Thursday , November 1 2018
Home / သတင်း / ခရီးသွားလာရေးသတင်း (page 2)

ခရီးသွားလာရေးသတင်း

မြနန်းစံကျော် ရွှေနန်းတော်ကို အာရှနိုင်​ငံများမှ ဧည့်သည်များ အများဆုံး လာရောက်​လေ့လာ

မင်းခန့်​ (မြစ်​မခ) မန္တလေး၊ ဇွန်​ ၁၃ ရက်။ မန္တလေးမြို့ရှိ မြနန်းစံကျော်ရွှေနန်းတော်သို့ ပြည်တွင်းပြည်ပမှ ဧည့်​သည်​များ လာရောက်လည်ပတ်လေ့လာ လျှက်ရှိရာ အာရှနိုင်​ငံများမှ ဧည့်သည်များ အများဆုံး လာရောက်လည်​ပတ်​​မှုများကြောင်း သိရှိရသည်​။ ၂၀၁၇ ခုနှစ်​အတွင်း မြနန်းစံကျော်ရွှေနန်းတော်သို့ တစ်​ရက်​လျှင် ပြည်​တွင်း ပြည်​ပ ဧည့်​သည်​(၂၀၀)နီးပါးလာ ရောက်လည်ပတ်လျှက်ရှိပြီး တစ်​လလျှင် ပြည်ပနိုင်ငံသား(၁၅၀)ခန့် လာရောက်လည်ပတ်ကြသည့် အနက် အာရှနိုင်​ငံများမှ ဧည့်​သည်​မှာ (၁၀၀)ဝန်းကျင်​အထိပါဝင်ကြောင်း သိရသည်။

Read More »

ပြည်ပခရီးသွားများထံမှ နေထိုင်သည့်ရက်အလိုက် အခွန်ကောက်ခံကာ Tourism Promotion ရန်ပုံငွေအဖြစ် သုံးစွဲရန်စီစဉ်နေ

ယမုံ (မြစ်မခ) ရန်ကုန်၊ မေလ (၁)ရက်။ ပြည်ပခရီးသွားဧည့်သည်များထံမှ နေထိုင်သည့်ရက်အလိုက် အခွန်ကောက်ခံကာ Tourism Promotion ရန်ပုံငွေအဖြစ် သုံးစွဲရန်စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ သိရှိရသည်။ ပြည်တွင်းဒေသများသို့ ဝင်ရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များအား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် တစ်ညလျှင် တစ်ဒေါ်လာနှုန်းခန့်အခွန်ကောက်ခံသွားရန် ဧပြီ ၂၆ ရက်တွင် ပြုလုပ်သည့် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ညှိနှိုင်း အစည်းအဝေးတွင် အကြမ်းဖျင်းအားဖြင့် ဆုံဖြတ်ခဲ့ခြင်းဖြစ်သည်။

Read More »

သရေခေတ္တရာမြို့ဟောင်းသို့ နိုင်ငံခြားသား ခရီးသွား ၈၀၀၀ ကျော် လာရောက် လည်ပတ် ယခင်နှစ်ကထက် တိုးလာ

သီဟလွင် (မြစ်မခ) ပြည်၊ ဧပြီ (၂၈)ရက်။ ပဲခူးတိုင်းဒေသကြီး (အနာက်ပိုင်း) ပြည်မြို့အနီးရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာမြို့ဟောင်းသို့ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံခြားသားခရီးသွား ၈၀၀၀ ကျော်လာရောက်လည်ပတ်ခဲ့ပြီး ယခင်နှစ်ကထက်လာရောက်လည်ပတ်သူ ပိုမိုများပြားလာကြောင်း ကမ္ဘာ့အမွေအနှစ်ဌာနခွဲ သရေခေတ္တရာ ဌာနစုမှ သိရှိရသည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် သရေခတ္တရာရှေးဟောင်းဇုံနှင့် ပြတိုက်သို့ နိုင်ငံခြားသားခရီးသွား ၆၉၃၆ ဦး လာရောက်လည်ပတ်ခဲ့ပြီး ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားသားခရီးသွား ၈၅၅၆ ဦး လာရောက် လည်ပတ်ခဲ့ခြင်းဖြစ်သည်။ “အရင်နှစ်ကထက် နိုင်ငံခြားသားခရီးသွားက တိုးလာတယ် ၀င်ငွေအနေနဲ့ဆိုရင်တော့ အရင်နှစ်က ရရှိ ဝင်ငွေထက် ကျပ်သိန်းတစ်ရာနီးပါးပိုလာတယ်ပေါ့။ ဒီနှစ်မှာ လုပ်ဖြစ်တာတွေကတော့ …

Read More »

တောင်သမန်အင်းနှင့် ဦးပိန်တံတားသို့ သင်္ကြန်ကာလတွင် တစ်ရက်လျှင် ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည် တစ်သိန်းနီးပါးဝင်ရောက်

ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး၊ ဧပြီ (၂၀) ရက်။ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်းနှင့် ဦးပိန်တံတားသို့ သင်္ကြန်ကာလတွင် တစ်ရက် လျှင် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် ခန့်မှန်းခြေတစ်သိန်းနီးပါး ဝင်ရောက်ခဲ့ကြောင်း တောင်သမန်အင်း ငှက်လှေအသင်းမှ သိရှိရသည်။ ပြည်ပခရီးသွားများသည် ဦးပိန်တံတားသို့ နေဝင်ဆည်းဆာအချိန်မျိုးတွင် လာရောက်သူများပြားပြီး  အမေရိကန်၊ ပြင်သစ်၊ စပိန်၊ အီတလီနှင့် အာရှတွင် ထိုင်း၊ ကိုရီးယား၊ တရုတ်စသည့်နိုင်ငံများမှ လာရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။

Read More »

ကားလက်မှတ်ဈေးနှုန်းမြင့်တက်၍ ယာဉ်လိုင်းများကို ဒဏ်ငွေရိုက်မည်

ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး၊ ဧပြီ (၇) ရက်။ သင်္ကြန်ကာလတွင် ကားလက်မှတ်ဈေးနှုန်းမြင့်တက်၍ ရောင်းချသည်ဟု တိုင်ကြားခံရသည့်ယာဉ်လိုင်းများကို ဒဏ်ငွေရိုက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများကြီးကြပ်မူကော်မတီ (အဝေးပြေး) ဥက္ကဌ ဦးအောင်ကျော်လင်းက ပြောဆိုလိုက်သည်။ နှစ်စဉ်သင်္ကြန်ကာလအတွင်း ခရီးသွားဧည့်သည်များ ကြန့်ကြာခြင်းမရှိစေရန် ကော်မတီမှ  တာဝန်ရှိသူများ ကိုယ်တိုင် ကားကွင်းများတွင်လက်မှတ်ရောင်းချပေးမည်ဖြစ်ပြီး ဈေးနှုန်းမြင့်၍ရောင်းချသည့်ယာဉ်လိုင်းကို ကား ဝန်းအဝင်ပေါက်တွင်ရှိသော ယ.က.ကရုံးများတွင် တိုင်ကြားနိုင်ကြောင်းသိရသည်။

Read More »