Thursday , November 1 2018
Home / သတင်း / အမျိုးသမီးများဆိုင်ရာ (page 2)

အမျိုးသမီးများဆိုင်ရာ

အမျိုးသမီးများသည် အမျိုးသားများထက် တာဝန်သုံးဆ ပိုယူထားကြရဟုဆို

ဂျူဗီလီထွန်း(မြစ်မခ)   အမျိုးသမီးများသည် အမျိုးသားများထက် တာဝန်သုံးဆ ပိုယူထားကြရဟု တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီမှ ဗဟိုအမျိုးသမီးကော်မတီကြီးတာဝန်ခံ ဒေါ်တင်တင်ထွေးက ပြောဆိုလိုက်သည်။ ရန်ကုန်မြို့ရှိ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရုံးချုပ်တွင်ပြုလုပ်သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ယင်းကဲ့သို့ပြောဆိုခြင်းဖြစ်သည်။

Read More »

အမျိုးသမီးများ ဘတ်စ်ကားလိုင်းများတွင် ယာဉ်မောင်းတာဝန်ထမ်းဆောင်လိုပါက Power Eleven အများပိုင် ဘတ်စ်ကားကုမ္ပဏီမှ သင်ကြားပေးမည်

မြင့်ဟိန်း(မြစ်မခ) ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် အများပိုင် ဘတ်စ်ကားလိုင်းများတွင် အမျိုးသမီးများ ယာဉ်မောင်း တာဝန် ထမ်းဆောာင် လိုပါက သင်ကြားပေးသွားမည်ဖြစ်ကြောင်း Power Eleven အများပိုင်ဘတ်စ်ကားကုမ္ပဏီမှ သိရှိရသည်။ ယာဉ်မောင်းအဖြစ်လုပ်ကိုင်ရန် စိတ်ဝင်စားသူအမျိုးသမီးများကို အခမဲ့သင်ကြားပေးမည်ဖြစ်ပြီး သင်ကြားပြီးပါ က လုပ်ငန်းအတွေ့အကြုံရရန်အတွက်လည်း လက်တွေ့မောင်းနှင်ခြင်းများနှင့် အလုပ်ခန့်ထားခြင်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Read More »

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့် ပြည်တွင်းစစ်ရပ်တန့်ရေး စီတန်း လှည့်လည်ပွဲ မော်လမြိုင်တွင်ပြုလုပ်

ချိုမာအောင် (မြစ်မခ) မော်လမြိုင်၊ နိုဝင်ဘာ ၂၅ ရက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့် ပြည်တွင်းစစ်ရပ်တန့်ရေးအတွက် စီတန်းလှည့်လည်ပွဲကို မွန်အမျိုးသမီးကွန်ရက်မှဦးဆောင်၍ နိုဝင်ဘာ ၂၅ ရက်၊ ညနေပိုင်းက လူအင်အား(၁၀၀)ကျော်ဖြင့်ပြုလုပ်ခဲ့ကြောင်း သိရသည်။

Read More »

မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အမျိုးသမီးသုတေသနပညာရှင်များ မွေးထုတ်ပေးရန် လိုအပ်နေ

ပိုင်ထက်(မြစ်မခ) ရန်ကုန်၊ ဇွန် ၁၄ ရက်။ မြန်မာနိုင်ငံအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ကြုံတွေ့နေရခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အမျိုးသမီးသုတေသနပညာရှင်များ မွေးထုတ်ပေးရန်လိုအပ်နေကြောင်း Myanmar Institute of Gender Study မှ သိရှိရသည်။ “အခု သဘာဝပတ်ဝန်းကျင်ဒဏ်ကို တော်တော်ခံစားနေရတယ်။ နိုင်ငံတကာမှာဆိုရင် Environmental Science ဘာသာရပ်ကို သီးသန့်သင်တယ်။ ပြီးရင် Environmental Scientists တွေ မွေးထုတ်ပေးတယ်။ ကျွန် မတို့နိုင်ငံမှာလည်း လိုအပ်တယ်။ ပြီးတော့ ကျား၊ မရေးရာနဲ့ပြောရင် အမျိုးသမီးပညာရှင်တွေ ပိုလိုအပ်ပါတယ်။” ဟု Myanmar Institute of Gender Study မှ အမှုဆောင်ဒါရိုက်တာ ဒေါ်ခင်မမမျိုးကပြောသည်။

Read More »

အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်ပိုမိုပါဝင်လာစေရေး တိုင်းရင်းသားပါတီများ အလေးပေးဆောင်ရွက်နေ

ဝင်းဇော်နိုင် (မြစ်မခ) လာမည့်ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများ၏ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်အရေအတွက်ကို ၂၀၁၀ ရွေးကောက်ပွဲထက် ပိုမိုပါဝင်နိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း တိုင်းရင်းသားပါတီများထံမှ သိရှိ ရသည်။ ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း၏ အဖွဲ့ဝင်တိုင်းရင်းသားပါတီ ၂၀ ကျော်တွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ ပိုမိုပါဝင်နိုင်ရေးအတွက် စိစစ်ရွေးချယ်နေကြ သော်လည်း နိုင်ငံရေးပါတီငယ်များအတွက်မူ အမျိုးသမီးကိုယ်စားလှယ်ရရှိရေးမှာ အခက်အခဲရှိနေကြောင်း သိရသည်။

Read More »