Thursday , November 1 2018
Home / FNews / ဒေါ်ဆွေဇင်ထိုက် ဦးဆောင်သင်ကြားသည့် ဒုတိယအကြိမ် ဇာတ်ညွန်းရေးသားနည်းသင်တန်း ပို့ချ

ဒေါ်ဆွေဇင်ထိုက် ဦးဆောင်သင်ကြားသည့် ဒုတိယအကြိမ် ဇာတ်ညွန်းရေးသားနည်းသင်တန်း ပို့ချ

ထွယ်ဆန်(မြစ်မခ)

ရန်ကုန်၊ ဇွန် ၁၉ ရက်။

Pen Myanmar မှ စီစဉ်၍ အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်ဦးဆောင်သင်ကြားသည့် ဒုတိယအကြိမ် ဇာတ်ညွန်း ရေးသားနည်းသင်တန်းအမှတ်စဉ် ၁/၂၀၁၇ ကို ဇွန် ၁၇ ရက်မှ စတင်၍ စက်တင်ဘာလနောက်ဆုံးပါတ်ထိ တော်ဝင်စင်တာရှော့ပင်းမောလ်တွင် သင်ကြားပေးနေကြောင်း Pen Myanmar မှ သိရှိရသည်။

“ဇာတ်ညွန်းပိုင်းက ဒီဖက်မှာ အားနည်းနေတာကိုတွေ့နေရတယ်။ မြန်မာရုပ်ရှင်က ၁၉၂၀ မှစခဲ့ပြီး ၂၀၂၀ ခုနှစ် ဆို နှစ်တရာပြည့်ပြီနှစ်တရာလောက်အထိ ဖြတ်သန်းလာခဲ့ပေမယ့် ဇာတ်ညွန်းရေးဟန်တွေက ထူးထူးခြားခြား ပြောင်းလဲလာတာမရှိဘူး။ ဒီသင်တန်းကို ဆရာမ ဒေါ်ဆွေဇင်ထိုက်က လုပ်ချင်တယ်ဆိုတာနဲ့ ကျွန်တော်တို့က ပံ့ပိုးပေးတာပါ။” ဟု Pen Myanmar မှ ဥက္ကဌ ဦးမျိုးမြင့်ငြိမ်းက ပြောသည်။

ပထမအကြိမ် ဇာတ်ညွန်းသင်တန်းတွင် သင်တန်းသားဦးရေ(၃၀)ကိုသင်ကြားခဲ့ပြီး လက်ရှိ ဒုတိယအကြိမ်သင် တန်းတွင် သင်တန်းသား(၈၉)ဦးကို နိုင်ငံတကာနည်းစနစ်အတိုင်း ဇာတ်ညွန်းဆော့ဖ်ဝဲဖြင့် သင်ကြားပေနေ ကြောင်း သိရသည်။

“အခုရေးနေကြတဲ့ ဇာတ်ညွန်းတွေက ဇာတ်ကွက်ကို သိပ်ဦးစားပေးထားတာပေါ့။ ဇာတ်ကောင်ရဲ့ဖွံ့ဖြိုးတိုးတက် မှုက သိပ်ကျေနပ်လောက်စရာမရှိဘူး။ အပြည်ပြည်ဆိုင်ရာမျက်စိနဲ့ဆိုရင် အခင်း၊ အခက်နဲ့ အဖြည်တွေမှာ၊ အ ခန်းတွေမှာ လျော့နေတဲ့အတွက်  များများလေ့လာဖို့လိုပါတယ်။”ဟု အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်က ပြောသည်။

အဆိုပါ သင်တန်းတွင်  ပြည်တွင်း၊ ပြည်ပရှိ  ဇာတ်ညွှန်းရေးသားနည်းစာအုပ်များကို သင်တန်းသားများ ဖက်ရူ လေ့လာနိုင်ပြီး လက်တွေ့လေ့လာသုံးသပ်နိုင်သည့်  ရုပ်ရှင်ဇတ်လမ်းများကြည်ရူသည့် အစီအစဉ်လည်း ပါဝင် ကြောင်း သိရသည်။

 

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …