Thursday , November 1 2018
Home / FNews / FMI အစုရှယ်ယာဈေးနှုန်း ကျပ်(၁၈၅၀၀)ဖြင့် ကြမ်းခင်းဈေးအောက် အနိမ့်ဆုံးဈေးသို့ရောက်ရှိ

FMI အစုရှယ်ယာဈေးနှုန်း ကျပ်(၁၈၅၀၀)ဖြင့် ကြမ်းခင်းဈေးအောက် အနိမ့်ဆုံးဈေးသို့ရောက်ရှိ

ဇော်မင်း (မြစ်မခ)

ရန်ကုန်၊ စက်တင်ဘာ (၁၃) ရက်။

ရန်ကုန်စတော့အိတ်ချိန်းတွင်ရောင်းဝယ်နေသော FMI  အစုရှယ်ယာဈေးနှုန်းသည် စက်တင်ဘာ ၁၂ ရက်တွင် ယခင်အပါတ်ထက် (၁၅၀၀)ကျပ်ကျဆင်းကာ ကြမ်းခင်းဈေးအောက် အနိမ့်ဆုံးသို့ရောက်ရှိခဲ့သော်လည်း အရောင်းအဝယ်နည်းပါးနေကြောင်း FMI အစုရှယ်ယာပိုင်ရှင်တစ်ဦးဖြစ်သော ဦးလှမြင့်က ပြောဆိုလိုက်သည်။

“အခု FMI ရှယ်ယာတွေကတော့ အနိမ့်ဆုံးဈေးရောက်နေပေမယ့် ရှယ်ယာဝယ်ယူသူကတော့ နည်းပါးနေ တယ်။ လူတွေက ချက်ချင်းပြန်ပြီးငွေပေါ်တဲ့ ရွှေတို့၊ အိမ်ခြံမြေတွေပဲစိတ်ဝင်စားနေတယ်။ ကျွန်တော့် ရှယ်ယာ တွေကိုတော့ မရောင်းသေးဘူး။ ဈေးကွက်အခြေအနေစောင့်ကြည့်ဦးမယ်။”ဟု FMI အစုရှယ်ယာပိုင်ရှင်တစ်ဦး ဖြစ်သော ဦးလှမြင့်ကပြောသည်။

ရန်ကုန်စတော့အိတ်ချိန်းရှိ Securities ကုမ္ပဏီများတွင် ရှယ်ယာရောင်းရန်နှင့် ဝယ်ယူရန်အတွက် အော်ဒါများ ပေးထားသော်လည်း အော်ဒါပေးထားခြင်းများ အဆင်ပြေ၊ မပြေသိရှိရန်အတွက် အကြောင်းပြန်ကြားခြင်းများမှာ လည်း ကြာမြင့်နေကြောင်း သိရသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် FMIအစုရှယ်ယာဈေးနှုန်းသည် စက်တင်ဘာ ၁ ရက်တွင်(၂၀၀၀၀)ကျပ်ဖြင့် အ ရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ စက်တင်ဘာ ၁၂ ရက်တွင် ကျပ်(၁၈၅၀၀)ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကာ ကျပ်(၁၅၀၀) ကျဆင်း၍ အနိမ့်ဆုံးသို့ကျဆင်းခဲ့ကြောင်းသိရသည်။

FMI အစုရှယ်ယာဈေးနှုန်းသည် စက်တင်ဘာ ၁၂ ရက်တွင် ကျပ်(၁၈၅၀၀)ဖြင့် အစုရှယ်ယာပေါင်း(၂၆၆၅)စု၊ အစုရှယ်ယာတန်ဖိုး ကျပ်(၄၉)သန်းအရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ Thilawa အစုရှယ်ယာဈေးနှုန်းသည် ကျပ် (၄၂၀၀၀)ဖြင့် အစုရှယ်ယာပေါင်း(၉၅)စု၊ အစုရှယ်ယာတန်ဖိုး ကျပ်(၄)သန်းရောင်းဝယ်ခဲ့ကာ MCB  အစုရှယ် ယာဈေးနှုန်းသည် ကျပ်(၉၃၀၀)ဖြင့် အစုရှယ်ယာပေါင်း(၆၄၅)စု၊ အစုရှယ်ယာတန်ဖိုးကျပ်(၆)သန်းကျော် အ ရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

FMI အစုရှယ်ယာသည် စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၁၂ ရက်အထိ ရှယ်ယာပေါင်း(၃၀၆၅၆)စု အ ရောင်းအဝယ်ဖြစ်ခဲ့ကာ ရှယ်ယာတန်ဖိုးစုစုပေါင်း(၅၉၃)သန်းကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ရန်ကုန်စတော့ အိတ်ချိန်းတွင် FMI အစုရှယ်ယာပေါင်း(၂၃,၄၈၀,၀၁၃)အရောင်းအဝယ်ပြုလုပ်နေကြောင်း သိရသည်။

 

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …