆယ်က ပရဟိတအသင်း ကနေပြီးတော့ အတက်အဆင်းအတွက် လှေကားထစ်လုပ်ပေးရင် ပိုအဆင်ပြေမယ်လို့ပြောလာတာနဲ့ လှေကားထစ် လုပ်ဖို့ အစီအစဉ်ဖြစ်သွားတာပါ။’’ဟု နယ်စည်းမခြားပရဟိတ(သီပေါ)အဖွဲ့မှ ကိုမျိုးက ပြောသည်။

အဆိုပါလှေကားထစ်ပြုလုပ်ခြင်း၊ အမှိုက်ကောက်ခြင်းများလုပ်ဆောင်ရန် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ပရဟိတ အသင်းများသို့လည်း အသိပေးအကြောင်းကြားထားပြီး မည်သူမဆိုလွတ်လပ်စွာလာရောက်ပါဝင်ကုသိုလ် ယူနိုင်ကြောင်း ပရဟိတအသင်းများမှ သိရသည်။

“ကျွန်တော်တို့ကတော့ တောင်ပေါ်မှာလိုအပ်တာတွေကိုလုပ်သွားမှာပါ။ လှေကားထစ်အတွက် တောင်ပေါ်ထိ ကွန်ကရစ်ခင်းဖို့ မန္တလေးက အလှူရှင်ပေါ်လာပါတယ်။ ဒါကြောင့် ကွန်ကရစ်ခင်းပေးသွားမှာဖြစ်ပါတယ်။”ဟု ကိုမျိုးကပြောသည်။

ထို့အပြင် တောင်ပေါ်တွင် လှေကားထစ်များ၊ လက်ရန်းတန်းများနှင့် လိုအပ်ပါက အများသုံးသန့်စင်ခန်းများကိုပါ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း ကိုမျိုးက ပြောသည်။

Check Also

၂၀၂၂ ခုနှစ်မှာ စတင်ဖွင့်လှစ်မယ့် ပစိဖိတ်သမုဒ္ဒရာထဲက ကမ္ဘာ့ ပထမဦးဆုံး ရေပေါ်နိုင်ငံ

  ၂၀၂၂ ခုနှစ်မှာ စတင်ဖွင့်လှစ်မယ့် ပစိဖိတ်သမုဒ္ဒရာထဲက ကမ္ဘာ့ ပထမဦးဆုံး ရေပေါ်နိုင်ငံငယ်လေးမှာ ကိုယ်ပိုင်အစိုးရအဖွဲ့နဲ့ အုပ်ချုပ်မှာဖြစ်ပြီး ကိုယ်ပိုင်ငွေကြေးတွေကို သုံးစွဲမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပိုလီနီးရှားနိုင်ငံ …