Friday , November 2 2018
Home / FNews / ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် အလုပ်လုပ်ရန် ရောက်ရှိနေသူများ နေရပ်ပြန်

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် အလုပ်လုပ်ရန် ရောက်ရှိနေသူများ နေရပ်ပြန်

 

အာရကန်ကိုကို(မြစ်မခ)

ကျောက်ဖြူ၊ နိုဝင်ဘာ ၂၉ ရက်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များမှ ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် အလုပ်လုပ်ရန်  ရောက်ရှိနေကြ သူများမှာ နေရပ်ဒေသဖြစ်သည့် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များသို့ နိုဝင်ဘာ လကုန်ပိုင်းတွင် နေရပ်ပြန်နေကြပြီဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းတွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိမည်ဟု မျှော်လင့်ချက်များဖြင့် ရောက်ရှိနေကြခြင်းဖြစ်ကာ ကျောက်ဖြူစီးပွားရေးဇုန်သည် လက်ရှိအချိန်ထိ အကောင်အထည်မဖော်သေးခြင်း ကြောင့် နေရပ်ပြန်သွားကြကြောင်း သိရသည်။

“ကျွန်တော်တို့ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် တွေအတွက် အလုပ်အကိုင် ရရှိဖို့ ပြန်သွားကြတာပါ။ အဲ့ဒေသတွေ ပြန်လည်ထူထောင်ရေးအတွက် လုပ်သား တွေ အများအပြား လိုအပ်တယ်လို့ မိသားစုဝင်တွေက  ဖုန်းဆက်မှာကြတယ်။ ဒါ့ကြောင့် ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့တွေက လုပ်သား (၃၀၀)ကျော်လောက်ပြန်သွားတယ်။ မနေ့ကနဲ့ ဒီနေ့လည်း ဆက်ပြီးတော့ အသုတ်လိုက် ပြန်နေကြတယ်။ ဒီမှာက အထူးစီးပွားရေးဇုန် စီမံကိန်း မစသေးတော့ အကုန်ပြန်သွားကြမယ့် သဘောရှိတယ်။” ဟု ရွှေ့ပြောင်းလုပ်သား တစ်ဦးဖြစ်သူ မောင်တောနယ်ခံ ကိုသန်းစိုးက ပြောသည်။

ကျောက်ဖြူမြို့နယ်အတွင်း အထူးစီးပွားရေးဇုန်စီမံကိန်း၏ အလုပ်အကိုင်အခွင့်အလမ်းများကို မျှော်ကိုးပြီး ၂၀၁၆ ခုနှစ်မှ စတင်ကာ ရခိုင်ပြည်နယ်အတွင်း မြို့နယ်အစုံမှ ရွှေ့ပြောင်းလုပ်သား ဦးရေ(၄၀၀၀) ကျော် ခန့်သည် ကျောက်ဖြူမြို့နယ်အတွင်း ရောက်ရှိနေကြကြောင်း သိရသည်။

“ကျွန်တော်တို့က ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်ဖြစ် ကျွန်တော်တို့ လက်ရှိလုပ်နေတဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူ ရေးလုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ခေါ်နေပါတယ်။ နောက်ပြီးတော့ ဆောက်လုပ်ရေးကန်ထရိုက်တာ လုပ်ငန်း တွေမှာလည်း လုပ်လိုစိတ်ရှိတဲ့ရခိုင်တွေကို ချိတ်ဆက်ပြီး အလုပ်အကိုင်တွေ ရရှိရေးဆောင်ရွက်ပေးနေပါ တယ်။” ဟု ရက္ခိတမျိုးစောင့်အဖွဲ့(ARG)မှ ဥက္ကဌ ဦးဘအေးကပြောသည်။

ရခိုင်မြောက်ပိုင်း အကြမ်းဖက်ခံရမှုများကြောင့် ဒေသတွင်းပြန်လည်ထူးထောင်ရေးလုပ်ငန်းများကို ပြည်ထောင်စု အစိုးရ၊ ရခိုင်ပြည်နယ်အစိုးရနှင့် ပုဂ္ဂလိကစေတနာရှင်များမှ ပူးပေါင်းလုပ်ဆောင်ပေးနေကြောင်း သိရသည်။

“ကျွန်တော်တို့ အခုလက်ရှိမှာတောင် ရခိုင်တောင်ပိုင်းဘက်တွေမှာ လုပ်နေပါတယ်။ နောက်(၁၀)ရက်လောက် ဆိုတော့ အဲဘက်က ကိစ္စတွေပြတ်ရင် မြောက်ပိုင်းနယ်မြေပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ စတင်တော့ မှာပါ။ အဲဒီအချိန်အခါ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ရရှိတော့မှာပါ။”ဟု ရခိုင်အမျိုးသားနယ်မြေ ပြန်လည်ထူထောင်ရေးကော်မတီ(ယာယီ)အတွင်ရေးမှူး ဦးခင်မောင်ကြီးက ပြောသည်။

ရခိုင်မြောက်ပိုင်းတွင် ARSA အစွန်းရောက်အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်ခံရသည့် မောင်တော၊ ဘူးသီး တောင်နှင့် ရသေ့တောာင် မြို့နယ်များတွင် စပါးများရိတ်သိမ်းခြင်း၊ ကျေးရွာအသစ်ဖော်ဆောင် ပေးရာတွင် နေအိမ်များဆောက်လုပ်ပေးခြင်း၊ လမ်းများဖောက်လုပ်ပေးခြင်း၊ တံတားဆောက်ပေးခြင်းများ အစိုးရမှ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …