Thursday , November 1 2018
Home / FNews / အချိုများပြီး ဂတ်စ်ပါတဲ့ အချိုရည် တစ်နေ့ ၂ ဘူးသောက်ခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေနှစ်ဆပိုများ

အချိုများပြီး ဂတ်စ်ပါတဲ့ အချိုရည် တစ်နေ့ ၂ ဘူးသောက်ခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေနှစ်ဆပိုများ

 

ဂတ်စ်ပါတဲ့ အချိုရည်တွေကို တစ်နေ့ ၂ ဘူး ပုံမှန်သောက်သူတွေဟာ သာမန်လူတွေထက် နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေ ၂ ဆခန့် ပိုများတယ်လို့ သုတေသနအသစ်တစ်ခုအရ သိရပါတယ်။ အချိုလွန်ကဲတဲ့အစားအစာတွေကို စားသုံးခြင်းဟာ နှလုံးရောဂါကို ဖြစ်စေတယ်လို့တော့ သုတေသနပညာရှင်တွေဟာ မတွေ့ရှိခဲ့ပါဘူး။ အချိုများတဲ့အစားအစာတွေကို စားသုံးတဲ့အခါမှာ အဆီနဲ့ ပရိုတိန်းဓါတ်တွေက သကြားဓါတ်ထုတ်လွှတ်မှုကို နှေးကွေးအောင် ပြုလုပ်ထားကြပေမယ့် အချိုများပြီး ဂတ်စ်ပါတဲ့ အချိုရည်တွေကို သောက်သုံးတဲ့အခါမှာတော့ သကြားဓါတ်ဟာ ခန္ဓာကိုယ်တစ်ခုလုံးကို မြန်မြန်ဆန်ဆန် ဖုံးလွှမ်းသွားပါတယ်။

Emory တက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ ဒီသုတေသနအသစ်ဟာ အချိုများတဲ့ အချိုရည်တွေသောက်သုံးခြင်းနဲ့ ပတ်သတ်ပြီး နောက်ဆုံးပြုလုပ်ခဲ့တဲ့ သုတေသနလည်းဖြစ်ပါတယ်။ အရင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေထဲမှာတော့ အချိုရည်တွေသောက်သုံးခြင်းဟာ အ၀လွန်မှု၊ နာတာရှည်ရောဂါတွေဖြစ်ပွားခြင်းနဲ့ ဆက်စပ်နေပါတယ်ဆိုတဲ့ အချက်တွေကိုသာ ဖော်ပြခဲ့ကြပြီး အချိုရည်သောက်သုံးခြင်းဟာ နှလုံးရောဂါကြောင့် သေဆုံးနိုင်မှုနဲ့ ဆက်စပ်နေတယ်ဆိုတဲ့အချက်ကို ဖော်ပြခဲ့ခြင်းမရှိပါဘူး။

ဒီသုတေသနအတွင်းမှာ ဒေါက်တာ Welsh ဦးဆောင်တဲ့ သုတေသနအဖွဲ့ဟာ အသက် ၄၅ နှစ်အထက် လူပေါင်း ၁၇၉၃၀ ယောက်ရဲ့ အချက်အလတ်တွေကို အသုံးပြုခဲ့ပါတယ်။ ဒီလူတွေကို ခြောက်နှစ်လုံးလုံး လေ့လာစောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။ သူတို့ အချိုများတဲ့အစားအစာတွေ ဘယ်လောက်စားသလဲဆိုတဲ့အချက်နဲ့ အချိုများတဲ့ အချိုရည်တွေ ဘယ်လောက် သောက်လဲဆိုတဲ့အချက်တွေကို မှတ်တမ်းတင်ခဲ့ပါတယ်။ အချိုများတဲ့ ဖျော်ရည်တွေထဲမှာတော့ ဂတ်စ်ပါတဲ့ အချိုရည်နဲ့ အချိုရည်ဗူးတွေပါဝင်ပြီး အချိုများတဲ့ အစားအစာတွေထဲမှာတော့ သကြားလုံး၊ အချိုပွဲ၊ သကြားအမှုန့် စတာတွေပါဝင်ပါတယ်။

သုတေသီတွေဟာ လူတစ်ဦးချင်းစီရဲ့ မိသားစုသေဆုံးမှတ်တမ်းတွေကိုလည်း စစ်ဆေးခဲ့ပြီး ပါဝင်သူတွေရဲ့ ခန္ဓာကိုယ်အလေးချိန်၊ ဆေးလိပ်သောက်သုံးမှု၊ ကိုယ်ကာယလှုပ်ရှားမှု၊ မျိုးရိုးလိုက်မှု၊ ၀င်ငွေ၊ ပညာရေးအခြေအနေ စတာတွေကိုပါ ထည့်တွက်ပြီးမှ သုတေသနရလာဒ်ကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ သုတေသနရဲ့ ရလာဒ်အရ အချိုများတဲ့ အချိုရည်တွေကို များများသောက်မယ်ဆိုရင် နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေပိုများတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် တစ်နေ့ကို အချိုများပြီး ဂတ်စ်ပါတဲ့ အချိုရည်တစ်မျိုးမျိုးသောက်ခြင်းဟာလည်း နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို ၂ ဆခန့် ပိုစေနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း အချိုများတဲ့အစားအစာတွေကို စားသုံးခြင်းအားဖြင့် ရောဂါတွေပိုဖြစ်စေတယ်လို့တော့ မတွေ့ရှိခဲ့ပါဘူး။ ဒီလိုဖြစ်ရတဲ့အကြောင်းကတော့ အချိုရည်တွေမှာ သကြားဓါတ်ကလွဲပြီး တခြားအဟာရဓါတ်ထွေထွေထူးထူးမပါဝင်ဘဲ သောက်လိုက်တာနဲ့ ခန္ဓာကိုယ်ထဲမှာ သကြားဓါတ်တွေပျံ့နှံ့သွားပေမယ့် အချိုများတဲ့ အစားအစာတွေကတော့ အဆီဓါတ်၊ ပရိုတိန်းဓါတ် စသည်ဖြင့် တခြားအဟာရဓါတ်လေးတွေ ပါဝင်နေကာ သကြားဓါတ်ကို ပိုပြီး နှေးနှေးထုတ်လွှတ်ပေးလို့ပဲဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ဟားဗက်တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပေါ်နေတဲ့ အ၀လွန်ရောဂါကြောင့် သေဆုံးမှုပေါင်း ၁၈၀,၀၀၀ ခန့်ဟာ သကြားဓါတ်များတဲ့ အချိုရည်တွေကို သောက်သုံးခြင်းနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် အချိုဓါတ်များတဲ့ အဖျော်ယမကာတွေကို တတ်နိုင်သမျှ ရှောင်ရှားသင့်ပါတယ်။

REF_

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …