Thursday , November 1 2018
Home / FNews / ဂျက်စတင်ဘီဘာနဲ့ ပြတ်စဲပြီးနောက် အပျော်စီးရွက်လှေပေါ်မှာ ပျော်ရွှင်နေတဲ့ ဆလီနာဂိုမက်စ်

ဂျက်စတင်ဘီဘာနဲ့ ပြတ်စဲပြီးနောက် အပျော်စီးရွက်လှေပေါ်မှာ ပျော်ရွှင်နေတဲ့ ဆလီနာဂိုမက်စ်

 

ဆလီနာဂိုမက်စ်ဟာ သူငယ်ချင်းတွေနဲ့အတူ အားလပ်ရက်အပန်းဖြေခရီးထွက်ခဲ့ပြီး သူ့ပုံစံကြည့်ရတာကတော့ ပျော်ရွှင်လန်းဆန်းနေတဲ့ ပုံပါပဲ။ သူမဟာ သူမရဲ့အရင်းနှီးရဆုံးသူငယ်ချင်းတွေနဲ့အတူ သြစတျေးလျနိုင်ငံ ဆစ်းဒနေ ဆိပ်ကမ်းမှာ ရောက်ရှိနေခဲ့တာပါ။ အသက် ၂၅ နှစ်အရွယ် အဆိုတော်မလေး ဆလီနာဂိုမက်စ်ဟာ အပေါ်ပိုင်းက ဘီကနီ လိမ္မော်ရောင်လေးကို အောက်ဖက်က ဘီကနီအမဲရောင်ကလေးနဲ့ တွဲဖက်ဝတ်ဆင်ထားပါတယ်။ စာဖတ်ရင်း နေပူစာလုံနေတဲ့ သူမရဲ့ မျက်နှာပေါ်မှာတော့ အပြုံးတွေနဲ့ ဝေဆာနေပါတယ်။

သူမရဲ့ သူငယ်ချင်းဖြစ်သူ Johnny Rays နဲ့အတူ ဆော့ကစားနေတဲ့ ဓါတ်ပုံတွေလည်း အများအပြားတွေ့ရပါတယ်။ မကြာသေးခင်ကပဲ သူမရဲ့ ရည်းစားဖြစ်သူ ဂျက်စတင်ဘီဘာနဲ့ လမ်းခွဲခဲ့ရပေမယ့်လည်း သူမကတော့ ပျော်ရွှင်နေပါတယ်။ သူတို့နှစ်ယောက်ဟာ ဖေဖော်ဝါရီလကုန်ခါနီးလောက်က ဂျမေကာမှာ ကျင်းပတဲ့ ဂျက်စတင်ဘီဘာရဲ့ ဖခင်ဖြစ်သူရဲ့ မင်္ဂလာပွဲမှာ ဓါတ်ပုံအတူရိုက်ခဲ့ပြီး မကြာခင်မှာပဲ နောက်ထပ်တစ်ခေါက် လမ်းခွဲလိုက်ကြပြီလို့ ကြေငြာခဲ့တာပါ။

“သူတို့စုံတွဲဟာ ခဏတဖြုတ်သာ လမ်းခွဲတာဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တာတွေလည်း များနေပါပြီ။ အမြဲတမ်းကိုပဲ ဖြစ်နေတာပါ။ သူတို့ စကားတွေလည်း များကြပါတယ်”လို့ သတင်းအရင်းအမြစ်တစ်ခုက ဆိုပါတယ်။ သူတို့ဟာ အဆက်အသွယ်လုပ် စကားပြောနေတုန်းပါပဲ။ သူတို့နှစ်ယောက်ကို ခန့်မှန်းဖို့မလွယ်ပါဘူးလို့လဲ ပြောခဲ့ပါသေးတယ်။

ဆလီနာရဲ့ မိခင်ဟာ သူမရဲ့ သမီးဖြစ်သူနဲ့ ဂျက်စတင်ဘီဘာတို့ ပြန်တွဲတာကို မနှစ်မြို့ဘူးလို့ ပြောခဲ့ပေမယ့် သူတို့နှစ်ဦး လမ်းခွဲခဲ့ရတဲ့ အကြောင်းအရင်းဟာ ဆလီနာဂိုမက်စ်ရဲ့ မိခင် မန်ဒီကြောင့် မဟုတ်ပါဘူးလို့ တခြားသတင်းအရင်းအမြစ်တစ်ခုက ဆိုပါတယ်။ သူတို့မှာလမ်းခွဲရတဲ့ တခြားအကြောင်းပြချက် သက်သက် ရှိပါတယ်လို့ လည်း ဆိုပါတယ်။ ဆလီနာဟာ သူမရဲ့ မိခင်ရဲ့ ဆန္ဒပေါ်မူတည်ပြီး အချစ်ရေးကို ဆုံးဖြတ်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

သူတို့နှစ်ဦးမှာ သဘောထားကွဲလွဲမှုနေရှိနေကြပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ ပြန်အဆင်ပြေသွားတတ်ကြပါတယ်။ သူတို့နှစ်ဦးဟာ လူချင်းတွေ့ပြီး စကားမပြောတာ၊ မချိန်းတွေ့တာ အချိန်အတော်ကြာနေပြီဖြစ်ပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ်လုပ်နေသေးပါတယ်လို့ ဆိုပါတယ်။

REF_

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …