Thursday , November 1 2018
Home / FNews / ကျိုင်းတုံမြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းသို့ တက်ရောက်သူ ယခုနှစ်တွင် လျော့ကျ

ကျိုင်းတုံမြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းသို့ တက်ရောက်သူ ယခုနှစ်တွင် လျော့ကျ

ထက်တိုင်းကျော် (မြစ်မခ)

ကျိုင်းတုံ၊ ဇွန် ၂၇ ရက်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်း၌ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တွင် တက်ရောက်ပညာသင်ယူသော ကျောင်းသား၊ ကျောင်းသူအရေအတွက်မှာ ယခင်နှစ်ကထက် လျော့ကျ လာကြောင်း သိရှိရသည်။

အစိုးရနည်းပညာအထက်တန်းကျောင်း၏ ကျောင်းအပ်လက်ခံလျှောက်လွှာဖောင်ပိတ်ရက်မှာ ဇွန် ၁၁ ရက်က ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းဆယ်တန်းစာမေးပွဲ၏ အောင်စာရင်းထွက်ချိန်မှာ ဇွန် ၁၇ ရက်ဖြစ်နေခြင်းကြောင့် တက်ရောက်သူနည်းပါးလာခြင်းဖြစ်ကြောင်း သိရသည်။

“တချို့ ဆယ်တန်းကို ကျရှုံးတဲ့ ကျောင်းသား၊ ကျောင်းသူတွေက လာရောက်စုံစမ်းမေးမြန်းကြတာရှိပေမယ့် ကျွန်တော်တို့ကျောင်းက လက်ခံနိုင်ခြင်းမရှိတော့ပါဘူး။”ဟု ကျောင်းအုပ်ဆရာကြီး ဦးတေဇာထွန်းက ပြောသည်။

ကျိုင်းတုံမြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသ၌ တစ်ကျောင်း တည်းသာရှိပြီး အခြေခံပညာအလယ်တန်းဆင့် အောင်မြင်ထားပြီးသူများ လျှောက်ထားတက်ရောက်နိုင်ကာ နှစ် စဉ် မေလကုန်နှင့် ဇွန်လဆန်းရက်များတွင် ကျောင်းအပ်လက်ခံပေးနေကြောင်း သိရသည်။

“ဆယ်တန်းစာမေးပွဲကို ပြန်ဖြေဆိုခွင့်နဲ့ ပြင်ပကျွမ်းကျင်ကိုယ်ပိုင်လုပ်ငန်းမှာ အလုပ်ဝင်တာမျိုးရယ်၊ အစိုးရက ခေါ်တဲ့ နည်းပညာအထက်တန်းကျောင်းအောင်အဆင့် အလုပ်ခေါ်ရင်တော့ လျှောက်ထားနိုင်ခွင့်ရှိတယ်လို့ ပြင် ဆင်သတ်မှတ်ပေးလိုက်တာကြောင့် ဒီအစိုးရနည်းပညာအထက်တန်းကျောင်းကို တက်ဖို့ စိတ်ဝင်စားမှု လျော့ နည်းသွားတာလည်းဖြစ်နိုင်ပါတယ်။”ဟု ကျောင်းအုပ်ဆရာကြီး ဦးတေဇာထွန်းက ပြောသည်။

၂၀၁၆-၂၀၁၇ ပညာသင်နှစ်အထိ အစိုးရနည်းပညာအထက်တန်းကျောင်းမှ ထူးချွန်အဆင့်ဖြင့် အောင်မြင်သွား သူများမှာ နည်းပညာတက္ကသိုလ်သို့ ဆက်လက်တက်ရောက်ခွင့်ရရှိပြီး ရိုးရိုးအောင်ကြသူများမှာ အစိုးရစက်မှု လက်မှုသိပ္ပံ(G.T.H.S)သို့ တက်ရောက်ခွင့်ရခဲ့ကြသော်လည်း ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစတင်ကာ ထူးချွန် အောင်သူများမှာ အစိုးရစက်မှုလက်မှုသိပ္ပံ(G.T.H.S)ကိုတက်ခွင့်ရမည်ဖြစ်ပြီး ရိုးရိုးအောင်သူများမှာ တက္ကသိုလ် ဝင်တန်းကို ပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …