Friday , November 2 2018
Home / FNews / လားရှိုးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးရာမှ လိုင်စင်မဲ့ ဆိုင်ကယ်များ တွေ့ရှိပါက လိုင်စင်ပြုလုပ်ပေးမည်

လားရှိုးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးရာမှ လိုင်စင်မဲ့ ဆိုင်ကယ်များ တွေ့ရှိပါက လိုင်စင်ပြုလုပ်ပေးမည်

နောင် (မြစ်မခ)

လားရှိုး၊ နိုဝင်ဘာ ၃၀ ရက်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးရာမှ လိုင်စင်မရှိသော ဆိုင်ကယ်များအားတွေ့ရှိပါက လိုင်စင်ပြုလုပ်စေမည်ဖြစ်ကြောင်း သိရှိရသည်။

လားရှိုးမြို့တွင် ယာဉ်အန္တရာယ်ကင်းဝေးစေရန် ဆိုင်ကယ်ဦးထုပ်မဆောင်ခြင်းများနှင့် စည်းကမ်းမဲ့ယာဉ် များစစ်ဆေးရာမှ လိုင်စင်မဲ့ဆိုင်ကယ်များအား စစ်ဆေးတွေ့ရှိခဲ့ပါက က.ည.နတွင် လိုင်စင်သွားရောက် လုပ်ဆောင်စေမည်ဖြစ်ကြောင်း သိရသည်။

“ယာဉ်အန္တရာယ်ကင်းရှင်းဖို့အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ဦးထုပ်မဆောင်တာတွေကို စစ် ဆေးတဲ့အခါမှာ မိမိဆိုင်ကယ်လိုင်စင်မရှိရင် က.ည.နကို သွားပြီး လိုင်စင်လုပ်ရမှာပါ။ ပြီးတော့မှ လိုင်စင်ရဖို့ ဆက်ပြီး ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဒါမှလည်း အခွန်ဘဏ္ဍရရှိမှာဖြစ်လို့ ဆောင်ရွက်တာပါ။”ဟု အမှတ်(၂၀)ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအုပ်စောဝင်းက ပြောသည်။

အဆိုပါ ယာဉ်အန္တရာယ်ကင်းရှင်းရေးကို အခါအားလျော်စွာ ပြုလုပ်သွားမည်ဖြစ်ကာ ပြီးခဲ့သည့် ရက်ပိုင်း ကလည်း ယင်းသို့ဆောင်ရွက်ခဲ့ရာ ဆိုင်ကယ်အစီးပေါင်း(၄၀)ခန့်ကို အရေးယူနိုင်ခဲ့ကြောင်း သိရသည်။

“ယာဉ်အန္တရာယ်ကင်းရှင်းဖို့အတွက်ကတော့ ကောင်းပါတယ်။ ဒါပေမဲ့ လိုင်စင်ကိုဈေးသက်သက်သာသာနဲ့ လုပ်ပေးနိုင်မယ်ဆိုရင် ပိုပြီးအဆင်ပြေမယ်လို့ထင်ပါတယ်။”ဟု လားရှိုးမြို့နေ ဦးသော်ဇင်က ပြောသည်။

လိုင်စင်ပြုလုပ်ပေးရာတွင် အခွန်ရုံးမှ မော်ဒယ်အလိုက်အခွန်ဆောင်ကာ ပြုလုပ်ပေးသွားမည်ဖြစ်ပြီး လိုင်စင်သက်တမ်းကုန်နေသူများမှာလည်း သက်တမ်းတိုးရမည်ဖြစ်ကြောင်း လားရှိုးယာဉ်ထိန်းရုံးမှ သိရသည်။

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …