Thursday , November 1 2018
Home / FNews / ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ရှားပါးငှက်မျိုးစိတ်များ မှတ်တမ်းကောက်ယူ

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ရှားပါးငှက်မျိုးစိတ်များ မှတ်တမ်းကောက်ယူ

အေမီအောင် (မြစ်မခ)

ရန်ကုန်၊ မတ် (၂၈) ရက်။

ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပွေးလှမြို့နယ်၊ ရှောက်ပင်ကျေးရွာရှိ အစုအဖွဲ့ပိုင်သစ်တောအ တွင်း ရှားပါးငှက်မျိုးစိတ်များမှတ်တမ်းကောက်ယူခြင်းကို ရှမ်းတောင်ဟိုတယ်ဇုန်လုပ်ငန်းရှင်များအသင်းဝင်များ၊ အင်းလေးခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် ငှက်လေ့လာရေးသူများပူးပေါင်းကာ ကွင်းဆင်းလေ့လာခဲ့ ကြောင်း သိရှိရသည်။

ဒေသတွင်း ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးစေရေး ခရီးသွားဇုန်များထပ်မံဖော်ထုတ်နိုင်ရန် မတ် ၂၅ ရက်နှင့် ၂၆ ရက် တို့တွင် ရှောက်ပင်ကျေးရွာရှိ အစုအဖွဲ့ပိုင်သစ်တောအတွင်း ဒေါင်းနှင့် ရစ်အပါအဝင် ငှက်မျိုးစိတ်များကို ကွင်း ဆင်းမှတ်တမ်းကောက်ယူခဲ့ရာ ငှက်မျိုးစိတ်(၉၀)ကျော်ကိုကောက်ယူနိုင်ခဲ့ကြောင်းသိရသည်။

“ဒေါင်းနဲ့ ငှက်မျိုးစိတ်တွေကို လေ့လာတွေ့ရှိခဲ့တယ်။ ဒီဒေသမှာ Tour Site အသစ်လုပ်ဖို့တော့ စဉ်းစားရမယ်။ တောတောင်တွေကစိမ်းလန်းစိုပြေပြီး သဘာဝအတိုင်းရှိနေပါသေးတယ်။ ငှက်ကြည့်စခန်းဖွင့်နိုင်ဖို့ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကတာဝန်ရှိသူတွေနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေဆီတင်ပြတာတွေ ဆက်လုပ်သွားဖို့ရှိပါတယ်” ဟု အင်းလေးခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးဇော်ဌေးအောင်ကပြောသည်။

ရေဂနိုင်ဘုန်းတော်ကြီးကျောင်းတွင် ငှက်ကြည့်ကျွမ်းကျင်သူများနှင့် ခရီးသွားကုမ္ပဏီများ၊ ပင်းတယမြို့ရှိ ဟိုတယ်လုပ်ငန်းရှင်အဖွဲ့နှင့် ရှောက်ပင်ရွာ ရပ်မိရပ်ဖများပူးပေါင်း၍ ငှက်အမျိုးအစားကောက်ယူခြင်းနှင့် ငှက် ကြည့်စခန်းအတွက်လိုအပ်ချက်များကို ဆက်လက်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …