Thursday , November 1 2018
Home / FNews / ရှယ်ယာအရောင်းအဝယ်ပြုလုပ်ခွင့်ရသည့် MCB ဘဏ်မှ ကျပ်(၈၈၀၀)ဖြင့် ရှယ်ယာပေါင်း နှစ်သောင်းကျော် အရောင်းအ၀ယ်ဖြစ်ခဲ့

ရှယ်ယာအရောင်းအဝယ်ပြုလုပ်ခွင့်ရသည့် MCB ဘဏ်မှ ကျပ်(၈၈၀၀)ဖြင့် ရှယ်ယာပေါင်း နှစ်သောင်းကျော် အရောင်းအ၀ယ်ဖြစ်ခဲ့

ဇော်မင်း(မြစ်မခ)

ရန်ကုန်၊ သြဂုတ် (၃၀)ရက်။

ရန်ကုန်စတော့အိတ်ချိန်းတွင် တတိယမြောက် ရှယ်ယာအရောင်းအဝယ်ပြုလုပ်ခွင့်ရသည့် MCB ဘဏ်အနေ ဖြင့် သြဂုတ် ၂၉ ရက်တွင်  ရှယ်ယာဈေးနှုန်း(၈၈၀၀)ကျပ်ဖြင့် ရှယ်ယာပေါင်း(၂၂၂၁၄)စု အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း YSX ၏ထုတ်ပြန်ချက်အရ သိရှိရသည်။

“ကျွန်တော်တို့ဆီတော့ MCB ရှယ်ယာ (၇၀၀၀)လောက်အဝယ်တက်တယ်။ MCB  ကတော့ ဒီနေ့(၂၀၀၀၀) ကျော် အရောင်းအ၀ယ်ဖြစ်တယ်။ ကျန်တဲ့ FMI နဲ့ MTSH ကတော့ နည်းတယ်”ဟု CB Securities ၏ မန်နေး ဂျင်းဒါရိုက်တာ ဦးသောင်းဟန်ကပြောသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် တတိယမြောက်ရှယ်ယာရောင်းချခွင့်ရသည့် MCB ဘဏ်သည် စတင်ရောင်းချ သည့် သြဂုတ် ၂၆ ရက်တွင် ကြမ်းခင်းဈေး(၆၈၀၀)ကျပ်ဖြင့် ဈေးစတင်ဖွင့်လှစ်ခဲ့ပြီး၊ (၇၈၀၀)ကျပ်ဖြင့် ရှယ်ယာ ပေါင်း(၁၂၉၉၆)ခု အရောင်းအဝယ်ဖြစ်ခဲ့သည်။

လက်ရှိတွင် ရန်ကုန်စတော့အိတ်ချိန်း၌အရောင်းအဝယ်ပြုလုပ်နေသော ရှယ်ယာဈေးများကျဆင်းခဲ့သဖြင့် ရှယ် ယာများကိုဝယ်ယူရန် စိတ်ဝင်စားမှုနည်းပါးနေကြကြောင်း သိရသည်။

“ကျွန်တော်ကတော့ FMI ရှယ်ယာရယ်၊ MTSH ရှယ်ယာတွေရယ် ဝယ်ထားတယ်။ MCB ဘဏ်ရှယ်ယာတွေ တော့ မဝယ်သေးဘူး၊ ရှေ့ပိုင်းမှာ ဈေးတွေကတောက်လျောက်ကျနေတော့ စိတ်ဝင်စားမှုနည်းသွားတာပါ”ဟု လမ်းမတော်မြို့နေ ရှယ်ယာပိုင်ရှင်တစ်ဦးဖြစ်သူ ဦးမောင်မောင်ကပြောသည်။

MCB ၏ ရှယ်ယာဈေးနှုန်းများကို စောင့်ကြည့်သွားမည်ဖြစ်ပြီး ကြမ်းခင်းဈေးအထိ ပြန်လည်ရောက်၊ မရောက် စောင့်ကြည့်၍ ဝယ်၊ မဝယ်ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ဦးမောင်မောင်က ပြောသည်။

လက်ရှိတွင် MCB ဘဏ်သည် (၂)ရက်အတွင်း ရှယ်ယာတစ်စုလျှင် ကျပ်(၂၀၀၀)ဈေးတက်ခဲ့ပြီး ရှယ်ယာစုစု ပေါင်း(၃၅၃၂၁၀)စု အရောင်းအဝယ်ဖြစ်ခဲ့ပြီး ရှယ်ယာတန်ဖိုး ကျပ်(၂၉၆)သန်းအရောင်းအဝယ်ဖြစ်ခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် FMI ကုမ္ပဏီနှင့် သီလဝါအများပိုင်ကုမ္ပဏီတို့မှာ ရှယ်ယာအရောင်းအဝယ်ပြုလုပ် ရန် စာရင်းဝင်ထားခဲ့ပြီး၊ မြန်မာနိုင်ငံသားများဘဏ်(MCB) မှာ သြဂုတ် ၂၆ ရက်က ရှယ်ယာများ စတင်ရောင်း ဝယ်ခွင့်ရသည့် တတိယမြောက်ကုမ္ပဏီဖြစ်လာကြောင်း သိရသည်။

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …