Thursday , November 1 2018
Home / FNews / အကောင်းဆုံးသော ခင်ပွန်းသည်ပါလို့ ထုတ်ဖော်ပြောကြားလိုက်တဲ့ ကျော်ကျော်ဗိုရဲ့ဇနီး မဇာ

အကောင်းဆုံးသော ခင်ပွန်းသည်ပါလို့ ထုတ်ဖော်ပြောကြားလိုက်တဲ့ ကျော်ကျော်ဗိုရဲ့ဇနီး မဇာ

 

ဘုန်းနေလ (မြစ်မခ)

ရန်ကုန်၊ သြဂုတ် ၈ ရက်။

ဖက်ရှင်စတိုင်မျိုးစုံ၊ ဆံပင်ဒီဇိုင်းမျိုးစုံနဲ့ သူမတူအောင်လန်းနေတတ်တဲ့ ကျော်ကျော်ဗိုရဲ့ဇနီးဖြစ်သူ မဇာကို ပရိ သတ်တွေက သတိထားမိကြမှာအမှန်ပါပဲ။ အခုလည်း ခင်ပွန်းသည်ရဲ့ ပါရမီဖြည့်ဘက်ကောင်းတစ်ဦးဖြစ်တဲ့ မဇာက ကျော်ကျော်ဗိုဟာ အကောင်းဆုံးသောခင်ပွန်းပါလို့ ထုတ်ဖော်ပြောကြားလာပါတယ်။

“အစ်ကိုက အစ်မတို့မိသားစုအတွက် အရမ်းအချိန်ပေးပါတယ်။ သူ့အနုပညာအလုပ်တွေ တစ်ဖက်ဖြစ်နေပေ မယ့်လည်း မိန်းမအတွက်ရော၊ သမီးအတွက်ပါ အချိန်ပေးပါတယ်။ အစ်မကလည်း သူ့အနုပညာအလုပ်မှာ တစ် ဖက်တစ်လမ်းကနေ ကူညီပေးရတာပါပဲလေ။ နှစ်ဦးနှစ်ဖက်က နားလည်မှုတွေနဲ့နေတယ်။ အစ်ကို့ဝတ်စုံနဲ့ပတ် သက်ပြီး အစ်မအကြံဥာဏ်ကောင်းတွေပေးတယ်။ အတတ်နိင်ဆုံး အကောင်းဆုံးတွေပေါ့။ အခုRose Riderအ တွက် သူ့ဆံပင်စတိုင်လ်က ဆက်ထားတာပါ။ countryဆန်ဆန်ပေါ့”လို့ မဇာကဆိုပါတယ်။

ကျော်ကျော်ဗိုရဲ့ဇနီးဖြစ်သူ မဇာအနေနဲ့ ယခင်က ဂျပန်စတိုင်လ်ဆံပင်ပုံစံမျိုးအပါအဝင် အဝတ်အစားဒီဇိုင်း၊ မိတ်ကပ်၊ မျက်ခုံးတွေကအစ ဆန်းသစ်စွာပုံဖော်သူအနေနဲ့ ပရိသတ်ကြားမှာ အထင်ကရရှိခဲ့သူတစ်ဦးဆိုတာ အားလုံးက သိကြမှာပါ။

“အခုက ကိုယ့်အသက်အရွယ်နဲ့လည်း ဆိုင်နေတော့ အရင်ကလို စတိုင်လ်တွေမလုပ်ဖြစ်တော့ဘူး။ ကိုယ်နဲ့ လိုက်ဖက်မယ့် အငြိမ်စတိုင်တွေနဲ့ ပြင်ဆင်မှုတွေကိုပဲ လုပ်ဖြစ်တော့တယ်။ အနုပညာရှင်တွေရဲ့ အိမ်ထောင် ဖက်တွေဖြစ်ရတာ သူများတွေတော့မသိဘူး။ မဇာကတော့ ကိုယ်လည်း အနုပညာအသိုင်းအဝိုင်းထဲကဆိုတော့ ဘာမှမထူးခြားပါဘူး။ အဓိကက နားလည်မှုပါပဲ၊ နောက် ချစ်ခြင်းတရားတွေပေါ့။ ကိုယ့်ခင်ပွန်းဘေးမှာ ဘယ် လောက်ထိပံ့ပိုးကူညီပြီး ပါရမီဖြည့်နိင်မလဲဆိုတာပဲသိတယ်။ အဓိကက ကိုယ့်မိသားစုကမ္ဘာလေး ပျော်ရွှင်စေဖို့ ပါပဲ”လို့ မဇာကဆိုပါတယ်။

သရုပ်ဆောင် ကျော်ကျော်ဗို သြဂုတ် ၂၁ ရက်မှာရိုက်မယ့် Rose Rider ရုပ်ရှင်ဇာတ်ကားမှာ အဝတ်အစားပိုင်း တချို့ကို ဇနီးဖြစ်သူ မဇာက အကြံပေးထားတယ်လို့ သိရပါတယ်။

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …