Tuesday , May 28 2019
Home / သတင်း / မှုခင်းသတင်း / ရန်ကုန်-မန္တလး အမြန်လမ်းပေါ်တွင် ၂၀၁၇ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု (၅၅၅)မှု ဖြစ်ပွားခဲ့ရာ (၁၁၆)ဦး သေဆုံး

ရန်ကုန်-မန္တလး အမြန်လမ်းပေါ်တွင် ၂၀၁၇ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု (၅၅၅)မှု ဖြစ်ပွားခဲ့ရာ (၁၁၆)ဦး သေဆုံး

 

ကျော်မျိုးထွဋ်(မြစ်မခ)

ကညွတ်ကွင်း၊ ဇန်ဝါရီ ၂ ရက်။

ရန်ကုန်-မန္တလး အမြန်လမ်းပေါ်တွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၁)ရက်မှ ဒီဇင်ဘာ(၃၁)ရက်ထိ ယာဉ်မတော်တ ဆမှုစုစုပေါင်း (၅၅၅)မှုဖြစ်ပွားခဲ့ရာ သေဆုံးသူ (၁၁၆)ဦး၊ ဒဏ်ရာရရှိသူ(၈၆၃)ဦးထိရှိခဲ့ကြောင်း အမြန်လမ်းရဲ တပ်ဖွဲ့မှ သိရှိရသည်။

အဆိုပါ အမှုများတွင် ယာဉ်များအရှိန်ပြင်းစွာမောင်းနှင်မှုကြောင့်ဖြစ်သည့် အမှုမှာ အများဆုံးဖြစ်နေကြောင်း သိရသည်။

“အမြန်လမ်းပေါ် သတ်မှတ်ကီလိုမိုင်ကျော်ပြီး အရှိန်းပြင်းမောင်းတဲ့ယာဉ်တွေကို များများအရေးယူတာရယ် အသိညာပေးတွေ လုပ်တာတော့ မနှစ်ကထက်စာရင် ယာဉ်မတော်တဆမူ သိသိသာသာလျော့နည်းလာ ပါတယ်။”ဟု အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ အမြန်လမ်းမကြီးအတွင် ၂၀၁၆ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု (၇၄၄)မှု ဖြစ်ပွားခဲ့ရာ လူ(၁၇၀) ဦး သေဆုံးကာ ဒဏ်ရာရရှိသူ(၁၃၀၄)ဦးထိရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်းလမ်းမကြီးတွင် ၂၀၁၇ ခုနှစ် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုစုစုပေါင်း (၅၅၅)မှုတွင် အရှိန်ပြင်းမောင်းနှင်မှုကြောင့်(၁၅၃)မှု၊ အိပ်ငိုက်မှုကြောင့် (၇၄)မှု၊ လမ်းကူးသူပေါ့ဆမှုကြောင့် (၂၂)မှု၊ ဆိုင်ကယ်ယာဉ်မောင်းပေါ့ဆမှုကြောင့် (၈၁)မှု၊ မဆင်မခြင်မောင်းနှင်မှုကြောင့် (၅၉)မှု၊ ဘီးပေါက်မှုကြောင့် (၁၃၇)မှု၊ စက်ချို့ယွင်းမှုကြောင့် (၂၄)မှု၊ လမ်းချော်မှုကြောင့် (၅)မှု တို့ဖြစ်ကြောင်း သိရသည်။

Check Also

ကျိုင်းတုံမြို့နယ်မှ မီးရှို့အသတ်ခံရသည့် အမျိုးသမီးအမှုတွင် သံသယတရားခံ (၂)ဦးကို ဖမ်းဆီးစစ်ဆေးနေ

နိုင်နိုင်အောင်ဝေ (မြစ်မခ) ကျိုင်းတုံ၊ ဒီဇင်ဘာ ၂၇ ရက်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်မှ မီးရှို့အသတ်ခံရသည့် အသက်(၂၀)ဝန်းကျင်အမျိုးသမီးအမှုမှ သံသယရှိသူ တရားခံ(၂)ဦးကို ဒီဇင်ဘာ ၂၆ …