Thursday , November 1 2018
Home / FNews / တော်ဝင်မင်းသား ဟယ်ရီတို ဇနီးမောင်နှံနဲ့ ဘောလုံးသမား အက်ရှလေကိုးတို့ စုံတွဲကြားက ဇတ်လမ်း

တော်ဝင်မင်းသား ဟယ်ရီတို ဇနီးမောင်နှံနဲ့ ဘောလုံးသမား အက်ရှလေကိုးတို့ စုံတွဲကြားက ဇတ်လမ်း

 

ကျန်ခဲ့တဲ့ အားလပ်ရက်ထဲမှာ ဆယ်စုနှစ်တစ်ခုအတွင်း အခမ်းနားဆုံး မင်္ဂလာပွဲတစ်ခုလို့တောင် ပြောနိုင်တဲ့ ဗြိတိသျှတော်ဝင်မင်းသား ဟယ်ရီနဲ့ ရုပ်ရှင်သရုပ်ဆောင် မော်ဒယ်မင်းသမီး မီဂန်မာကယ်တို့ရဲ့ လက်ထပ်ပွဲကို ကျင်းပခဲ့ပါတယ်။ သူတို့ရဲ့ မင်္ဂလာပွဲကို နာမည်ကျော်ကြားသူတွေ အတော်ဝင်မိသားစု အသိုင်းအ၀ိုင်းကလူတွေ အများအပြားတတ်ရောက်ခဲ့ကြပါတယ်။ လိုက်ဖက်လှတဲ့ ကြင်စဦး ဇနီးမောင်နှံနှစ်ဦးရဲ့ အပျော်တွေဟာ တခြားလူတွေကိုတောင် ကူစက်သွားရလောက်တဲ့အထိ ပျော်ရွှင်နေခဲ့ကြပါတယ်။

မင်းသား ဟယ်ရီရဲ့ ချစ်ဇနီးချောလေးကို လွန်ခဲ့တဲ့ လေးနှစ်တုန်းက အသည်းအသန် ချစ်ရေးဆိုခဲ့သူကတော့ ချယ်ဆီးအသင်းရဲ့ ကစားသမားဟောင်း အက်ရှ်လေကိုးပါ။ ဒါပေမယ့် အက်ရှ်လေကိုးရဲ့ လုံ့လစိုက်ထုတ်မှုတွေဟာ အရာရောက်ခဲ့ခြင်းမရှိဘဲ မင်းသမီး မီဂန်မာကယ်ရဲ့ ငြင်းပယ်မှုကိုသာ ခံခဲ့ရပါတယ်။ ဒါကြောင့် မင်းသားဟယ်ရီနဲ့ မင်္ဂလာပွဲအပြီးမှာ အက်ရှ်လေကိုးတစ်ယောက် ဘယ်လိုများခံစားနေရမလဲဆိုတဲ့ အကြောင်းအရာဟာ မီဂန်ရဲ့ ပရိတ်သတ်တွေကြားမှာ လှောင်ပြောင်စရာ ကိစ္စတစ်ခုဖြစ်လာပါတယ်။

နာမည်ကြီးမော်ဒယ် ချယ်ရီကို လက်ထပ်ခဲ့ဖူးတဲ့ အက်ရှ်လေကိုးဟာ မီဂန်နဲ့ အချိတ်အဆက်ရဖို့ တွစ်တာပေါ်မှာလည်း အသည်းအသန် ဆက်သွယ်ခဲ့ပြီး မီဂန် အင်္ဂလန်ကို လာတဲ့ ခရီးစဉ်အတွင်းမှာ လူချင်းတွေ့ဖို့ ကြိုးစားခဲ့ပါတယ်။ မီဂန်ဟာ အက်ရှ်လေကိုးဘယ်လိုဆိုးသွမ်းတယ်ဆိုတာကို သိလို့ အစကတည်းက ငြင်းပယ်ခဲ့တာပါလို့ မီဂန်ရဲ့ ပရိတ်သတ်တွေက တွစ်တာပေါ်မှာ ပြောကြပါတယ်။ မီဂန်ဟာ လေယူရာယိမ်းတတ်တဲ့ မိန်းကလေးမျိုးမဟုတ်ဘဲ ပါးနပ်တဲ့ မိန်းကလေးတစ်ယောက်လည်းဖြစ်တယ်လို့ ချီးကျုးစကားတွေ ပြောခဲ့ကြပြီး အက်ရှ်လေကိုးကိုတော့ လှောင်ပြောင်ခဲ့ကြပါတယ်။ အက်ရှ်လေဟာ သူမကို ၂၀၁၄ ခုနှစ်က လိုက်လံပိုးပန်းခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက သူမဟာ သတင်းထောက်တွေကို ဒီအကြောင်း ဖွင့်ပြောခဲ့ပြီး လက်ခံသင့်မခံသင့် အကြံဉာဏ် ရယူခဲ့ပါတယ်။

မင်းသား ဟယ်ရီကတော့ အက်ရှ်လေကိုးက သူ့ရဲ့ ချစ်ဇနီးလောင်းလေးကို သွေးဆောင်ခဲ့တဲ့ အပေါ် အမှတ်မထားဘဲ ပျော်ပျော်ရွှင်ရွှင်ပဲ မင်္ဂလာပွဲကို ဆင်နွှဲခဲ့ပါတယ်။ သတင်းတွေအရတော့ မင်းသားဟယ်ရီဟာလည်း အက်ရှ်လေကိုးရဲ့ ဇနီးသည်ဖြစ်ခဲ့ဖူးသူ ချယ်ရီနဲ့ ကလူကျီစယ်တဲ့ စကားလုံးတွေကို ပြောဆိုခဲ့ဖူးတယ်လို့ ဆိုပါတယ်။ အက်ရှ်လကိုးနဲ့ ချယ်ရီးကိုးတို့ နှစ်ဦး ကွာရှင်းပြတ်စဲမှု ပြုလုပ်နေစဉ် ၂၀၁၀ ခုနှစ် မတိုင်ခင်မှာပဲ မင်းသား ဟယ်ရီဟာ ချယ်ရီကိုးအပေါ် သူ့ရဲ့ ချစ်ခင်နှစ်သက်မှုကို ထုတ်ဖော်ပြသခဲ့ပါတယ်။

၂၀၁၂ ခုနှစ်တုန်းက ဟယ်ရီနဲ့ ချယ်ရီတို့ဟာ Sussex မြို့စားကြီး ရဲ့ စိတ်ရတု အခမ်းအနားမှာ အတူတူလမ်းလျှောက်ခဲ့ကြပြီး ‘၀တ်စုံပြည့် ၀တ်ထားတဲ့သူကို မင်းကစိတ်ဝင်စားတယ်လို့ ငါကြားထားတယ်’ လို့ မင်းသားဟယ်ရီက ချယ်ရီကို ပြောခဲ့လို့ ချယ်ရီတစ်ယောက် ရှက်သွေးဖြာခဲ့ရပါသေးတယ်လို့ သတင်းတွေက ဆိုပါတယ်။ ချယ်ရီကလည်း ရုပ်ချောသဘောကောင်းတဲ့ တော်ဝင်မင်းသား ဟယ်ရီကို လက်ထပ်ဖို့ စိတ်ကူးယဉ်နေတယ်လို့ Maire Claire မဂ္ဂဇင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီလိုဇာတ်လမ်းတွေ ရှိခဲ့ကြပေမယ့်လည်း အခုအချိန်မှာတော့ မင်းသား ဟယ်ရီနဲ့ မီဂန်တို့ဟာ တစ်ဦးပေါ်တစ်ဦး နားလည်မှုတွေနဲ့ ရှေ့ဆက်ခဲ့ကြပြီး ပျော်ရွှင်စရာ အသိုက်အမြုံကလေးတစ်ခုကို ဖန်တီးနိုင်ခဲ့ကြပါပြီ။

REF_

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …