Thursday , November 1 2018
Home / FNews / အိမ်ထောင်ကျသွားပြီလို့ Instagram ပေါ်မှာ ကြေငြာခဲ့တဲ့ အမေရိကန် အပြာမင်းသမီး Dani Daniels

အိမ်ထောင်ကျသွားပြီလို့ Instagram ပေါ်မှာ ကြေငြာခဲ့တဲ့ အမေရိကန် အပြာမင်းသမီး Dani Daniels

 

ပုရိသတို့ နှစ်သက်စွဲလမ်းရတဲ့ အမေရိကန် အပြာမင်းသမီးတစ်ယောက်ဖြစ်သူ Dani Daniels ဟာ တရားဝင် အိမ်ထောင်ပြုလိုက်ပါပြီလို့ သူမရဲ့ instagram အကောင့်ပေါ်မှာ မကြာသေးခင်က ကြေငြာခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူမဟာ သူမရဲ့ သရုပ်ဆောင်မှုတွေနဲ့ ပတ်သတ်လို့ ဆုတွေလည်း ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ ပုရိသတွေကတော့ သူမကို ကမ္ဘာပေါ်က ဆွဲဆောင်မှုအရှိဆုံးအမျိုးသမီးတစ်ဦးအဖြစ် အသိအမှတ်ပြုကြပါတယ်။

သူမဟာ သူမရဲ့ ဇာတ်လမ်းတွေမှာသာ ထူးချွန်တဲ့လူမဟုတ်ဘဲ လက်တွေ့လောကမှာလည်း ထူးချွန်သူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ အပြာလောကကို ၀င်ရောက်ဖို့အတွက် အနုပညာသင်တန်းကျောင်းကို ကျောခိုင်းထွက်ခဲ့သူတစ်ဦး ဖြစ်ပြီး ကျောင်းတတ်နေစဉ်ကာလအတွင်းမှာ အဖော်အချွတ် ပုံတွေနဲ့ ငွေရှာကာ ကျောင်းအပေါ်တင်နေတဲ့ အကြွေးတွေကို ဆပ်ခဲ့ရပါတယ်။ သူမဟာ ၂၀၁၁ ခုနှစ်မှာ အပြာလောကထဲကို တရားဝင် ၀င်ရောက်ခဲ့ပြီး ဇာတ်ကားအများအပြားကို ရိုက်ကူးခဲ့ပါတယ်။

သူမဟာ မတ်လတုန်းက သူမရဲ့ ချစ်သူနဲ့ စေ့စပ်ကြောင်းလမ်းပြီးကြောင်း သူမရဲ့ Instagram အကောင့်ပေါ်မှာပဲ ကြေငြာခဲ့ပါတယ်။ သူမဟာ သူမရဲ့ ပရိတ်သတ်တွေဆီက မကောင်းမွန်တဲ့ ဝေဖန်မှုတွေ ရရှိမှာစိုးပြီး ဒီကိစ္စဟာ သူမရဲ့ အောင်မြင်မှုကို ထိခိုက်မှာ စိုးတာကြောင့် ဒီကိစ္စကို ပေါ်ပေါ်ထင်ထင် မပြောဘဲ Instagram အကောင့်ပေါ်မှာသာ တင်ခဲ့တာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းကတော့ သူမဟာ သူမရဲ့ ချစ်သူနဲ့ တရားဝင်လက်ထပ်ပြီးကြောင်း သူမရဲ့ instagram အကောင့်ပေါ်မှာ တင်ခဲ့ပါတယ်။ သူမဟာ အလွန်ပဲ ပျော်ရွင်ကြောင်း၊ သူမကို လက်ခံပေးတဲ့ သူမရဲ့ ချစ်သူကိုလဲ ကျေးဇူးတင်ကြောင်း သူမရဲ့ ကောင့်ပေါ်မှာ ရေးသားထားပါတယ်။ နောက်ပိုင်းမှာတော့ သူမနဲ့ သူမချစ်သူရဲ့ ဓါတ်ပုံတွေဟာ လူမှုကွန်ယက်တွေပေါ်မှာ တတ်လာခဲ့ပါတယ်။

Dani ဟာ အနုပညာကျောင်းက ထွက်ခဲ့ပေမယ့် အနုပညာကို စိတ်မကုန်သေးတာကြောင့် Kira Lee ဆိုတဲ့နာမည်နဲ့ ပန်းချီကားတွေ ဆက်လက်ရေးဆွဲခဲ့ပါတယ်။ သူမရဲ့ ပန်းချီကားတွေကတော့ ပုံမှန်ပန်းချီတွေနဲ့ မတူပဲ သီချင်းစာသားတွေ၊ စာလုံးတွေကို အသုံးပြုပြီး ရေးဆွဲထားတဲ့ ပန်းချီကားတွေပဲ ဖြစ်ပါတယ်။ သူမဟာ အပြာဇတ်ကားတွေရိုက်ကူးနေတဲ့ အချိန်တွေအတွင်းမှာ လေယဉ်မောင်းသင်တန်းကျောင်ကို လည်း တတ်ရောက်ခဲ့ပြီး သူမရဲ့ ကုမ္ပဏီ Xbiz ကို ဒီအကြောင်း ဖွင့်ဟ ပြောပြခဲ့ပါတယ်။ သူမဟာ လေယဉ်မောင်းလိုင်စင်ရပြီး ကိုယ်တိုင်လေယဉ်မောင်းခွင်ရရှိဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။

သူမဟာ အပြာလောကထဲမ၀င်ခင်မှာတော့ အပြာဗွီဒီယိုကားတွေကို လုံးဝ မကြည့်ခဲ့ဖူးဘူးလို့ ဆိုပါတယ်။ သူမဟာ အပြာလောကထဲကို ၀င်ရောက်ပြီးတဲ့အခါမှသာ အပြာကားတွေကို ကြည့်ခဲ့တာ ဖြစ်ပါတယ်။ အပြာလောကထဲဝင်ရောက်ခဲ့ပြီးတဲ့နောက်မှာ သူမရဲ့ သရုပ်ဆောင်မှုဟာ ပီပြင်မှုရှိမရှိသိစေဖို့  တစ်ခါတစ်လေမှာတော့ အပြာကားတွေကို ကြည့်ခဲ့ရတယ်လို့ သူမက ဖွင့်ဟခဲ့ပါတယ်။

REF

Check Also

Huawei P20 နှင့် P20 Pro ကို ဇွန် ၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတွင် ဝယ်ယူနိုင်ပြီ

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဇွန် ၄ ရက်။ ကမ္ဘာ့ပထမဆုံး Leica ကင်မရာသုံးလုံးပါ စမတ်ဖုန်းမှ အသိဥာဏ်တုစွမ်းဆောင်ရည်နည်းပညာ(AI) ပါဝင်သည့် နာမည်ကျော် Flagship …