Friday , December 21 2018
Home / FNews / တွေးခေါ်မှုဦးစားပေးပညာရေးစနစ်ကို ပြောင်းလဲနေပြီဖြစ်သောကြောင့် ယခင်စနစ်အတိုင်းကျင့်သုံးပါက နစ်နာမှုများရှိလာမည်ဟု နိုင်ငံတော် ဒုတိယ သမ္မတ (၁) ပြောကြား

တွေးခေါ်မှုဦးစားပေးပညာရေးစနစ်ကို ပြောင်းလဲနေပြီဖြစ်သောကြောင့် ယခင်စနစ်အတိုင်းကျင့်သုံးပါက နစ်နာမှုများရှိလာမည်ဟု နိုင်ငံတော် ဒုတိယ သမ္မတ (၁) ပြောကြား

အောင်မြင့်ထွန်း (မြစ်မခ)

သထုံ၊ ဒီဇင်ဘာ ၂၀ ရက်။

မြန်မာနိုင်ငံတွင် တွေးခေါ်မှုဦးစားပေးပညာရေးစနစ်ကို ပြောင်းလဲနေပြီဖြစ်သောကြောင့် ယခင်စနစ်အတိုင်းကျင့် သုံးပါက နစ်နာမှုများရှိလာမည်ဖြစ်ကြောင်း မွန်ပြည်နယ်၊ သထုံမြို့သို့ ဒီဇင်ဘာ ၂၀ ရက်က ရောက်ရှိစဉ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းတာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် နိုင်ငံတော် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေက ပြောကြားလိုက်သည်။

“ဒီနှစ်ကစပြီး ကိုယ့်အတွေးအခေါ်နဲ့ကိုယ်ဖြေတဲ့စာမေးပွဲတွေစပြီ။ အရင်တုန်းကတော့ အလွတ်ကျက်နေကြ တယ်။ အဲဒီမှာ အမှတ်ရဖို့၊ မရဖို့ဘဲ အဓိကထားနေကြတယ်။ ခုကတော့ ပြောင်းလဲနေပြီဖြစ်တဲ့အတွက် ဆရာ၊ ဆရာမတွေလည်း ပြောနိုင်ဆိုနိုင်ဖို့ တော်တော်လေးကြိုးစားပေးကြရဦးမှာပါ။ စာအုပ်ထဲကနေ အလွတ်ကျက် ဖြေတဲ့ဟာတွေကတော့ ရမှာမဟုတ်တော့ဘူး။ ပညာရေးစနစ်ကပြောင်းနေပါပြီ။ အဲဒါကိုမသိဘဲ အရင်အတိုင်း နေမြဲနေရင်တော့ နစ်နာမှာပဲ။ အရင်ကတော့ ဘတ်ဂျက်သုံးတာ။ ပညာရေးက ၂၀ ရာခိုင်နှုန်း၊ ဝန်ကြီးဌာနက ၈၀ ရာခိုင်နှုန်း အသုံးပြုကြတယ်။ ခုတော့ နိုင်ငံတော်သမ္မတကလည်းပြောတယ်။ ပညာရေးက ဦးစားပေးရမယ်။ ပညာရေးအတွက် (၈၀)ရာခိုင်နှုန်းသုံးရမယ်လို့ပြောထားတာရှိတယ်။ ပညာကိုပွားပေးဖို့လိုတယ်”ဟု နိုင်ငံတော် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေကပြောကြားသည်။

နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပညာရေးအတွက် ဘတ်ဂျက်ငွေပိုမိုရရှိရေးလုပ်ဆောင်နေပြီး ယခင်ကာလက မရှိခဲ့သော အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများပင် ပညာတော်သင်သွားရောက်နိုင်သည့်အခြေအနေရှိ လာကြောင်း ဒုတိယ သမ္မတ(၁)က ဆက်လက်ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယ သမ္မတ(၁)က ဆရာတော်အရှင်ဆန္ဒာဓိကထံ သွားရောက်ဖူးမြှော်ခြင်း၊ သထုံမြို့ရှိ အမှတ် (၁)နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ပြီး ကျောင်းတာဝန်ရှိသူများ နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် ကျောင်းအုပ်ကြီးများတင်ပြသော ကျောင်း၏ လိုအပ်ချက်များဖြစ်သည့် စာသင်ဆောင်သစ်ရရှိ ရေး၊ စာသင်ခုံများလုံလောက်စွာရရှိရေး၊ ကျောင်းအမိုးများ မိုးယိုနေမှုအခြေနေများအားပြုပြင်ပေးရေး၊ အားက စားကွင်းများ ပြုလုပ်ပေးရေး၊ စာသင်ဆောင်များ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအားတင်ပြခဲ့ကြရာ ဒုတိယ သမ္မတ(၁)က ပညာရေးဌာနမှတာဝန်ရှိသူများအား ကျောင်း၏ လိုအပ်ချက်များအား ဖြည့်ဆည်းကူညီပေးရန် လမ်းညွှန်မှုပေးခဲ့ကြောင်း သိရသည်။

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …