Thursday , November 1 2018
Home / သတင်း / စိုက်ပျိုးရေးနှင့် မွေးမြူရေးသတင်းများ / GAP စနစ်ဖြင့် ဧက ၄သိန်း ၄သောင်း စိုက်ပျိုးမည့် ရခိုင်ဒေသ

GAP စနစ်ဖြင့် ဧက ၄သိန်း ၄သောင်း စိုက်ပျိုးမည့် ရခိုင်ဒေသ

GAP in rakhine  1

ကျဆင်းနေသော ရခိုင်ပြည်နယ်၏ လယ်ယာဖွံ့ဖြိုးရေးအတွက် ယခုနှစ်စိုက်ပျိုးရာသီ၌ သိပ္ပံနည်းကျ နည်းစနစ်များဖြင့် ဧက (၄)သိန်းကျော် စိုက်ပျိုးမည်ဟု သိရသည်။

ရခိုင်ပြည်နယ်(၁၇)မြို့နယ်တွင် သိပ္ပံနည်းကျ GAP စနစ်ဖြင့် ဧက ၄သိန်း၎သောင်း စိုက်ပျိုးသွားမည်ဟု ရခိုင်ပြည်နယ် လယ်ယာစိုက်ပျိုးရေးဦးစီးဌာနပြည်နယ်မှူး ဦးခင်မောင်ဝင်းက ပြောသည်။

 ရခိုင်ပြည်နယ်အတွင်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို မိရိုးဖလာအတိုင်း စိုက်ပျိုးလာခဲ့ကြရာ သီးနှံထွက်ရှိမှု နည်းလာသည့်အတွက် လွန်ခဲ့သည့်နှစ်ကစပြီး သိပ္ပံနည်းကျဖြင့် စမ်းသပ်စိုက်ပျိုးလာခြင်းဖြစ်သည်ဟု ပြည်နယ်မှူး ဦးခင်မောင်ဝင်းဆိုသည်။

GAPစနစ်ဆိုတာ အစတုန်း ပိုပြီးတော့ အကောင်အထည်ပေါ်အောင် ဆက်လုပ်လာတယ်၊ GAPစနစ်ကို တွန်းအားပေးပြီးတော့ ပညာပေးပြီးတော့ တိုးချဲ့ ဆောင်ရွက်လာတယ်၊ ၂၀၁၃ ခုမှာ ရခိုင်ပြည်နယ်မှာလည်း ဧက လေးသိန်း လောက်ကိုလုပ်မယ်ဆိုပြီး ဆောင်ရွက်နေတယ်’’ ဟု ဦးခင်မောင်ဝင်းက ရှင်းပြသည်။

ထို့အပြင် မျိုးစပါးအတွက်   ပုလဲသွယ်နှင့် ဆန်းသွယ်စသည့် စပ်မျိုးစပါးများကိုလည်း ရခိုင်ပြည်နယ်အတွင်း၌ စမ်းသပ် စိုက်ပျိုးမှုများလည်း ရှိနေသည်။

ရခိုင်ပြည်နယ်သည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသော ပြည်နယ်တစ်ခုဖြစ်သော်လည်း လွန်ခဲ့သည့်ဆယ်စုနှစ်ထက် လယ်ယာထွက်ကုန်မှာ ကျဆင်းလာသည့်ဟု ဒေသခံလယ်သမားများထံမှသိရသည်။

စပါးအထွက်နှုန်းက ဒေသ အလိုက်ပါ၊ ကျနော်တို့ဘက်တွေမှာတော့ စပါးထွက်နှုန်း ကျလာတာများတယ်၊ ဥပမာ ဆိုပါစို့ ဒီနှစ် စပါးဧက ဘယ်လောက် ထွက်မယ်ဆိုတာ ပြောရခက်တယ်၊ မျိုးအထွက်နှုန်း ကျတာပါ’’ဟု မင်းပြားမြို့နယ်မှ ဒေသခံလယ်သမားတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်ရှိလယ်သမားတို့မှာ သိပ္ပံနည်းကျ နားမလည်သည့် အတွက် ကြဲ၍ စိုက်ပျိုးသည့်စနစ်ကိုသာ အသုံးပြုမှုများ ကြောင်းကိုလည်း သိရသည်။

ကျွန်တော်တို့ဘက်မှာ ဘယ်က သိပ္ပံနည်းကျရှိမလဲ ဒီအတိုင်းဘဲ စပါးကြဲလိုက်တာ၊ အလေ အလွင့် တွေကလည်း ရှိတာပေါ့၊ ထွန်စက်တော့ မရှိဘူး ခိုင်းကျွဲနဲ့ဘဲ အသုံးပြုနေရတယ်၊ စက်ထွန်စက်ဆိုတော့ ပိုကောင်းမှာပေါ့ဟု အဆိုပါ လယ်သမားက ဆက်ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးကဏ္ဍအတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းမှ ရခိုင်ပြည်နယ်၏ လယ်ယာကဏ္ဍမှာ ပိုအောင်မြင်မည်ဟု လယ်သမား အများစုဆိုသည်။

သိပ္ပံနည်းကျစိုက်ပျိုးရေးစနစ်ကို အားပေးသော်လည်း လက်တွေ့ခက်ခဲနေသည့် လယ်သမားတို့၏ အခက်အခဲများကို ဖြေရှင် ပေးရန်လိုအပ်သည်ဟု ကျောက်တော်မြို့နယ်မှ လယ်သမားတို့က ဆိုသည်။

အဓိကတော့ ထွန်စက်ပြဿနာဘဲ၊ ကျွန်တော်တို့မှာ ခိုင်းနွားတွေ ကျွဲတွေက ရှားပါးလားတယ်၊ ပြီးတော့ စားကျက်မြေတွေ ရှားလာတယ်၊ လယ်ယာလုပ်သားတွေ ရှားလာတယ်ဆိုတော့ သိပ္ပံနည်းကျ စိုက်တာက ပိုကောင်းပါတယ်၊ အားပေးပါတယ်၊ တစ်ခုပြောချင်တာက လက်မှုလယ်ယာကို စက်မှုလယ်ယာသို့ပြောင်းမယ်ဆိုရင် လယ်သမားတွေအတွက် ထွန်စက် တို့တော့ လိုအပ်ပါတယ်’’ဟု ကျောက်တော်မြို့မှ လယ်သမားတစ်ဦးက ပြောဆိုသည်။

ပြည်နယ်တစ်ခုလုံး၏ စိုက်ပျိုးနိုင်သည့် မြေဧရိယာရာနှုန်း၏ (၁၃.၈၃)ဧကသာရှိပြီး တစ်နှစ်လျှင် တစ်ကြိမ်သာ စိုက်ပျိုးနိုင်သည့် ဒေသတစ်ခုလည်းဖြစ်သည်။

Check Also

မြန်မာ့လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် အကောက်ခွန်ကင်းလွတ်ခွင့်ရရှိရန် ဆောင်ရွက်နေ

ယမုံ (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက်။ မြန်မာ့လယ်ယာထွက်ကုန်များကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် တရုတ်နိုင်ငံသို့ ပေးဆောင်ရသည့် အကောက်ခွန်ကင်းလွတ်ခွင့်ရရှိရန် ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ …