Thursday , May 30 2019
Home / သတင်း / Transportation (page 19)

Transportation

တန်ဖိုးမြင့်တက်လာသည့် ဟာရီယာနှင့်စက်ရုပ်ကားများ

ကားဈေးကွက်အတွင်း မော်ဒယ်မြင့်ကားများ အရောင်းအ၀ယ်အနည်းငယ်ရှိ လာသောကြောင့် Harrierနှင့်Caldiana(2WD) စက်ရုပ်ကဲ့သို့သော ကားအမျီုးအစားများမှာ ဈေးနှုန်းမြင့်တက်လာသည်။ “ ဒီမှာတော့ Harrier ဈေးတက်တယ်။ အရင်က ၉၉ ထုတ်ကို ၂၀၀ ကျော်လောက်ပဲ ရှိတယ်။ အခု ၂၂၀ နီးပါး တက်လာတယ်´´ ဟု ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုဇော်က ပြောသည်။

Read More »

စည်းကမ်းမဲ့ရပ်တန့်ယာဉ် ကရိန်းဆွဲခအတွက် ယာဉ်ပိုင်ရှင်မှ ကျခံရမည်

ရန်ကုန်မြို့တော်အတွင်း မောင်းနှင်နေသော မော်တော်ယာဉ်များ စည်းကမ်းမဲ့ ရပ်တန့်ပါက မတ်လ(၁) ရက်နေ့မှစ၍ ကရိန်းကားဖြင့် သယ်ယူဖယ်ရှားတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိမ်းသိမ်းရေးကြီးကြပ်မှုကော်မတီက သတိပေးသတင်းထုတ်ပြန်သည်။ မော်တော်ယာဉ်များသည် အကြောင်းအမျိုးမျိုးကြောင့် လမ်းလယ်တွင် ရပ်တန့်ခြင်း၊ ယာဉ်ကြော နှစ်ထပ် ရပ်ခြင်း၊ လမ်းပိတ် ရပ်ခြင်း၊ ဖြူနီကျား ရပ်ခြင်းနှင့် လမ်းထောင့်လမ်းကွေ့များတို့တွင် စည်းကမ်းမဲ့ ရပ်တန့် ခြင်းများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်နေသည့်အတွက် ထိရောက်စွာ အရေးယူတော့မည့် အစီအစဉ်ဖြစ်သည်။

Read More »

AA ထက် BB ပြီးနောက် CC, DD လာဦးမည်

BB တက္ကစီများစတင်ထုပ်ပေးသည့်ရက်မှ တစ်ပတ်အတွင်း လာရောက်လျှောက်ထားသူ တစ်ရာကျော်မြင့်တက်လာကြောင်း က.ည.န(ရွာသားကြီး)မှသိရသည်။ BB တက္ကစီများအတွက် ကနဦး မှတ်ပုံတင်ခြင်းကို ဖေဖော်ဝါရီလ(၅) ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဖေဖော်ဝါရီ ၉ ရက်နေ့ထိ အစီးရေ ၄၀၀ ကျော် မှတ်ပုံတင်ပေးခဲ့သည်။ “ သတ်မှတ်ထားတဲ့ AA နံပါတ်တွေပြည့်သွားတော့အခုဆို BB တွေတောင်ထုတ်ပေးနေတာ အစီးရေ ၄၀၀ ကျော်တောင်ရှိသွားပြီ BB နံပါတ်တွေပြည့်သွားရင်လဲ CC တို့ DD တို့ထပ်လာအုံးမှာပဲ ” ဟု က.ည.န(ရွာသာကြီး)မှ ဦးသိန်းထွဋ် (ညွန်ကြားရေးမှူး)က ဆိုသည်။

Read More »

မထသ သို့ ဝက်ဘ်ဆိုက်မှတဆင့် တိုင်ကြားနိုင်

ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော ဘက်စ်ကားစီးနင်းမှုတွင် ခရီးသည်များဘက်မှ ကျေနပ်မှုမရှိပါက မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ (မ.ထ.သ) သို့ ဝက်ဘ်ဆိုက်မှတဆင့် တိုင်ကြားနိုင်ကြောင်းသိရသည်။ ယခင်က ဖုန်းဖြင့်သာ တိုင်ကြားနိုင်သော်လည်း ယခု [email protected] သို့ တိုင်ကြားနိုင်ခြင်းဖြစ်ပြီး၊ ဖြေရှင်းမှုများအား www.mhtcentral.org.mm ဝက်ဘ်ဆိုက်မှ တဆင့် လွှင့်တင်ပေးမည်ဖြစ်သည်။

Read More »