Friday , November 2 2018
Home / FNews / လားရှိုးမြို့တွင် စစ်ဘေးရှောင်များထဲမှ မိဘမဲ့ကလေးသူငယ်များအား ပြုစုပျိုးထောင်ပေးသွားရန် ဂေဟာတစ်ခုတည်ဆောက်သွားမည်

လားရှိုးမြို့တွင် စစ်ဘေးရှောင်များထဲမှ မိဘမဲ့ကလေးသူငယ်များအား ပြုစုပျိုးထောင်ပေးသွားရန် ဂေဟာတစ်ခုတည်ဆောက်သွားမည်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် စစ်ဘေးရှောင်များထဲမှ မိဘမဲ့ကလေးသူငယ်များအား ပြုစု ပျိုးထောင်ပေးသွားရန် ဂေဟာတစ်ခုတည်ဆောက်သွားမည်ဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီထံ မှ သိရှိရသည်။

“စစ်ဘေးသင့်ပြည်သူတွေထဲကမှ လုံးဝမိဘမဲ့ကလေးသူငယ်တွေအတွက် ပြုပြင်ပျိုးထောင်ရေး ဂေဟာ တည်ဆောက်သွားဖို့ လုပ်နေတာပါ။ အခုတော့ မြေနေရာရရှိလို့ စတင်ပြီးတော့တည်ဆောက်နေပါပြီ။’’ ဟု ဖြစ်မြောက်ရေးကော်မတီဝင် ဦးသော်တာထိုက်ကပြောသည်။

အဆိုပါ ပြုစုပျိုးထောင်ရေးဂေဟာမှ မိဘမဲ့ကလေးသူငယ် အသက်(၇)နှစ်မှ (၁၂)နှစ်ရှိ ကလေးများကိုသာ လက်ခံသွားမည်ဖြစ်ပြီး အဆိုပါကလေးများအား အသက်မွေးဝမ်းကြောင်းလက်မှုပညာများကို သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ဒီမှာက အသက်မွေးဝမ်းကျောင်းပညာကို သင်ပေးသွားမယ်။ သူတို့တွေအနေနဲ့ဒီမှာနေပြီး ပညာတွေ သင်ပြီးလို့ အပြင်ဘဝကို ထွက်ပြီး အလုပ်လုပ်ကိုင်မယ်ဆိုပြီးတော့ ပြောလာတဲ့အချိန်အထိ ပျိုးထောင် ပြုစုစောင့်ရှောက် သွားမှာပါ။’’ဟု ဦးသော်တာထိုက်က ပြောသည်။

အဆိုပါ ဂေဟာအား ထင်ရှုးမြိုင်အိမ်ယာ စီမံကိန်းအနီးရှိ မြေတစ်ဧကခန့်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး လက်ရှိတွင် ရန်ကုန်မြို့ဖြူစင်မေတ္တာတွဲလက်များ ပရဟိတအဖွဲ့၏ လှူဒါန်ခြင်းဖြင့် ရေဂါလံ (၅၀၀၀)ကျော် ဆန့်သည့် ရေကန်တစ်ခုပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရေရရှိရေးအတွက် အဝီစိတွင်းများ စတင်တူးဖော်နေပြီဖြစ်ပြီး ပေ(၅၀၀)ခန့်တူးဖော်ရမည်ဟု ခန့်မှန်း ထားကာ ငွေကျပ်(၇၅)သိန်းခန့် ကုန်ကျမည်ဖြစ်ကာ အလှူရှင်များအနေဖြင့် ကုသိုလ်ယူလှူဒါန်းနိုင်ကြောင်း ဖြစ်မြောက် ရေးကော်မတီမှ သိရသည်။

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …