Thursday , November 1 2018
Home / FNews / တစ်ရက်ကို ပေါင် ၄၅၀၀၀ ကျော်အထိ ၀င်ငွေကောင်းခဲ့တဲ့ အဆိုတော် Adele

တစ်ရက်ကို ပေါင် ၄၅၀၀၀ ကျော်အထိ ၀င်ငွေကောင်းခဲ့တဲ့ အဆိုတော် Adele

 

Rolling in the deep ၊ Hello စတဲ့ သီချင်းတွေနဲ့အတူ ပရိတ်သတ်တွေရဲ့ အားပေးမှုအများအပြားကို လက်ခံရရှိခဲ့တဲ့ အဆိုတော် Adele ဟာ ၂၀၀၁၆ ခုနှစ်ထဲမှာတော့ တစ်ရက်ကို စုစုပေါင်းဝင်ငွေ ပေါင် ၁၆.၅ သန်း အထိ ရရှိခဲ့ကာ သူမရဲ့ ၀င်ငွေဟာ တစ်ရက်ချင်းစီကို ပေါင် ၄၅၀၀၀ ကျော်ရှိခဲ့ပါတယ်။ အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ သူမဟာ ကမ္ဘာလှည့်ဖျော်ဖြေမှုမှာ အောင်မြင်ခဲ့တာကြောင့် သူမရဲ့ ၂၀၁၆-၂၀၁၇ ခုနှစ် ၀င်ငွေဟာ မနှစ်ကထက် ပိုလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။

သူမဟာ သူမရဲ့ တတိယမြောက် တေးအယ်လ်ဘမ်းဖြစ်တဲ့ “25” ရဲ့ အောင်မြင်မှုနဲ့အတူ ၀င်ငွေအမြောက်အများ ရရှိခဲ့ပြီး သူမရဲ့ နယ်လှည့်ဖျော်ဖြေပွဲတွေမှာလည်း တစ်ညကို ပေါင် ၅၀၀၀၀၀ ခန့် ၀င်ငွေရရှိခဲ့ပါတယ်။ ဒီဝင်ငွေပမာဏဟာ သူမကို ကမ္ဘာ့ ၀င်ငွေအကောင်းဆုံးအဆိုတော်တွေထဲက တစ်ယောက် ဖြစ်စေခဲ့ပြီး Adele ဟာ သူမရဲ့ ၀င်ငွေတွေကို စေ့စေ့စပ်စပ် အသုံးပြုသူတစ်ယောက်ဖြစ်တာကြောင့် ဒီပိုက်ဆံတွေဟာ သူမအတွက် ပိုတောင်ပိုနေနိုင်ပါတယ်။ သူမရဲ့ အောင်မြင်မှုဟာ တဖြေးဖြေး တိုးတတ်လာပြီး သူမရဲ့ တေးအယ်လ်ဘမ် “25” ကိုလည်း စံချိန်တင် ရောင်းချခဲ့ရပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလထဲမှာ ထွက်ရှိခဲ့တဲ့ သူမရဲ့ တေးအယ်လ်ဘမ်ဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ ကော်ပီ အချပ်ရေပေါင်း သန်း ၂၀ ကျော်အထိ အရောင်းချခဲ့ရပါတယ်။ ဒီရောင်းချမှုရဲ့ တစ်ဝက်နီးပါးဟာ အမေရိကန်နိုင်ငံတစ်နိုင်ငံထဲမှာ တင်ရောင်းချခဲ့ရတာ ဖြစ်ပါတယ်။

နောက်နှစ်မှာတော့ သူမဟာ ကမ္ဘာ့တစ်ဝှမ်းလုံးမှာ ဖျော်ဖြေမှုပေါင်း ၁၂၁ ခုကို ပြုလုပ်ဖို့ စီစဉ်ထားတဲ့အတွက် သူမရဲ့ ၀င်ငွေဟာ အရင်နှစ်က ၀င်ငွေထက် အများကြီး ပိုများလာမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဇူလိုင်လတုန်းက သူမဟာ အသံပိုင်းဆိုင်ရာ ပြသနာတစ်ခုရှိခဲ့တာကြောင့် Wembley အားကစားကွင်းမှာ ဖျော်ဖြေမယ့်အစီအစဉ်ကို ဖျက်ခဲ့ရပြီး ပရိတ်သတ်တွေကို စိတ်ပျက်စေခဲ့ပါတယ်။ သူမဟာ သူမရဲ့ သားလေး Angelo နဲ့အတူ အချိန်တွေကုန်ဆုံးဖို့ စိတ်အားထက်သန်နေတယ်လို့ သူမရဲ့ နယ်လှည့်ဖျော်ဖြေမှုအတွင်းမှာ ပြောဆိုခဲ့ပြီး ဖျော်ဖြေမှုတွေ ပြီးဆုံးသွားရင်တော့ နောက်ထပ်ကလေးတစ်ယောက်ထပ်ယူဖို့ ကြိုးစားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

သူမဟာ ၂၀၁၆ ခုနှစ်မှာ အိမ်ထောင်ကျခဲ့ပြီး သားလေးတစ်ယောက် မွေးခဲ့ကာ သူမရဲ့ သားလေးဟာ အခုအချိန်မှာတော့ လေးနှစ်ပြည့်တော့မှာဖြစ်ပါတယ်။ သူမဟာ လက်ရှိအချိန်မှာ ကိုယ်ဝန်ရှိနေတာမဟုတ်ပေမယ့် နယ်လှည့်ဖျော်ဖြေမှုတွေအပြီးမှာ ကလေးနောက်တစ်ဦး ထပ်ယူမယ်လို့ သူမက ပြောခဲ့ပါတယ်။ Pop အဆိုတော်တစ်ယောက်ဖြစ်တဲ့ Adele ဟာ ‘19’ ‘21’ ‘25’ ဆိုပြီး တေးအယ်လ်ဘမ် သုံးခုသီဆိုထားခဲ့ပါတယ်။

REF

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …