Thursday , November 1 2018
Home / FNews / ခဏခဏလက်နဲ့ ကိုင်တွယ်ထိတွေ့ဖို့မသင့်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ၇ ခု

ခဏခဏလက်နဲ့ ကိုင်တွယ်ထိတွေ့ဖို့မသင့်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ၇ ခု

 

ခန္ဓာကိုယ်မှာ လက်နဲ့ ကိုင်တွယ်ထိတွေ့ဖို့ မသင့်တဲ့ အစိတ်အပိုင်း ၇ ခု ရှိတယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ ဒီနေရာတွေက ဘယ်နေရာတွေလဲ၊ ဘာလို့ ထိတွေ့ကိုင်တွယ်ဖို့ မသင့်တာလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ရှင်းပြပေးသွားမှာပါ။

၁။ မျက်နှာ

မျက်နှာမှာ ၀က်ခြံတွေပေါက်နေပြီလား။ ဒါဆိုရင်တော့ မျက်နှာကို ခဏခဏကိုင်မိတဲ့ လက်တွေကို အပြစ်တင်ရမှာပါ။ မျက်နှာမသစ်ခင် မျက်နှာကို လက်နဲ့ ထိတွေ့တော့မယ်ဆိုရင်တောင်မှ လက်ကို ဆပ်ပြာနဲ့ အရင်ဆေးသင့်ပါတယ်။ ရောဂါပိုး အတော်များများဟာ လက်နေနေ မျက်နှာကို ကူးစက်တာဖြစ်ပြီး မျက်နှာကို လက်နဲ့ ခဏခဏ ထိနေရင်တော့ ရောဂါပိုးတွေအများကြီး မျက်နှာဆီကို ၀င်ရောက်လာနိုင်ပါတယ်။

၂။ မျက်လုံး

မျက်လုံးယားယံခြင်းဖြစ်တယ်ဆိုတာ မျက်လုံးကို လက်နဲ့ ခဏခဏ ပွတ်သပ်မိခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မျက်လုံး ယားယံနေတယ်ဆိုရင် မျက်လုံးကို လက်နဲ့ ပွတ်သပ်လိုက်မယ့်အစား မျက်စဉ်ခပ်ပေးတာဟာ ပိုပြီးသင့်တော်ပါတယ်။ မျက်လုံးဟာ ခန္ဓာကိုယ်ရဲ့ အနူးညံ့ဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်ပြီး မျက်လုံးပိုးဝင်ခြင်းအတော်များများဟာ မျက်လုံးကို လက်နဲ့ ခဏခဏ ထိမိခြင်းကနေ ကူးစက်လာတာပါ။

၃။ တင်

တင်ပါးရဲ့ မစင်စွန့်တဲ့နေရာတစ်ဝိုက်ဟာ အရမ်းကို ထိရှလွယ်ပြီး လက်ကနေ ကူးသက်ပြန့်ပွားနိုင်တဲ့ ဘက်တီးရီးယားတွေရှိနေပါတယ်။ ဒီဘက်တီးရီးယားတွေဟာ ခန္ဓာကိုယ်တခြားအစိတ်အပိုင်းတွေအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ သေသေချာချာရေဆေးထားမယ်ဆိုရင်တောင်မှ ဒီနေရာမှာ ဘက်တီးရီးယားတွေကင်းစင်နေပါတယ်လို့ မဆိုနိုင်ပါဘူး။

၎။ လက်သည်းအောက်ခြေက အရေပြား

လက်သည်းအောက်ခြေက အရေပြားလေးတွေဟာ အရမ်းကို နူးညံ့ပြီး ထိရှလွယ်တာကြောင့် အရမ်းကို ဂရုစိုက်ရမှာပါ။ ဒီနေရာဟာ ရောဂါပိုးတွေခိုအောင်းနိုင်တဲ့ နေရာဖြစ်နိုင်ရုံမက မှိုတွေပါ ပေါက်ပွားနိုင်ပါသေးတယ်။ ဒါကြောင့် လက်သည်းအောက်ခြေက အရေပြားကို ထိုးဆွခြင်းမပြုလုပ်သင့်ပါဘူး

၅။ နား

နားကို ကလော်တတ်တဲ့ အကျင့်ရှိတယ်ဆိုရင်တော့ ဒီအကျင့်ကို ပြင်ဖို့သင့်ပါပြီ။ ဘာကြောင့်လဲဆိုတော့ နားရဲ့ နူးညံ့တဲ့ အသားနုလေးတွေဟာ နားကို ကလော်ခြင်းကြောင့် ထိခိုက်ပျက်စီးတတ်လို့ဖြစ်ပါတယ်။ လက်တွေမှာလည်း ရောဂါပိုးတွေရှိနေနိုင်တာကြောင့် နားထဲကို လက်နဲ့ မနှိုက်တာဟာ အကောင်းဆုံးပါ။

၆။ ပါးစပ်

အပေါ်မှာပြောခဲ့တဲ့အတိုင်းပဲ လက်တွေမှာ ရောဂါပိုးပေါင်းစုံးကပ်တွယ်နေနိုင်တာကြောင့် လက်တွေကို ပါးစပ်ထဲထည့်ခြင်းဟာ တကယ်ကို မကောင်းတဲ့ အကျင့်တစ်ခုပါ။ ဒါကြောင့် လက်ကို သေသေချာချာဆေးကြောထားရင်တောင်မှ လက်တွေကို ပါးစပ်ထဲမထည့်တာ အကောင်းဆုံးပါ။

၇။ နှာခေါင်းပေါက်

နှာခေါင်းပေါက်ထဲကို လက်နဲ့နှိုက်ဖို့ မသင့်ဘူးလို့ ဆရာဝန်တွေက ပြောပါတယ်။ နှာခေါင်းကို သန့်ရှင်းရေးလုပ်ချင်ရင်တော့ ပိုးသတ်ထားတဲ့လက်ကိုင်ပ၀ါကို သုံးဖို့ အကြံပေးထားပါတယ်။ လေ့လာမှုတွေအရ နပ်ချေးကလော်တတ်တဲ့သူတွေဟာ မကလော်တတ်တဲ့သူတွေထက် ဖျားနာခြင်းပိုမိုဖြစ်စေတယ်လို့ဆိုပါတယ်။

Ref

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …