Thursday , November 1 2018
Home / သတင်း / လွှတ်တော်သတင်း / အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်မည်

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်မည်

ဝေဖြိုး(မြစ်မခ)

နေပြည်တော်၊ ဒီဇင်ဘာ ၈ ရက်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ(၈)ရက် နေပြည်တော်ရှိ kempimski hotel ၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပွဲတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင်ကြည်က ပြောဆိုလိုက်သည်။

“ကျွန်တော်ဒီနေ့ အလေးအနက်ပြောကြားလိုတာကတော့ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော် မရှင်အနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်မှာ ဖြစ်ပါ တယ်။ သန့်ရှင်းသော အစိုးရနဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်ဖြစ်ထွန်းစေရန်ဆိုတဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ပေါ်လာအောင် အထူးကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။”ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင်ကြည်က ပြောသည်။

မြန်မာနိုင်ငံသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ်အဖွဲ့ဝင် တစ်နိုင်ငံဖြစ်ပြီး အဆိုပါ စာချုပ်ကို ၂၀၁၅ ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာ(၂၀)ရက်တွင် မြန်မာနိုင်ငံမှ အတည်ပြုခဲ့ကြောင်း သိရသည်။

နှစ်စဉ် ဒီဇင်ဘာလ(၉)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အဖြစ် ကျင်းပရန် ၂၀၀၃ ခုနှစ် အောက်တိုဘာလ(၃၁)ရက် ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၅၈/၄ ဖြင့် သတ်မှတ်ခဲ့ကြောင်း သိရသည်။

“အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနဲ့ လျော့နည်းပပျောက်ရေးဆိုင်ရာ ပညာပေးအစီအမံများ ပိုမိုထိ ရောက်စွာ အားပေးမြှင့်တင် ဆောင်ရွက်သွားမှာဖြစ်ပြီး ကျောင်းသားလူငယ်များအပါအဝင် အခြေခံ လူထုလူ တန်းစားများမှ စတင်၍ တစ်နိုင်ငံလုံးကို ပျံနှံ့ရောက်ရှိသွားစေရန် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။” ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဦးအောင်ကြည်က ဆက်ပြောသည်။

အဆိုပါ အခမ်းအနားသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင်ကြည်၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး၏ ဒေသခွဲကိုယ်စားလှယ် Mr.Jeremy Douglas ၊ ကုလသမဂ္ဂဖွံဖြိုးရေး အစီစဉ်မှ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယကိုယ်စားလှယ် Mr.Dawn Del Rio နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တတ်ရောက်ခဲ့ကြကြောင်း သိရသည်။

Check Also

အခွန်အယူခံအဖွဲ့ဥပဒေကြမ်းကို ဆွေးနွေးသုံးသပ်နိုင်ရန် စီမံ၊ ဘဏ္ဍာဒုတိယဝန်ကြီးက ပြည်ထောင်စုလွှတ် တော်တင်သွင်း

  ဝေဖြိုး(မြစ်မခ) နေပြည်တော်၊ သြဂုတ် ၁၇ ရက်။ ဥပဒေနှင့်အညီ ဖွဲ့စည်းဆောင်ရွက်သည့် အခွန်အယူခံအဖွဲ့ဖြစ်လာရန် အခွန်အယူခံခုံရုံးအဖွဲ့ဥပဒေကြမ်းရေးဆွဲ၍ ဆွေးနွေးသုံးသပ်နိုင်ရန် ပြည်ထောင်စုလွှတ်တော်သို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး …