Thursday , November 1 2018
Home / FNews / အလွန်အကျွံ ဆန္ဒဖြေဖျောက်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုး ၅ ခု

အလွန်အကျွံ ဆန္ဒဖြေဖျောက်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုး ၅ ခု

 

တကိုယ်ရေ ဆန္ဒဖြေဖျောက်ခြင်းဟာ ကျန်းမာရေးကောင်းကျိုးတွေနဲ့ တခြားကောင်းကျိုးတွေကို ရရှိစေတယ်လို့ လေ့လာမှုတွေအတော်များများမှာ ဖော်ပြထားကြပါတယ်။ တကိုယ်ရေဆန္ဒဖြေဖျောက်မှုကြောင့် လိင်ကတဆင့်ကူးစက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်ပြီးဖြစ်သလို ကျေနပ်နှစ်သိမ့်မှု ကိုလည်း ပေးစွမ်းပါတယ်။ စိတ်ဖိအားတွေပြေပျောက်စေဖို့ အလုပ်ချိန်အတွင်းမှာ စိတ်ဆန္ဒဖြေဖျောက်ခြင်းကို ပြုလုပ်သင့်တယ်လို့တောင် သုတေသနတစ်ခုမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့ စကားအတိုင်း များလွန်းရင်လည်း ဆိုကျိုးတွေကို ဖြစ်စေနိုင်ပြန်ပါတယ်။

ဆန္ဒဖြေဖျောက်ခြင်းကို ဘယ်နှစ်ကြိမ်လုပ်ရမယ်ဆိုတာမျိုး သတ်မှတ်ထားတာမရှိဘဲ ကိုယ့်ရဲ့ နေ့စဉ်ဘ၀လုပ်ငန်းဆောင်တာတွေကို မထိခိုက်သရွေ့ လုပ်လို့ရပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း လိုတာထက်ပိုလာပြီဆိုရင်တော့ ဆိုးကျိုးတွေရှိလာမှာပါ။ ဒီဆိုးကျိုးတွေကို သိနိုင်စေဖို့ ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။

၁။ ဆန္ဒဖြေဖျောက်တဲ့ အကြိမ်ရေဟာ လိုတာထက်ပိုများလာရင် လိင်အင်္ဂါနားတ၀ိုက်က အရေပြားတွေ ပွန်းပဲ့တတ်ပါတယ်။ ပြင်းထန်တဲ့အခြေအနေတွေမှာဆိုရင်တော့ Peyronie’s disease လို့ခေါ်တဲ့ တစ်ရှုးပုံမမှန်ဖြစ်တဲ့ ရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် ဆန္ဒဖြေဖျောက်ခြင်းကနေ ထိခိုက်နာကျင်မှုတွေရှိလာရင် အနားပေးဖို့လိုပါလိမ့်မယ်။

၂။ အလွန်အကျွံ ဆန္ဒဖြေဖျောက်ခြင်းကြောင့် စိတ်ဖိစီးမှုလည်းများပြီး လူမှုပတ်ဝန်းကျင်နဲ့လည်း အဆင်မပြေဖြစ်လာတတ်ပါတယ်။ ဒါကိုချည်းတစ်ချိန်လုံးလုပ်နေမယ်ဆိုရင် အိမ်အပြင်ကိုထွက်ဖို့ စိတ်အားထက်သန်တော့မှာမဟုတ်တော့တဲ့အတွက် စိတ်ကျန်းမာရေးကို ထိခိုက်လာမှာဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာဟာ ပုံမှန်လိင်စိတ်ကြောင့် ဖြစ်တာမဟုတ်တဲ့အတွက် ဆရာဝန်နဲ့ ပြသဖို့လည်း လိုမှာပါ။

၃။ လိုတာထက်ပိုပြီး ဆန္ဒဖြေဖျောက်မယ်ဆိုရင် ကိုယ့်ဆက်ဆံဖော်နဲ့ ကိုယ်နဲ့ကြားက ဆက်ဆံရေကိုလည်း ပျက်ယွင်းသွားစေမှာပါ။ ဘာကြောင့်လည်းဆိုတော့ ဆန္ဒဖြေဖျောက်ခြင်းဆိုတာဟာ တစ်ဦးတည်းလုပ်ရတဲ့ အလုပ်ဖြစ်တာကြောင့် ဒီလိုတစ်ဦးတည်းလုပ်ရတဲ့ အရာကို လိုတာထက်ပိုလုပ်မယ်ဆိုရင် ဦးနှောက်ဟာ တစ်ဦးတည်းလုပ်တဲ့အလုပ်အတွက်ပဲ တုန့်ပြန်ပေးတော့မှာဖြစ်လို့ ကိုယ့်ရဲ့ ဆက်ဆံဖော်နဲ့ ကိုယ့်ကြားမှာ အဖုအထစ်ဖြစ်လာမှာပါ။

၎။ မသန့်ရှင်းတဲ့ sex toys တွေအသုံးပြုမိတဲ့အခါမှာလည်း ရောဂါပိုးကူးစက်နိုင်ပါတယ်။ ဒါကြောင့် ဆန္ဒဖြေဖျောက်တဲ့အခါ sex toys တွေကို အသုံးပြုတတ်တယ်ဆိုရင် ဒါတွေကို သေသေချာချာပိုးသတ်ထားဖို့ လိုမှာပါ။ ခဏခဏ ဆန္ဒဖြေဖျောက်တဲ့အခါမှာ sex toys တွေကို သန့်စင်ပေးဖို့ မေ့လျော့တတ်ပါတယ်။ ဒါကြောင့် ကူးစက်ရောဂါတွေမဖြစ်ပွားဖို့ သန့်ရှင်းတဲ့ sex toys တွေကို အသုံးပြုပေးရမှာပါ။

၅။ လိုတာထက်ပိုပြီး ဆန္ဒဖြေဖျောက်တဲ့သူတွေဟာ ဒီလို ဆန္ဒဖြေဖျောက်ရခြင်းကို အရူအမူးစွဲလန်းသွားပြီး ကိုယ့်စိတ်ကိုယ်ကိုယ် မထိန်းနိုင်ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒါကို အရမ်းမစွဲလန်းမိစေဖို့ ကိုယ့်ကိုယ်ကို ထိန်းချုပ်ရမှာ ဖြစ်ပြီး လိုအပ်ရင် ဆရာဝန်နဲ့လည်း ပြသသင့်ပါတယ်။

REF_

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …