Thursday , November 1 2018
Home / FNews / လူလတ်ပိုင်းအရွယ်မှာ သွားနှစ်ချောင်းထက်ပိုပြီး ကျိုးခြင်းဟာ နှလုံးရောဂါပိုမိုဖြစ်စေနိုင်မယ့် လက္ခဏာဖြစ်တယ်လို့ဆို

လူလတ်ပိုင်းအရွယ်မှာ သွားနှစ်ချောင်းထက်ပိုပြီး ကျိုးခြင်းဟာ နှလုံးရောဂါပိုမိုဖြစ်စေနိုင်မယ့် လက္ခဏာဖြစ်တယ်လို့ဆို

 

လူတစ်ယောက်ဟာ သက်လတ်ပိုင်း အရွယ်မှာ သွားနှစ်ချောင်းထက် ပိုကျိုးမယ်ဆိုရင် နှလုံးရောဂါ ကိုပိုမိုဖြစ်စေနိုင်တယ် လို့သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ လေ့လာမှုတွေအရ သွားနှစ်ချောင်းထက်ပို ကျိုးထားတဲ့ အသက် ၄၅ မှ  ၆၉ ကြားရှိတဲ့ လူပေါင်း ၆၁၀၀၀ လောက်ဟာ သွားလုံးဝ မဆုံးထားတဲ့လူတွေထက် နှလုံးရောဂါ ပိုဖြစ်တယ်လို့ သိရပါတယ်။ အစောပိုင်းလေ့လာမှုတွေမှာ သွား ၂၅ ချောင်းကနေ ၃၂ ချောင်း ရှိကြတဲ့ လူလတ်ပိုင်းတွေဟာ သွားနှစ်ချောင်းထက်ပိုဆုံးရူံးတဲ့အခါ နှလုံးရောဂါဖြစ်ပွားမှု ကိုမြင့်တက်စေနိုင်ပါတယ်လို့ ဖော်ပြခဲ့ကြပါတယ်။ ဒါ့အပြင် လူတွေရဲ့ အစာတဲ့ ပုံစံတွေ၊ ခန္ဓာကိုယ်လှုပ်ရှားမှုတွေ၊ ကိုယ်အလေးချိန၊် သွေးတိုးရောဂါ စတာတွေကလဲ ရောဂါဖြစ်ပွားမှုကို တိုးစေပါတယ်။ 

သွားတစ်ချောင်းသာ ဆုံးရူံးထားသူတွေကတော့ ရောဂါဖြစ်ပွားမှုမမြင့်နိုင်ပင်မယ့် ပင်ကိုယ်ရှိနေတဲ့ သွားတွေကိုက ၁၇ ချောင်းထက်နည်းနေရင်တော့ ၂၅ ရာခိုင်နှုန်း နီးပါးလောက် ရောဂါဖြစ်ပွားနိုင်မှုကို ပိုစေပါတယ်။ လေ့လာသူတွေကတော့ သွားကျိုးတဲ့ အရေအတွက်နဲ့ ရောဂါဖြစ်ပွားခြင်း ဆက်စပ်မှုကို မခန့်မှန်းနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကျွမ်းကျင်ပညာရှင်တွေကတော့ ရောဂါပိုးမွှားတွေက ပါးစပ်ကနေတဆင့် သွေးကြောတွေကိုသွားလာနိုင်ပြီး သွေးကြောရောင်ရမ်းခြင်းလိုမျိုး နှလုံးနဲ့ဆက်စပ်တဲ့ ရောဂါတွေ ဖြစ်ပွားစေနိုင်ပါတယ်လို့ ပြောခဲ့ဖူးပါတယ်။

နှလုံးရောဂါဟာဆိုရင် အင်္ဂလန်နိုင်ငံရဲ့ လူသေဆုံးမှုအများဆုံးရောဂါတွေထဲမှာ တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာနှစ်စဉ် လူ၃၇၀၀၀၀ခန့်ဟာ နှလုံးရောဂါကြောင့် သေဆုံးနေပြီး အင်္ဂလန်နိုင်ငံမှာတော့  လူဦးရေရဲ့ ၂၂ ရာခိုင်နှုန်းခန့်ဟာ အရွယ်မတိုင်ခင် သေဆုံးနေရပါတယ်။  ဒါပေမယ့် ဒီရောဂါကို ဖြစ်စေမယ့် အခြေအနေတော်တော်များများကို တားဆီးကာကွယ်နိုင်ပါတယ် လို့ အင်္ဂလန်နိုင်ငံ အမျိုးသားကျန်းမာရေး ၀န်ဆောင်မှု NHS ကပြောခဲ့ပါတယ်။

နှလုံးဆီကို သွေးတွေ ပို့လွှတ်ပေးတဲ့ သွေးလွှတ်ကြောတွေအထဲမှာ အဆီတွေအနည်ထိုင်မှုကြောင့် နှလုံးရောဂါဖောက်ရခြင်းပဲ ဖြစ်ပါတယ်။ နှလုံးရောဂါဖြစ်နှိင်ခြေအများဆုံးလူတွေကတော့ ဆေးလိပ်သောက်တဲ့သူတွေ၊ ကိုလက်စထရောဓါတ်မြင့်မားသူတွေ၊ သွေးပေါင်ချိန်များသူတွေနဲ့ ဆီးချို၊  သွေးချိုရောဂါရှိသူတွေပဲ ဖြစ်ပါတယ်။ ယခင်လေ့လာမှုတွေကတော့ နှလုံးရောဂါနဲ့ သွားကျန်းမာရေးဟာ ဆက်စပ်မှုရှိကြောင်း၊ ခံတွင်းပိုင်းကျန်းမာရေး ညံ့ဖျင်းဖြင်းက နှလုံးရောဂါ ဖြစ်ပွားမှု မြင့်မားခြင်းရဲ့ လက္ခဏာဖြစ်ကြောင်း ပြောကြားထားပါတယ်။

ဒီလေ့လာမှုကိုတော့ ပြီးခဲ့တဲ့လကကျင်းပခဲ့တဲ့  အမေရိကန်အခြေစိုက် နှလုံးကျန်းမာရေး အဖွဲ့အစည်းဝေးပွဲတွင် ဖော်ပြခဲ့တာဖြစ်ပါတယ်။ သွားနှစ်ချောင်းထက်ပို ဆုံးရူံးထားသူတွေဟာ နှလုံးရောဂါဖြစ်ပွားနိုင်ခြေ ၁၆ ရာခိုင်နှုန်း ပိုများပြီး ဒီထဲကမှ သွား ၂၅ ချောင်းကနေ ၃၂ ချောင်းသာရှိတဲ့ သူတွေကတော့ သွားလုံးဝမကျိုးဖူးသူတွေထက် ၂၃ ရာခိုင်နှုန်း ပိုပြီး ရောဂါဖြစ်ပွားနိုင်ပါတယ်။ သွားနှင့် နှလုံးဆိုင်ရာ ဆက်စပ်အဖွဲ့အစည်းတွေရဲ့ တွေ့ရှိချက်တွေအရတော့ သက်လတ်ပိုင်းအရွယ်မှာ သွားနှစ်ချောင်းထက်ပိုဆုံးရူံးခြင်းက နှလုံးရောဂါဖြစ်ပွားနိုင်မှု အမြင့်ဆုံးဖြစ်တယ်လို့ NewOrleans မှာရှိတဲ့ Tulane တက္ကသိုလ်က လေ့လာသူ ဒေါက်တာ Lu Qi က ပြောကြားခဲ့ပါတယ်။ လေ့လာသူတွေက ၁၉၈၆ နဲ့ ၁၉၉၂ ခုနှစ်တွေတုန်းက “the Nurses’ Health Study(NHS)” မှ အမျိုးသမီးများရဲ့ သွားအရေအတွက်၊ “ the Health Professionals Follow-Up Study(HPFS)” မှ အမျိုးသားမှားရဲ့ သွားအရေအတွက်တွေကို စစ်တမ်းကောက်ခဲ့ပါတယ်။ အဲဒီမှာ သက်လတ်ပိုင်းအရွယ်ရှိ ပါဝင်သူ ၆၀၉၆၇ ဦးတို့မှာ နှလုံးရောဂါဖြစ်ပွားနေကြောင်း သိရပါတယ်။ ဒါပေမယ့် ဒေါက်တာ Qi ကတော့ သွားနဲ့ နှလုံး ကျန်းမာရေးကြားဆက်စပ်မှုက သိပ်မသဲကွဲသေးပါဘူး လို့ ထပ်မံပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လက ကျင်းပခဲ့တဲ့ အရေပြားရောဂါ ကုသခြင်း၊ ကာကွယ်ခြင်းနဲ့ နှလုံးကျန်းမာရေး ဆွေးနွေးပွဲမှာ ဒေါက်တာ Qi က သွားဆုံးကျိုးခြင်းဆိုတာဟာ နှလုံးရောဂါဖြစ်နိုင်ခြေကို ညွှန်ပြနေတဲ့ ဆိုးရွားတဲ့ ပြောင်းလဲမှု တစ်ခုပဲလို့ ပြောခဲ့ပါတယ်။ အမေရိကန် အခြေစိုက် နှလုံးအဖွဲ့အစည်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ Rusell Luepker က “ဒါဟာ အရမ်းအရေးကြီးပြီး လူတိုင်းဆင်ခြင်ရမယ့် လူမှုပြသာနာတစ်ခု ပါပဲ၊။ ကျွန်တော်တို့ သွားတွေကို တကယ်ဂရုစိုက်ချင်တယ် ဆိုရင်တော့ လုပ်နိုင်တာ တစ်ခုပဲရှိပါတယ်။ အဲဒါကတော့ သွားကောင်းကောင်းတိုက်ပေးဖို့နဲ့ သွားတွေကို ဂရုစိုက်ပေးဖို့ပါပဲ။ ဒါဟာ အကောင်းဆုံးအာမခံချက်ပါ။” လို့ ပြောကြားခဲ့ပါတယ်။

Reff :

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …