
အဆိုပါ စစ်သဘောင်္များသည် မြန်မာနိုင်ငံအပါအ၀င် အခြားနိုင်ငံပေါင်း (၁၇)နိုင်ငံသို့ တိုကျိုမြို့မှ မေလ (၂၂)ရက်နေ့တွင် စတင်ထွက် ခွာမည်ဖြစ်ပြီး လူဦးရေ (၇၃၀) ၀န်းကျင် လိုက်ပါမည်ဟု သိရှိရသည်။ လာရောက်လည်ပတ်မည့် စစ်သဘောင်္များထဲတွင် ဂျပန်ရေကြောင်းသိပ္ပံကျောင်း၏ သင်ရိုးစဉ်အဖြစ် Kishima အမည်ရ သဘောင်္တစ်စီး ပါဝင်မည်ဖြစ်သည်။
“အပြောနဲ့အလုပ် နှစ်ခုပေါင်းပြီးမှ ရလဒ်တစ်ခုက ထွက်လာနိုင်မယ်။ အခု တွေ့ဆုံဆွေးနွေးမှုမှာ တချို့ကိစ္စတွေ သဘောတူညီချက် ရခဲ့တယ်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်နဲ့ ပြောဆိုမှုအပိုင်းမှာ အဆင်ပြေပါတယ်။ ဒါပေမယ့် တွေ့ရှိလာတဲ့အချက်တွေ အပေါ်အစီရင်ခံစာထွက်တဲ့အခါ တစ်ချက်တော့ စောင့်ကြည့်ရမယ်။” ဟု ABSDF (မြောက်ပိုင်း) ပါဂျောင်စခန်းမှ ထွက်ပြေးလွတ်မြောက်လာသူ ကိုဘိုဘိုက ပြောသည်။
““အကိုတို့ မူဆယ်ဘက်က အထည်ထုပ်တွေကို ကားတွေနဲ့ခွဲပြီးထည့်တယ်။ အခုထိတော့အခွန်မဆောင်သေးဘူး၊ကဒ်လည်းမလုပ်ရသေးဘူး။ အခွန်မဆောင်တဲ့ပစ္စည်းတွေကိုဖမ်းတယ်သာပြောနေတာ၊ သူတို့ တစ်လလုံးဖမ်းမိတဲ့ဟာက တကယ်တမ်းတော့ တစ်ရက်စာ၊ တစ်မနက်စာလောက်ပဲရှိတယ်။ ဖမ်းမိတယ် ဆိုတာတွေကလည်း သေးသေးလေးတွေ” ဟု ရွှေလီမြို့မှ မြန်မာပြည်တွင်းသို့အထည်နှင့် အီလက်ထရောနစ် ပစ္စည်းများကို ကုန်သွယ်နေသူတစ်ဦးက မကြာသေးမီက ပြောကြားခဲ့သည်။
“အခု ဥပဒေကြမ်းဟာလည်း ဥရောပသမဂ္ဂ၀င်နိုင်ငံများရဲ့ အသွင်ကူးပြောင်းမှု ပုံစံများကိုလေ့လာပြီး ယူနက်စကိုပညာရှင်များရဲ့ အကူအညီနဲ့ ရေးဆွဲထား တာဖြစ်ပါတယ်။ အများပြည်သူဝန်ဆောင်မှု မီဒီယာဆိုတာဟာ ပုဂ္ဂလိကဏ္ဍမှာ မီဒီယာ လက်ဝါးကြီးအုပ်မှုကို ကာကွယ်ဖို့ ၊ အင်အားနည်းအုပ်စုများရဲ့ အကျိုးစီးပွား တွေ၊ အမြင်တွေကို ဖော်ပြနိုင်တဲ့နေရာတစ်ခု ဖန်တည်းပေးဖို့ ရည်ရွယ်ဖွဲ့ စည်းပေးတာ ဖြစ်ပါတယ်။ ဒါကို ဥပဒေကြမ်းရဲ့ နိဒါန်း၊ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ တာဝန်များအပိုင်းမှာ တွေ့နိုင်ပါတယ်။” ဟု အဆိုပါ ဥပဒေကြမ်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတအကြံပေး ဦးရဲထွဋ်က ၄င်း၏လူမှုရေးစာမျက်နှာ၌ ဖော်ပြထားသည်။
ကာသပတေး ငါလုပ်တာ ငါပြောတာ မှန်တယ်လို့ ယူဆပြီး ငြင်းခုံမှု့ မပြုသင့်ပါ။ တစ်ချို့ ကိစ္စတွေမှာ တဖက်လူရဲ့ ဆန္ဒတွေကို အလိုက်သင့် လိုက်လျောမှု့ များပြုပါမှ အဆင်ပြေမှု့ရလိမ့်မည်။ သို့သော်ရှယ်ယာ လုပ်ငန်းတွေ မလုပ်သင့်ပါ။ လူယုံမထားသင့်ပါ။ ငွေဝင်မည်။ စက်ပြောင်းလဲမှု့ ဖြစ်မည်။ ငယ်ရွယ်သူတို့ အတွက် စိတ်ရှုပ်ရမည်။ အလုပ်ပြောင်းလဲမှု့ ဖြစ်မည်။ လုပ်ငန်းသစ်များ အောင်မြင်မည်။ အချစ်ရေး တွေဝေမနေဘဲ ဆုံးဖြတ်ပါမှ အဆင်ပြေမည်။ အိမ်ထောင်ရေးမှာ အတိုက်အခံ ကြုံမည်။ အကျိုးပေးဂဏန်း - ၅ ၊ ၂ ၊ ၆။ အထူးဟော - စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ ယတြာ - ကြာသပတေး နေ့နံနက် တွင် အိမ်ဘုရားကို ပန်း (၅) မျိုး ကပ်၍ ဆုတောင်းပါ။
ကံကောင်းရင်တော့ ပထမအကြိမ်မှာအောင်မြင်နိုင်သလို၊ ကံမကောင်းရင်တော့ ၂ခါ၊ ၃ခါ တောင် အောင်မြင်ချင်မှအောင်မြင်မယ်။ဘာဖြစ်လို့လဲဆိုတော့ရာခိုင်နှုန်းအောင်မြင်မှုအကောင်းဆုံးဟာ ၃၀ ရာခိုင်နှုန်း၊ ၄၀ရာခိုင်နှုန်းကြားမှာ ရှိပါတယ်။ မိမိက မအောင်မြင်တဲ့ ၆၀ရာခိုင်နှုန်း ၇၀ရာခိုင်နှုန်းထဲ ပါဝင်နိုင်တာကြောင့်ရယ်၊ ဇနီးမောင်နှံနှစ်ဦးစလုံး ကျန်းမာရပါမယ်၊ စိတ်ဓါတ် မကျဖို့လည်း လိုပါတယ်။
ဖွံ့ဖြိုးရေးသင်တန်းတစ်ခုမှာ ဆရာနှင့် ဆုံတွေ့ဖြစ်သည်။ သင်တန်းထဲမှာ ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်နေကြသူများမှာ မြန်မာပြည်အနှံ့က လာရောက်ကြသူမျာအကြား တွေ့ဆုံခြင်းလည်းဖြစ်သည်။ သင်တန်းထဲမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နှင့် သဘာဝပတ်ဝန်းကျင်ကိစ္စများအား ကိုယ်နှင့်ဆက်စပ်ရာ ကဏ္ဍအလိုက် ဆွေးနွေး ဝေငှကြရသည်။ ထိုစဉ်က ဆရာသည် မြန်မာ့ဒီရေတော ကိစ္စဆွေးနွေးသည်။ မှတ်မှတ်ရရ သူပြောခဲ့သည့် အဓိကအချက်သည် သစ်ပင်တွေပြုန်းသွားရင် လူသားမျိုးနွယ်လည်း ပျောက်ဆုံးသွားမယ်လို့ သတိပေး စကားလည်း ဆိုခဲ့သေးသည်။
“ မနှစ်က ကျွန်မကို Memogram ရိုက်ရမယ် ဆိုတော့ အပြင်မှာ အရင်စုံစမ်းတယ်။ အဲဒီ စက်က ရန်ကုန်ဆေးရုံကြီး မှာ တစ်လုံး၊ နောက်, ဆာကူရာအထူးကုဆေးရုံကြီးမှာပဲ တစ်လုံးရှိတယ်လို့ သိရတယ်။ ဆာကူရာမှာ မေးတော့ ရိုက်ခ, ရှစ်သောင်း ကျမယ် ဆိုတာနဲ့ မတတ်နိုင်လို့ ရန်ကုန်ဆေးရုံကြီးမှာ သွားရိုက်တာ။ ငွေသွင်းတဲ့ဆီ မှာ အကြာကြီး စောင့်ရ တယ် ။ အခုလည်း ဒီလောက် ကောင်းတဲ့ စက်ကြီး ရောက်တော့မယ် ကြားရတာ ၀မ်းတော့သာပါတယ် စက်ကို မြန်မြန်တပ်ပြီး သွားရင် ကောင်းပါတယ်”
“ဒီဆွေးနွေးပွဲကို PSB မှတာဝန်ရှိသူတွေက ချိတ်ဆက်ထားတဲ့တက္ကသိုလ်တွေ အကြောင်း၊ သင်တန်း တွေကြောင်း၊ ဘွဲ့ဒီဂရီတွေအကြောင်း၊ ကျောင်းဝင်ခွင့်လိုအပ်ချက်တွေနဲ့ နိုင်ငံအလိုက် ပညာရေးစနစ် ကွာခြားချက်တွေ အကြောင်း ဟောပြောမှာဖြစ်ပါတယ်”ဟု PSB မှတာဝန်ရှိသူ မရတနာက ပြောသည်။ အဆိုပါဆွေးနွေးဟောပြောပွဲ၌ အလုပ်အကိုင်အခွင့်အလမ်းများအကြောင်းအား အသေးစိတ် ရှင်းလင်း ပြောကြားမည်ဖြစ်ပြီး ဆွေးနွေးပွဲတက်ရောက်သူတို့မှ သိရှိလိုသည့် မေးခွန်းများကိုလည်း ဖြေကြားပေးမည်ဟု သိရသည်။
“အပြင်ရောက်ပြီးသား အသုံးမပြုသေးပဲထားတဲ့ ကဒ်တွေကိုတော့ ထုတ်ပြန်ခဲ့တဲ့အတိုင်း လုပ်ဆောင် သွားမှာပါ”ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ ၁၅၀၀ တန်ကဒ်များအား သတ်မှတ်ချိန် (၁၅) ရက်အတွင်း ကဒ်ချိုးပြီး အသုံးမပြုလျှင်သော်လည်း ကောင်း ၊ တစ်လလျှင် ငွေကျပ် (၂၅၀၀) အထိ ဖုန်းခေါ်ဆိုခြင်း မရှိလျှင် လိုင်းပိတ်သိမ်း သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ သတင်းထုတ်ပြန်ထားသည်။
“ မနက်(၆)နာရီလောက်မှ သွားတန်းလိုက်ရုံပဲလေ ၊ တစ်ညလုံးတော့ ပင်ပန်းတယ် ၊ ကျွန်တော်တော့ နေရာပဲဝယ်လိုက် တယ် ” ဟု အောင်မြေသာစံမြို့နယ်မှ အဆိုပါဖုန်း သွားရောက် လျှောက်ထားသူတစ်ဦးက ပြောသည်။ အဆိုပါ ဖုန်းများကို ၀ယ်သုံးစွဲတပ်ဆင်ရန်အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ရုံးများတွင် မေလ (၁၉)ရက်နေ့ ညနေပိုင်းမှ စတင်ကာ တန်းစီမှုများရှိခဲ့ပြီး နေရာပြန်လည်ရောင်းချခြင်းများ ရှိခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်ဆို ကြာလှပြီး ကုန်လမ်းကနေ မသွားတာ။ ပဋိပက္ခတွေဖြစ်နေတဲ့အချိန်ကနေ အခုထိပဲ။ ကုန်းလမ်း ခရီးကလုံခြုံရေးအားနည်း နေသေးတယ်။ စိုးလည်း စိုးရိမ်ရတယ်။"ဟု စစ်တွေ-မင်းပြား ခရီးပုံမှန်သွားလာ နေသည့် ကုန်သည်တစ်ဦးက ပြောသည်။
“ဓါးမြှောင် တစ်ချောင်းနဲ့ လည်ပင်းကို ထောက်ထားပြီး အိတ်ကိုယူသွားတယ်။ငွေက နှစ် သိန်း ကျော်ပါသွားတယ်။ အ၀တ်အစား ပစ္စည်းကတော့တစ်သိန်းဖိုးလောက်ရှိတယ်။ မှတ်ပုံ တင် လည်း ပါသွားတယ်။ မောင် ငွါးဆီးနို၁/ပတအ (နိုင်) ၀၄၈၆၁၄ ဖြစ်ပါတယ်။ တစ်နေရာရာမှာ တွေ့ခဲ့ ရင်ကျေးဇူးပြုပြီး ဆက်သွယ်ပေးပါ။ ဖုန်းနံပါတ်က (တစ်ဆင့်) ၀၉၄၉၂၃၃၆၂၈ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်” ဟု ဓားထောက် လုယက်ခံရသည့် ခရီးသည်ကိုငွါးဆီးနိုက ပြောသည်။
MLTR အဖွဲ့နှင့်အတူ မြန်မာနိုင်ငံမှ အဆိုတော် ဇော်ဝင်းထွဋ်နှင့်ဖြူဖြူကျော်သိန်းတို့က ပါဝင်ဖျော်ဖြေမည်ဖြစ်သည်။ ၎င်း ဖျော်ဖြေပွဲကိုပြည်သူ့ရင်ပြင်တွင် မတ်လ ၃၁ရက်နေ့တွင် ကျင်းပရန်စီစဉ်ထားပြီးလက်မှတ်ဈေးနှုန်းများကို ကျပ်၁၉၉၀၀၊ ကျပ် ၃၄၅၀၀၊ကျပ်၉၉၀၀၀ နှင့်ယူအက်စ်ဒေါ်လာ ၁၆၀ အဖြစ် အသီးသီးသတ်မှတ်ထားသည်။
ဒီမိုကရေစီ အသွင်ကူးပြောင်းစ ကာလမို့လား မသိဘူး၊ ကျမတို့ တိုင်းပြည်မှာတော့ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတာကို နားလည်မှုလွဲနေတာ တွေ့ရသလို၊ တစ်လွဲအသုံးချလာတာမျိုးတွေလည်း တွေ့မြင်လာရပါတယ်။
“ ဇွန်လ (၂၀)ရက်နေ့မှာ တရုတ်ပြည်ကို သွားဖို့တင်ထားပါတယ်၊ ထောက်လုနဲ့ ဆမ်းဆို အားကစားနည်း နှစ်မျိုးအတွက် ကျွန်တော်တို့ဆီက နည်းပြ နှစ်ယောက်၊ ထောက်လု ကစားသမားက (၉) ဦး ဆမ်းဆို အားကစားသမားက (၆)ဦး ပေါင်း (၁၇)ဦးသွားမှာပါ”ဟု မြန်မာ့နိုင်ငံဝူရှူးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးထွန်းထွန်း ဦးက ပြောသည်။ အဆိုပါ အားကစားနည်း (၂)မျိုးကို တရုတ်နိုင်ငံသို့ သွားရောက်လေ့လာရခြင်းမှာ နည်းပညာဖလှယ်သည့် သဘောမျိုးဖြစ်ပြီး လေ့လာသူများကလည်း ဆီးဂိမ်းတွင် ၀င်ရောက်ယှဉ်ပြိုင်မည့်သူများဖြစ်ကြောင်း သိရှိ ရသည်။
“ကိုယ်မွေးဖွားတဲ့ ခုနှစ်၊အချိန်နဲ့နေရာကို အသိအမှတ်ပြုတဲ့အနေနဲ့ ပြုလုပ်ထားကြတာပါ၊ ဇာတာကို ကိုင်ပြီး တော့ ဗေဒင်မေးတဲ့စနစ်က မြန်မာလူမျိုးတွေရဲ့အစဉ်အလာလိုဖြစ်နေပြီ”ဟု မန္တလေး သမီးတော်ဈေး ပုဏ္ဍားစုမှ အမျိုးသမီးတစ်ဦးက ပြောသည်။ ကွန်ပြူတာဇာတာတစ်စောင်လျှင် ကျပ်(၅)ထောင်ဝန်းကျင်ဖြင့် ပြုလုပ်နိုင်သော်လည်း မြန်မာလူမျိုးအများစုမှာ မိမိ ဘိုးစဉ်ဘောင်ဆက်များလက်ထက်ကတည်းက ပြုလုပ်ခဲ့သည့် ထန်းဖူးပေါ်၌ ဇာတာရေးသည့်စနစ်အား လက်ရှိအချိန်အထိ အသုံးပြုနေဆဲဖြစ်ကြောင်းကိုလည်း သိရသည်။
`` တကယ်တမ်းက Rav 4 က ခရီးဝေး သွားရင် Honda CRV ထက် ပိုသာပါတယ်၊ ဘာလို့လဲဆိုတော့ အဝေး ပြေးဆိုရင် Manual က Auto ထက် အဆင်ပြေတယ်ဆိုတာ ကားစီးနေတဲ့သူတိုင်း သိကြပါတယ်၊ ကားရဲ့ အပြင်ပိုင်း ကောက်ကြောင်းတွေ ကလည်း Rav 4 က ပိုလှတယ်´´ ဟု သင်္ကန်း ကျွန်းမြို့နယ် Car Show Room တစ်ခုမှ မန်နေဂျာ ကိုမင်းထက်ကိုမှ ပြောသည်။
ဒီတစ်ကြိမ်က ဒုတိယအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအတွက် လုပ်တာပါ။ ပြည်သူတွေက မျဉ်းကြားက စနစ်တကျ ကူးနိုင်ဖို့အတွက် ပညာပေးခြင်းဖြစ်တယ်။ ပညာပေးကာလပြီး သွားရင်တော့ အရေးယူမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ယာဉ်စည်းကမ်းထိန်းသိမ်း ရေးစခန်းမှ ဒုရဲမှူး-ဦးဥာဏ်လင်းက ပြောသည်။
“လယ်ယာမြေတင်မက ပါဘူး၊ ချင်းတောင်တို့စတဲ့ တောင်တန်းဒေသနဲ့ ကုန်းမြင့်ဒေသတွေက တိုင်းရင်းသား တောင်သူ လယ်သမားတွေလည်း ပါစေချင်တယ်။ သူတို့တွေကိုလည်း အခွင့်အရေး ပေးသင့်တယ်။ ဥပဒေ မှုကြမ်းရေးဆွဲကတည်းက တစ်နိုင်ငံလုံးမှာ အကျုံးဝင်သင့်တယ်။ ” ဟု မြန်မာတောင်သူလယ်သမား ကွန်ယက် အဖွဲ့ဝင် ချင်းပြည်နယ် ကလေးမြို့မှ တောင်သူ ဦးဒူခမ်းတွာင်က ပြောသည်။
“အခန်းအားလုံးကိုကျွန်တော်တို့ကြည့်ပြီးတော့ ဘယ်အချက်တွေ ပြင်သင့်တယ်၊ ဘယ်ပုဒ်မတွေ ပြင်သင့်တယ်လို့ ထုတ်ပြန် မှာပါ။ နံပါတ်တစ်ကတော့ အခန်းတစ်ပေါ့ဗျာ၊ အခြေခံမူကိုစပြင်ရမယ်။ အခြေခံမူက နောက်အခန်းတွေအတွက် မူကြီးတွေ ဖြစ်အောင် စကိုင်မယ်၊ အခြေခံမူကတော့ ပြတ်သွားပြီပေါ၊့ ပုဒ်မ ၄၈ ခု လောက် ရှိတယ်။ အခြေခံမူမှာပါတဲ့ သဘောသဘာဝအတိုင်း အခြားအခန်းတွေကို လိုက်ပြင်ရမယ်။” ဟု ဦးခင်မောင်ဆွေက ပြောသည်။
“ရှေ့နေတွေ၊ တရားရုံးတွေ တရားသူကြီးတွေတောင် ဒီဥပဒေအကုန်လုံးကို မသိတာက စုစုစည်းစည်းနဲ့အခုလို လုပ်ထားတာမျိုးမရှိလို့ပါ၊ အကြောင်းတစုံတရာပေါ်ရင်တောင် ဘယ်ဥပဒေမှာ ညှိစွန်းလည်းဆိုတာ ရှာရတာက တစ်ပတ်လောက်ကြာတယ်၊ ဒါက လုပ်သင့်တာကြာပါပြီ” ဟု တရားလွှတ်တော်ရှေ့နေ ဦးဋ္ဌေးဦး(စိန်ပေါ)က ပြောသည်။
Feature story ( သတင်းဆောင်းပါး)
“ဒီမှာက အဆင်မပြေတာကို သူတို့သိတာ မဟုတ်ဘူး။ ကျောင်းပို့တာထက် အလုပ်သွားလုပ်တာမှ ပိုက်ဆံ ရသေးတယ်။” ဟု ရွာ၌ရှိပါက ကျောင်းတက်ရန်လာခေါ်နေမည်စိုး၍ ရန်ကုန်ပို့ကာ လက်ဖက်ရည်ဆိုင်၌ အလုပ်လုပ်ကိုင်စေခဲ့သည့် မိဘတစ်ဦးက ပြောသည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် ဒုဥက္ကဌ ဦးစိန်လှဦးတို့ ပါဝင်သည့် အဆိုပါအဖွဲ့မှာ ဧပြီလ(၂၀)ရက်နေ့မှ (၂၈)ရက်နေ့အထိ တရုတ်နိုင်ငံခရီးစဉ် သွားရောက်မည် ဖြစ်သည်။ ၄င်းအဖွဲ့မှ ဧပြီ (၂၀)ရက်နေ့ နေ့လည် ၂း၀၀နာရီက ရန်ကုန်လေဆိပ်မှ လေယာဉ်ဖြင့် တရုတ်ပြည်ကူမင်းမြို့သို့ထွက်ခွာကာ ထိုမှတဆင့် ပီကင်းမြို့သို့ သွားရောက်မည် ဖြစ်သည်။
“အဖြေကတော့ရှာရတာပဲဗျ၊ အခုလို အချိန်အခါမျိုးကြတော့ ပိုဆိုးတယ်၊ ပိုဆိုးတယ် ဆိုတာကရောထွေးနေတာသာမန် ၀ါယာရှော့ဖြစ်လို့လောင်တယ်ပဲထား အပြင်သတင်းတွေက အမျိုးစုံထွက်နေတာ အတည်ယူလို့ရတဲ့ ဟာရှိသလို အတည်ယူလို့မရတဲ့ဟာလည်း ရှိတယ် သတင်းတွေနောက်မှာပဲလူတွေက ကောလဟာလနဲ့ ရှုပ်ထွေးနေတယ် အစိုးရအနေ နဲ့ကော်မရှင်ဖွဲ့သင့်တယ်၊ ဖွဲ့မယ်လို့လည်း ကျွန်တော်ကြား ထားတယ်။” ဟု ကိုမြအေးကပြောသည်။
မြစ်မခ မီဒီယာဂရုတွင် တာဝန်ထမ်းဆောင်ရန်အတွက် အလုပ်သင် သတင်းထောက် (၁၀) ဦး အလိုရှိပါသည်။ ကိုယ်ရေးအကျဉ်းနှင့် အလုပ်လျှောက်လွှာကို e-mail ဖြင့် အောက်ပါ လိပ်စာ များဖြစ်သော myitmakhamediagroup@gmail.com နှင့် maythingyanhein36@gmail.com သို့ ပေးပို့နိုင်ပါသည်။ လူကိုယ်တိုင် လာရောက်လျှောက်ထားလိုသူများ အနေဖြင့် တိုက် ၁၇၊ အခန်း ရ၉+၈၀၊ ပြည်ရိတ်မွန်အိမ်ယာ၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁ -၅၃၈၂၈၄၊ ၀၉ ၇၃၀၇၆၅၇၆၊ ၀၉ ၄၉၂၈၄၇၅၇ သို့ ဆက်သွယ်လျှောက်ထားနိုင်ပါသည်။
၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်ပေါ်လာနိုင်သော နိုင်ငံရေးအခြေနေများ ( ဥပမာ၊ ၊ အာဏာရှင် စစ်တပ်နှင့် ဒီမိုကရေစီ စစ်တပ်ကွာခြားပုံ။ (၁) အီရတ်ကို အစုလိုက်အပြုံလိုက်သေစေနိုင်သော လက်နက်အကြောင်းပြချက်နဲ့ ၀င်တိုက်တာ၊ (၂) နိုင်ငံတော် လုံခြုံရေးအကြောင်းပြချက်နဲ့ အာဖဂန်နစ္စတန်ကို ၀င်တိုက်တာတွေဟာ ဒီမိုကရေစီ တပ်မတော်ကြီးက လုပ်တဲ့အရာဆိုတာကို သတိရှိစေချင်တယ်။ ပါလီမန်၊ လွှတ်တော်က “တိုက်စေ” လို့ အမိန့်ရတဲ့ ဒီမိုကရေစီ စစ်တပ်ဟာ နိုင်ငံတကာမသိအောင် တိတ်တဆိတ်တိုက်ရတဲ့ စစ်တပ်ထက် ပိုပြင်းထန်ပါတယ်။ ဒါကြောင့်လဲ စပ်ကူးမတ်ကူး အစိုးရလက်ထက်မှာ ရှိသမျှ ပြည်တွင်းစစ်အကုန်ကို ရပ်အောင်လုပ်သွားမယ်လို့ မြင်ပါတယ်။ )
အေးချမ်းငြိမ်သက်သော မြန်မာမြို့ငယ်လေး တစ်မြို့အား တက်ကြွလှုပ်ရှားနေသော အိန္ဒိယသမုဒ္ဒရာဆိပ်ကမ်း မြို့နှင့် စက်မှုဇုန်အဖြစ် ပြောင်းလဲရန်ရည်ရွယ်ထားသည့် ထားဝယ်စီမံကိန်းကို ယုံကြည်အားထားကြောင်း မစ္စ ယင်လပ်က အခိုင်အမာအတည်ပြုပြောကြားလိုက်သည်။ ထားဝယ်ဆိပ်ကမ်းတည်ဆောက်ပြီးစီးသွားသောအခါ စတုရန်း ကီလိုမီတ ၂၀၀-ကျယ်ဝန်းသည့် စက်မှုဇုန်တစ်ခု ပေါ်ပေါက်လာ မည်ဖြစ်ကြောင်း နှင့် တောင်အာရှ၊ အရှေ့အလယ်ပိုင်း၊ အာဖရိက နှင် ဥရောပ တို့နှင့် အရှေ့အာရှကို ဆက်စပ် ပေးမည့် တံခါးပေါက်ဖြစ်ကြောင်း သူမက ဆက်ပြောသည်။
ယနေ့ ရွှေဈေးငွေဈေး
| အမျိုးအစား | အရောင်း | အ၀ယ် |
| ၁၆ပဲရည် အခေါက်ရွှေဈေး တကျပ်သား | ၇၁၅၀၀၀ကျပ် | |
| ၁၅ပဲရည် တကျပ်သား | ၇၅၀၀၀၀ကျပ် | |
| အမေရိကန် တဒေါ်လာ၊ ကျပ် | ၉၃၇ကျပ် | ၉၄၇ကျပ် |
| အက်ဖ်အီးစီ တယူနစ်၊ကျပ် | ၉၃၇ကျပ် | |
| စင်ကာပူ ၁ဒေါ်လာ၊ ကျပ် | ၇၂၈ကျပ် | ၇၁၆ကျပ် |
| ထိုင်းဘတ်ငွေ ၁ဘတ်၊ (ကျပ်) | ၂၆ ကျပ် | ၂၇ ကျပ် |
| မလေးရင်းဂစ်၊ (ကျပ်) | ၂၆၈ ကျပ် | ၂၆၉ ကျပ် |
| ယူရိုငွေ တစ်ယူနစ် ၊ ကျပ် | ၁၁၆၄ကျပ် | ၁၁၂၈ကျပ် |
အသစ်တင်သမျှဖတ်နိုင်ဖို့  facebook မှ like ကိုနှိပ်ပေးပါ
Useful Links
News and Media
- 7 Day News Journal
- Eleven Media Group
- Mizzima Burmese
- Myanmar Internet Journal
- Myanmar Times Burmese
- Myanmar Times Journal
- Popular News Journal
- The Yangon Times
- Zay Gwet
- MoeMaKa News & Media
- BBC Burmese
- Irrawaddy Burmese
- VOA Burmese
- Kyaymon Newspaper
- Burma Today
- Mrtv-4
- Democratic Voice of Burma
- Burma News International
- Burma VJ Media Network
- Yoma 3
နိုင်ငံရေးပါတီများ
- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
- အမျိုးသား ဒီမိုကရေစီ အင်အားစု
- ဒီမိုကရက်တစ်ပါတီ (မြန်မာ)
- CPB
- မြန်မာဒီမိုကရေစီကွန်ဂရက်
- ဦးအောင်ကြည်(USDP)
ကျန်းမာရေး
Mp3 Download
ဝန်ကြီးဋ္ဌာန website များ
- ပြန်ကြားရေး ၀န်ကြီးဋ္ဌာန
- နိုင်ငံတော်သမ္မတရုံး
- အမှတ်(၁)စက်မှုဝန်ကြီးဌာန
- အမှတ်(၂)စက်မှုဝန်ကြီးဌာန
- သာသနာရေးဝန်ကြီးဌာန
- နိုင်ငံခြားရေးဝန်ကြီးဌာန
- အားကစားဝန်ကြီးဌာန
- ဆောက်လုပ်ရေးဝန်ကြီးဌာန
- အလုပ်သမားဝန်ကြီးဌာန
- စွမ်းအင်ဝန်ကြီးဌာန
- သစ်တောရေးရာဝန်ကြီးဌာန
ပို့ ဆောင်ရေးဝန်ကြီးဌာန
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန
ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန


















