Thursday , November 1 2018
Home / သတင်း / နိုင်ငံရေးသတင်း / ငြိမ်းချမ်း​ရေးဖြစ်​စဉ်​တွင်​ NCA လက်​မှတ်​မထိုးထားသည့်​ ဒေသများမှ ပြည်​သူများ၏ အသံများကိုလည်း ထည့်သွင်း ​စဉ်​စားရန်​လိုအပ် 

ငြိမ်းချမ်း​ရေးဖြစ်​စဉ်​တွင်​ NCA လက်​မှတ်​မထိုးထားသည့်​ ဒေသများမှ ပြည်​သူများ၏ အသံများကိုလည်း ထည့်သွင်း ​စဉ်​စားရန်​လိုအပ် 

 

ပိုင်​ထက် ​(မြစ်​မခ)

ရန်​ကုန်၊ နိုဝင်​ဘာ ၉ ရက်​။

ငြိမ်းချမ်း​ရေးဖြစ်​စဉ်​တွင်​ တစ်​နိုင်​ငံလုံးပစ်​ခတ်​တိုက်​ခိုက်​မှု ရပ်​စဲ​ရေးသ​ဘောတူစာချုပ် ​(NCA) လက်​မှတ်​မထိုးထားသည့်​ ​ဒေသများမှ ပြည်​သူများ၏ အသံများကိုလည်း ထည့်​သွင်းစဉ်​စားရန်​လိုအပ်​​ကြောင်း ကချင်​ပြည်​နယ်​ရှိ အမျိုးသမီးအဖွဲ့စည်းများထံမှ သိရှိရသည်​​။

“လက်​နက်​ကိုင်​​တွေ NCA မထိုးတာကတစ်​ပိုင်း အဲဒီဒေသမှာ​နေတဲ့ ပြည်​သူ​တွေတိုးတက်​တက်​​ရေးအတွက်​က သပ်​သပ်​ပါ။ အခုနိုင်​ငံ​ရေး​ဆွေး​နွေးပွဲ​တွေမှာလည်း NCA မထိုးထားတဲ့ ​ဒေသကပြည်​သူ​တွေ အသံ ဘယ်​လို ပါဝင်​​အောင် လုပ်​​ဆောင်​မလဲဆိုတာ အစိုးရသစ်​အ​နေနဲ့ ထည့်​သွင်းစဉ်​စားဖို့လိုတယ်​။”ဟု ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​​ဟောင်း ​ဒေါ်ဒွဲဘူက​ ပြောသည်​။

NCA မထိုးထားသည့်​ ဒေသများရှိ ပြည်​သူများ၏ အသံများ၊ ထည့်​သွင်းစဉ်​စားချက်​များ ပါဝင်လာမည်​ဆိုပါက NCA လက်​မှတ်​​ရေးထိုးရန်ကျန်​ရှိနေသည့်​ တပ်​ဖွဲ့များ ပါဝင်​လာနိုင်​​ရေးအတွက်​လည်း အ​ထောက်​အကူဖြစ်​နိုင်​​ကြောင်း ​ဒေါ်ဒွဲဘူက​ ပြောသည်​။

နိုင်​ငံ​ရေး​ဆွေး​နွေးပွဲများပြုလုပ်​ရာတွင်​ NCA လက်​မှတ်​​ရေးထိုးထားသည့်​ ​နေရာများတွင်​သာ ပြုလုပ်နေသော်​လည်း လက်​ရှိအချိန်​အထိ ပြုလုပ်​ရန်​ကျန်​ရှိသည့်​​ နေရာများရှိနေကာ နိုင်​ငံ​ရေး​ဆွေးနွေးပွဲမူဘောင်​ကိုလည်း ပြင်ဆင်​နိုင်​​ရေးအတွက်​ လုပ်​​ဆောင်​​နေသည့်​အ​နေထားတွင် ရှိနေ​ကြောင်း သိရသည်​။

“ကချင်​ပြည်​နယ်​မှာဆို စစ်​​ရှောင်​​နေသူ​တွေမှာ အမျိုးသမီး​တွေ က​လေး​တွေပါတယ်။ သူတို့​တွေလည်း အခက်​ခဲ​တွေ အများကြီးနဲ့ ရင်​ဆိုင်​​နေရတယ်​။”ဟု ကချင်ပြည်နယ်အ​ခြစိုက် ​​ထွယ်​(ဝင်းလက်​)ကျား၊ မနှင့်​ ဖွံဖြိုး​ရေး​ဖောင်​​ဒေရှင်းမှ ဒါရိုက်​တာ ​ဒေါ်နန်​ပူက ​ပြောသည်​။

ကချင်​ပြည်​နယ်​ရှိ ပြည်​သူများမှာလည်း တိုက်​ပွဲများ​ကြောင့်​ ထွက်​​ပြေးတိမ်း​ရှောင်​​နေရ​ကြောင်း ​ဒေါ်နန်​ပူက​ဆက်ပြောသည်​။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံတွင်​ NCA လက်​မှတ်​​ရေးထိုးထားသည့်​ဒေသများမှ အသံများသာ ပါဝင်ပြီး လက်မှတ်​​ရေးထိုးထားခြင်း မရှိသည့်​ ​နေရာများမှ ပြည်​သူများ၏ အသံများကိုလည်း ထည့်​သွင်း​ဆွေးနွေးနိုင်ရန်​ အစိုးရသစ်​လက်​ထက်​တွင်​ ​မျှော်လင့်​​နေ​ကြောင်း သိရသည်​။

Check Also

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပြန်စမည်

  မင်းအံ့သွန်း (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက်။ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U)၏ (၁၂)ကြိမ် မြောက်ပုံမှန်အစည်းအဝေးကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) …