Thursday , November 1 2018
Home / FNews / ကမ္ဘာ့ အထူးဆန်းဆုံး အလှအပအတွက် အသုံးပြုကြတဲ့ နည်းလမ်းတွေ

ကမ္ဘာ့ အထူးဆန်းဆုံး အလှအပအတွက် အသုံးပြုကြတဲ့ နည်းလမ်းတွေ

 

ဒီနေ့ခေတ်မှာဆိုရင် အလှအပလို့ပြောလိုက်ပြီဆိုတာနဲ့ မျက်နှာကို ဆေးကြောသန့်စင်ပေးခြင်း၊ Toner လိမ်းပေးခြင်း၊ အသားအရေ စိုပြေအောင်ပြုလုပ်ခြင်းလောက်နဲ့ မလုံလောက်တော့ပါဘူး။ အမျိုးသမီးတွေဟာ လှပတဲ့အသားအရေရရှိဖို့ သာမာန်အိမ်တွင်းပစ္စည်းတွေကိုပဲ သုံးတဲ့ခေတ်က ကုန်သွားပါပြီ။ အခုချိန်မှာဆိုရင်တော့ ကမ္ဘာတစ်လွှားမှာရှိတဲ့ အလှအပ ပညာရှင်တွေက သူမတူအောင် ထူးဆန်းတဲ့ အလှအပဆိုင်ရာနည်းလမ်းတွေနဲ့ လူမှုကွန်ရက်တွေမှာ အပြိုင်အဆိုင် ကြီးစိုးနေပါပြီ။ ကဲ ဒါဆို လူတွေက ဘယ်လိုထူးဆန်းတဲ့နည်းလမ်းတွေကို အလှအပအတွက်သုံးနေကြလဲ ကြည့်လိုက်ရအောင်။

၁။ မျှော့ကို အသုံးပြုခြင်း

လူတွေဟာ သူတို့မျက်နှာပေါ်မှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ဖို့အတွက် မျှော့ကို အသုံးပြုလာကြပါပြီ။ မျှော့ကောင်လေးတွေကို မျက်နှာပေါ်တင်လိုက်တဲ့အခါမှာ သူတို့က မျက်နှာပေါ်မှာရှိတဲ့ သွေးကြောတွေကနေ အဆိပ်အတော်တွေ ပါဝင်နေတဲ့ သွေးတချို့ကို စုပ်ယူလိုက်ပြီး မိနစ်အနည်းငယ်ကြာတဲ့အခါမှာတော့ အောက်ပြုတ်ကျသွားတတ်ကြပါတယ်။ ဒီနည်းအားဖြင့်လူတွေက မျှော့ကို အသုံးပြုလာကြပါတယ်။

၂။ ငှက်ချေး မျက်နှာသစ်ဆေး

ဥရောပ အမျိုးသမီးတွေရဲ့ အသည်းစွဲဖြစ်တဲ့ ဂျပန်နိုက်တင်ဂေးငှက်ရဲ့ မစင်ကနေ လုပ်ထားတဲ့ ငှက်ချေး မျက်နှာသစ်ဆေး ကတော့ မှော်ပညာနဲ့ ဖန်တီလိုက်တယ်လို့ထင်ရအောင် အစွမ်းထက်တယ်လို့ သိရပါတယ်။ ငှက်ချေးကို အခြောက်ခံပြီး သုံးကြတဲ့ ဒီမျက်နှာသစ်ဆေးဟာဆိုရင် ခြောက်သွေ့နေတဲ့ အသားအရေကို ပြန်လည်စိုပြေစေတဲ့အပြင် ဝက်ခြံတွေကိုပါ ဖယ်ထုတ်ပေးနိုင်တယ် လို့ဆိုပါတယ်။

၃။ ဖိုအင်္ဂါ မျက်နှာသစ်ဆေး

ဒါကတော့ လုံးဝအံ့သြဖို့ကောင်းတဲ့ နည်းလမ်းတစ်ခုပါပဲ။ ဒါပေမယ့် ဒီနည်းလမ်းဟာ ကမ္ဘာတစ်လွှားမှာ အရမ်းရေပန်းစားနေတဲ့ နည်းတစ်ခုပါ။ ကိုးရီးယားနိုင်ငံလိုနေရာမျိုးမှာတောင် အထူးရေပန်းစားတဲ့ ဒီနည်းလမ်းဟာ ဆိုရင်တော့ မွေးခါစကလေးရဲ့ လိင်တံထိပ်ဖျားမှ ရရှိတဲ့ မျိုးရိုးဗီဇဆဲလ် ကို အသုံးပြုကြတာပါလို့ သိရပါတယ်။ ဒီနည်းဟာ အသားအရေကို ပြန်လည်နုပျိုစေမှာဖြစ်ပေမယ့် ဆေးရဲ့ အနံ့ကတော့ သုတ်ရည်ရဲ့အနံ့လို အနံ့မျိုး ဖြစ်နေပါတယ်။

၎။ ပျားအဆိပ်ဖြင့် မျက်နှာပေါင်းတင်ခြင်း

ကမ္ဘာကျော် တော်ဝင်မင်းသမီးတစ်ပါးဖြစ်တဲ့ Kate Middleton ကိုယ်တိုင် ကတောင်သုံးကြည့်ဖို့ တိုက်တွန်းထားတဲ့ ဒီပေါင်းတင်ခြင်းဟာဆိုရင် အသားအရေကို Botoxထိုးထားသလိုမျိုး တင်းရင်းလှပစေပြီး ပြီးပြည့်စုံစေတဲ့ နည်းတစ်နည်းဖြစ်ပါတယ်။

၅။ ခရုရဲ့ အကျိအချွဲများဖြင့် ပေါင်းတင်ခြင်း

အမျိုးသမီးတစ်ချို့ကတော့ ခရုတွေရဲ့ အကျိအချွဲတွေနဲ့ ပေါင်းတင်ရတာကို ကြိုက်နှစ်သက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအကျိအချွဲတွေမှာ ပျက်စီးနေတဲ့အသားအရေကိုပြန်လည်ပြုပြင်ပေးတဲ့ ဂလိုင်ကိုလစ်အက်စစ်၊ ပရိုတင်းနဲ့ အီလက်စတင်းဓာတ်တွေပါဝင်လို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် ညစ်ထေးနေတဲ့အသားအရေကိုလည်း ပြန်လည်ကြည်လင်စေပါတယ်။

၆။ ကြောင်မစင်

သင့်ဆီမှာကြောင်တစ်ကောင် ရှိတယ်ဆိုရင်တော့ ဒီနည်းဟာ အရမ်းအဆင်ပြေတဲ့နည်းတစ်နည်း ဖြစ်လာမှာပါ။ ဟောလိဝုဒ် အနုပညာရှင်တစ်ချို့ရဲ့ လျှို့ဝှက်နည်းတစ်ခုဖြစ်တဲ့ ဒီနည်းဟာ မျက်နှာအရေပြားက ဆဲလ်အသေတွေကို အလွှာလိုက်ကွာကျစေပြီး အံ့သြဖွယ်ကောင်းတဲ့ရလဒ်ကို ပိုင်ဆိုင်စေမှာပါ။

၇။ မြွေ အသုံးပြုခြင်း.

တကယ်လို့ သင့်မှာသတ္တိရှိတယ်ဆိုရင်တော့ မြွေကိုသုံးပြီး နှိပ်နယ်ခြင်းဟာ အကောင်းဆုံး အပန်းဖြေနည်းတစ်နည်းပါပဲ။ အစ္စရေးမှာရှိတဲ့ မြွေကိုအသုံးပြုတဲ့ နာမည်ကြီး အလှပြုပြင်ဆိုင် တစ်ဆိုင်က ဒီလိုကြက်သီးမွေးထလောက်တဲ့ နည်းလမ်းကို စတင်တီထွင်ခဲ့တာဖြစ်ပါတယ်။ ကြောက်ဖိုကောင်းပေမယ့် ဒီနည်းလမ်းဟာ အကောင်းဆုံး အပန်းဖြေ နှိပ်နယ်နည်း လို့သိရပါတယ်။

၈။ ပါးရိုက်ခြင်း နည်းလမ်း

ဆန်ဖရန်စ္စကိုမြို့မှာ ရှိတဲ့နာမည်ကြီး အလှပြင်ဆိုင်တစ်ခုမှာတော့ မျက်နှာပေါ်က အရေးကြောင်းတွေကို ပြန်လည် တင်းရင်း ကောင်းမွန်လာစေဖို့ မျက်နှာကို ပါးရိုက်ခြင်း၊ လက်ဖြင့် ဖျစ်ညှစ်ခြင်းနဲ့ ပွတ်သပ်ခြင်း နည်းလမ်းတွေကို အသုံးပြုကြပါတယ်။

Reff :  https://m.timesofindia.com/life-style/beauty/worlds-most-bizarre-beauty-trends/photostory/63747201.cms

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …