Thursday , November 1 2018
Home / FNews / သုတ်ပိုးအရေအတွက်နည်းတဲ့ အမျိုးသားတွေမှာ နှလုံးရေဂါနဲ့ ဆီးချိုရောဂါတွေဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းပိုများ

သုတ်ပိုးအရေအတွက်နည်းတဲ့ အမျိုးသားတွေမှာ နှလုံးရေဂါနဲ့ ဆီးချိုရောဂါတွေဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းပိုများ

 

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ သုတ်ပိုးအရေအတွက် နည်းတဲ့ အမျိုးသားတွေဟာ နှလုံးရောဂါ ဆီးချိုရောဂါ စတဲ့ ရောဂါတွေဖြစ်ပွားနိုင်ခြေ ၂၀ ရာခိုင်နှုန်းခန့် ပိုပါတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ လူပေါင်း ၅၀၀၀ ပါဝင်ခဲ့တဲ့ ဒီစမ်းသပ်မှုအသစ်ထဲမှာတော့ သွေးပေါင်တတ်တာ၊ ကိုလက်စထရောတတ်တာ၊ ခန္ဓာကိုယ်မှာ အဆီများတာ စတာတွေဟာ သုတ်ပိုးအရေအတွက်နည်းတဲ့ အမျိုးသားတွေမှာ ၂၀ ရာခိုင်နှုန်း ပိုအဖြစ်များတယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။

အမျိုးသား ၂၀ မှာ တစ်ယောက်လောက်ဟာ သန္ဓေအောင်ခြင်းနဲ့ ပတ်သတ်တဲ့ ပြသနာတစ်မျိုးမျိုးကို ခံစားနေရပြီး သုတ်ပိုးအရေအတွက်လည်း နည်းပါးပြီး ပိုးတွေရဲ့ ကျန်းမာမှုကလည်း ညံ့ဖျင်းတတ်ကြပါတယ်။ အီတလီနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ဒီလေ့လာမှုအရ အမျိုးသားတွေအနေနဲ့ သူတို့ရဲ့ ဘ၀သက်တမ်းတလျှောက်မှာ ဖြစ်လာနိုင်တဲ့ ရောဂါတွေကို သိရှိနိုင်ဖို့ သုတ်ပိုးအရေအတွက် နည်းခြင်းများခြင်းကို ကြည့်ရှုစစ်ဆေးနိုင်ပါတယ်လို့ ဖော်ပြထားပါတယ်။

စုံတွဲ ၁၀ ယောက်မှာ တစ်ယောက်ဟာ သန္ဓေအောင်ခြင်းနဲ့ ပတ်သတ်တဲ့ ပြသနာတွေရှိကြပြီး အမျိုးသားတွေရဲ့ သုတ်ပိုးအရေအတွက်ပမာဏဟာလည်း ကမ္ဘာတစ်ဝှမ်းလုံးမှာ ကျဆင်းနေပါတယ်။ ဒီလိုကျဆင်းနေတာဟာ နောက်ထပ်တခြားရောဂါတွေဖြစ်ပေါ်စေနိုင်တဲ့ အရေးကြီးတဲ့ လက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။ သုတ်ရည်ပမာဏရဲ့ တစ်မီလီမီတာမှာ ပါဝင်တဲ့ သုတ်အကောင်ရေဟာ ၁၅ သန်းအောက်ရောက်နေပြီဆိုရင်တော့ သုတ်ပိုးအရေအတွက် နည်းနေတယ်လို့ ယူဆနိုင်ပြီး ဒီလို သုတ်ပိုးအရေအတွက် နည်းရတဲ့ အကြောင်းအရင်းကတော့ မျိုးရိုးဗီဇကြောင့်လည်းဖြစ်နိုင်သလို နေထိုင်မှု ပုံစံနဲ့လည်း သက်ဆိုင်နေပါတယ်။

အမျိုးသားတွေမှာ ဟော်မုန်းပုံမမှန်ဖြစ်မှုနဲ့ ခန္ဓာကိုယ်အလိုအလျောက်တုန့်ပြန်မှုစနစ်တွေကြောင့် သုတ်ပိုးထုတ်လုပ်မှုကို လျော့ကျစေတယ် ဒါမှမဟုတ် သုတ်ပိုးတွေကို ပျက်စီးစေပါတယ်။ စိတ်ဖိစီးမှု၊ အရက်သောက်မှုနဲ့ အ၀လွန်မှုတွေကြောင့်လည်း သုတ်ပိုးအရေအတွက် လျော့နည်းနိုင်ပါတယ်။ သုတ်ပိုးအရေအတွက်လျော့နည်းခြင်းဟာ ရောဂါအတော်များများကို ဖြစ်စေပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးခြင်းကိုတောင်ဖြစ်စေနိုင်ပါတယ်လို့ အရင်က ပြုလုပ်ခဲ့တဲ့ သုတေသနတွေက ဖော်ပြခဲ့ပေမယ့်လည်း ဒီသုတေသနတွေထဲမှာ ပါဝင်ခဲ့သူအရေအတွက်ဟာ နည်းပါးခဲ့ပါတယ်။

လေ့လာမှုအသစ်ကတော့ လူပေါင်း အယောက် ၅၀၀၀ လောက်ကိုစမ်းသပ်ခဲ့တာဖြစ်ပြီး ကလေးရဖို့ အခက်အခဲရှိတဲ့ အမျိုးသားတွေဟာ ကောင်းတဲ့ ကိုလက်စထရောဓါတ်တွေလျော့နည်းပြီး မကောင်းတဲ့ ကိုလက်စလထရောဓါတ်တွေ များပြားလာဖို့ ၂၀ ရာခိုင်နှုန်းပိုတယ်ဆိုတာကို တွေ့ရှိခဲ့တာပါ။ ဒါ့အပြင် သုတ်ပိုးအရေအတွက် နည်းတဲ့ အမျိုးသားတွေဟာ လေဖြတ်ခြင်း၊ နှလုံးရောဂါဖြစ်ခြင်း၊ ဆီချိုရောဂါဖြစ်ခြင်း စတဲ့ရောဂါတွေဖြစ်ဖို့ ရာခိုင်နှုန်းပိုများတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် အရက်ဖြတ်ခြင်း၊ ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်ပေးခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ အာဟာရမျှတအောင် စားသောက်ပေးခြင်း စသဖြင့် ကျန်းမာရေးနဲ့ ညီအောင်နေထိုင်မယ်ဆိုရင်တော့ ဒီရောဂါတွေဖြစ်ပွားနိုင်ချေလျော့နည်းလာမှာ ဖြစ်ပါတယ်။

REF

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …