Thursday , November 1 2018
Home / FNews / ပရော်ဖက်ဆာ စတီဗင်ဟော့ကင်ရဲ့ အရိုးပြာကို နယူတန်ရဲ့ အုတ်ဂူအနီးမှာ မြှပ်နှံမယ်

ပရော်ဖက်ဆာ စတီဗင်ဟော့ကင်ရဲ့ အရိုးပြာကို နယူတန်ရဲ့ အုတ်ဂူအနီးမှာ မြှပ်နှံမယ်

 

ထင်ရှားတဲ့ ရူပဗေဒပညာရှင်ကြီး စတီဗင်ဟော့ကင် ကွယ်လွန်ခဲ့ပြီး တစ်ပတ်ခန့်အကြာမှာပဲ ဈပနအခမ်းအနားကို ပြုလုပ်မယ့်အစီအစဉ်တွေကို ကျန်ရစ်သူ မိသားစုက ကြေငြာခဲ့ပါတယ်။ စတီဗင်ဟော်ကင်ရဲ့ ဈာပနအခမ်းအနားကို လာမယ့် မတ်လ ၃၁ ရက်နေ့၊ စနေနေ့မှာ ကင်းဘရေ့ခ်ျ တက္ကသိုလ်ဝင်းထဲမှာရှိတဲ့ ဂရိတ် စိန်မေရီ ဘုရားရှိခိုးကျောင်းမှာ ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဘုရားကျောင်းဟာ ဟော်ကင်း ၅၂ နှစ်တာ ကာလုံး ကျင်လည်ကျက်စားခဲ့တဲ့ ကောလိပ်အဆောင်နှစ်ဆောင်ဖြစ်တဲ့ Gonville နဲ့ Caius တို့နဲ့ နီးပါတယ်။

၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက် နေ့လည် ၂ နာရီမှာ ကျင်းပမယ့် သီးသန့် ဈာပနအခမ်းအနားကို မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို တတ်ရောက်ဖို့ ဖိတ်ကြားထားပါတယ်။ ဈာပနပွဲအပြီးမှာတော့ Trinity ကောလိပ်မှာ သီးသန့် ဧည့်ခံပွဲတစ်ခုကိုလည်း ပြုလုပ်ဖို့ကိုလည်း စီစဉ်ထားပါတယ်။ ဒီနှစ်နှောင်းပိုင်းလောက်မှာတော့ ဟော့ကင်ရဲ့ အရိုးပြာကို ကျေးဇူးတော်ချီးမွမ်းပွဲလုပ်နေစဉ်အတွင်း ဆာအိုင်းစက် နယူတန်ကို မြှပ်နှံထားတဲ့ အုတ်ဂူဘေးက Westminster Abbey မှာ မြှပ်နှံမှာ ဖြစ်ပါတယ်။

ကင်းဘရေ့ခ်ျမြို့ဟာ ဟော့ကင်ချစ်တဲ့ မြို့လည်းဖြစ်၊ ဟော့ကင့်ကို ချစ်တဲ့ မြို့လည်းဖြစ်တာကြောင့် ဈာပနအခမ်းအနားကို ကင်းဘရေ့မြို့မှာပဲ ပြုလုပ်ဖို့ စီစဉ်ခဲ့တာဖြစ်တယ်လို့ ဟော့ကင်ရဲ့ ကလေးတွေဖြစ်ကြတဲ့ လူစီ၊ ရောဘတ်နဲ့ တင်မ် တို့က ပြောပါတယ်။ ဟော့ကင်းရဲ့ မိသားစုရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ သူတို့ရဲ့ ဖခင်ကြီးကို ဂုဏ်ပြုပေးခဲ့သူတွေ၊ ၀မ်းနည်းကြောင်း စာပို့ပေးခဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်လို့ ဟော့ကင်ရဲ့ ကလေးတွေက ပြောကြားခဲ့ပါတယ်။

သူတို့ဖခင်ကြီး လုပ်ဆောင်ခဲ့တဲ့ အလုပ်တွေဟာ ကိုးကွယ်ရာ ဘာသာတရားရှိတဲ့သူတွေအတွက်ရော ဘာသာမဲ့တွေအတွက်ပါ အကျိုးကျေးဇူး အများအပြား ဖြစ်ထွန်းစေခဲ့ပါတယ်။ သူဟာ လူအများရဲ့ အတုယူစရာ စံပြပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ ဈာပနပွဲမှာလည်း သူ့ဘ၀ရဲ့ ပုံရိပ်တွေ ထင်ဟပ်နေမှာ ဖြစ်ပါတယ်။

စတီဗင်ဟော့ကင်ရဲ့ ကြွင်းကျန်တဲ့အရိုးတွေနဲ့ ပြာတွေကို သူလိုမျိုး အောင်မြင်ကျော်ကြားခဲ့တဲ့ ပညာရှင်တစ်ဦးဖြစ်တဲ့ အိုင်းဆက် နယူတန်ရဲ့ အုတ်ဂူဘေးမှာ မြှပ်နှံတာဟာ သင့်တော်တဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ Westminster ဘုရားရှိခိုးကျောင်းက ဘုန်းတော်ကြီးတစ်ဦးဖြစ်သူ The Very Reverend Dr John Hall က ပြောပါတယ်။ နယူတန်ကိုတော့ ၁၇၂၇ ခုနှစ်က ဒီဘုရားကျောင်းမှာပဲ မြှပ်နှံခဲ့တာဖြစ်ပြီး ၁၈၈၂ ခုနှစ်မှာ ချားလ်ဒါဝင်ရဲ့ အလောင်းကိုလည်း နယူတန်ရဲ့ အုတ်ဂူဘေးမှာ မြှပ်နှံထားပါသေးတယ်။

တခြားအောင်မြင်ကျော်ကြားတဲ့ သိပ္ပံပညာရှင်တွေကိုလည်း ဒီဘုရားကျောင်းရဲ့ အနီးတ၀ိုက်မှာပဲ မြှပ်နှံထားတာဖြစ်ပြီး နောက်ဆုံးအနေနဲ့ အတောမစ် ရူပဗေဒပညာရှင် အားနက် ရက်သာဖို့ဒ်ကို ၁၉၃၇ ခုနှစ်မှာ မြှပ်နှံခဲ့ပြီး ၁၉၄၀ မှာ ဂျိုးဇက် ဂျွန် သော်မဆင်ကို မြှပ်နှံခဲ့ပါတယ်။

REF

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …