Thursday , November 1 2018
Home / သတင်း / ခရီးသွားလာရေးသတင်း (page 10)

ခရီးသွားလာရေးသတင်း

ဒေါ်အောင်ဆန်းစုကြည်၏ ထင်ရှားမှုကြောင့် မြန်မာနိုင်ငံအား ပြည်ပခရီးသွားဧည့်သည်များ စိတ်ဝင်စားမှု မြင့်တက်

ပိုင်ထက် (မြစ်မခ) ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး နိုင်ငံရေးအပြောင်းလဲတစ်ခုဖြစ်လာသည့်အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ထင်ရှားမှုကြောင့် မြန်မာနိုင်ငံအပေါ် နိုင်ငံခြားသားခရီးသွားတို့ စိတ်ဝင်စားမှု မြင့်တက်လာကြောင်း Thingazar Travels and tours မှ မန်နေဂျင်းဒါရိုက်တာ ဦးတင်ထွန်းအောင်ထံမှ သိရှိရသည်။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းတွင် (၁၂)နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့သည့် ဦးတင်ထွန်းအောင်က အဆိုပါအကြောင်းအရာနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၅ ရက်ကကျင်းပသော ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံခရီးသွား တိုးတက်မှုအလားအလာဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

Read More »

ရခိုင်ပြည်နယ် မြောက်ဦးမြို့သို့ ဖေဖော်ဝါရီလအတွင်း ခရီးသွားဝင်ရောက်မှု ပြန်လည်မြင့်တက်လာ

ပန်လှအောင်(မြစ်မခ) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ AA တို့ကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ခရီးသွားဝင်ရောက်မူနည်းပါးနေခဲ့ရာမှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ကာ ခရီးသွားဝင်ရောက်မှုများ ပြန်လည် မြင့်တက်လာကြောင်း သိရှိရသည်။ “ဟိုတယ်လုပ်ငန်းတွေ အခုမှ ပြန်ပြီး အခြေအနေကောင်းလာတယ်။ လွန်ခဲ့တဲ့လတွေက အခြေအနေ လုံးဝမကောင်းဘူး။ ဒီဖက်မှာ တိုက်ပွဲတွေဖြစ်တုန်းကဆိုရင် ဧည့်သည် တစ်ယောက်မှကို မရတာ။ အခု တိုင်းရင်း မီဒီယာ ညီလာခံလည်း ဒီမှာကျင်းပကြတယ်။ နောက်ပြီး ဧည့်သည်တွေအနေနဲ့ စိုးရိမ်စရာ မရှိဘူးဆိုတာ နားလည်သွားတယ်နဲ့ တူပါတယ်။ အခု ကျွန်မတို့မှာ ရှိတဲ့ ဘန်ဂလိုခန်းတွေနဲ့ဟိုတယ်ခန်းတွေ အားလုံးပြည့်နေပါပြီ။” ဟု နန်းမြို့တော် ဟိုတယ်မှ ဒုတိယ …

Read More »

သြစတြေးလျနှင့် အမေရိကန်နိုင်ငံသားတို့ မြန်မာနိုင်ငံအတွင်း ကိုယ်ပိုင်ဆိုင်ကယ်ဖြင့် လည်ပတ်မည်

သီဟ(မြစ်မခ) ထားဝယ်၊ ဖေဖော်ဝါရီ(၁၁) ရက်။ သြစတြေးလျ နိုင်ငံသားတစ်ဦးနှင့် အမေရိကန်နိုင်ငံသားတစ်ဦး မြန်မာနိုင်ငံအတွင်း ကိုယ်ပိုင်ဆိုင်ကယ် နှစ်စီးဖြင့် လှည့်လည်လည်ပတ်သွားလာမည်ဖြစ်ကြောင်း ထားဝယ်မြို့ Tourists Police တပ်ဖွဲ့မှ သိရှိရသည်။ “ ကျွန်တော်တို့က လုံခြုံရေးယူပေးတာနဲ့ လမ်းလိုက်ပြပေးရုံပါ။ ထီးခီးကနေ ထားဝယ်မြို့ကို ဖြတ်ပြီး မောင်းမကန်မှာ ညအိပ်နားကြမှာပါ။ နောက်မှ မော်လမြိုင်မြို့နဲ့ ကျိုက်ထီးရိုးကို ဆက်သွားကြမှာပါ။”ဟု ထားဝယ်မြို့Tourists Police တပ်ဖွဲ့မှ တာဝန်ကျအရာရှိတစ်ဦးက ပြောသည်။

Read More »

ရခိုင်တွင်လုံခြုံရေးအရခရီးသွားများအား စစ်ဆေးမှုများပြုလုပ်

မိုးဝေ(မြစ်မခ) စစ်တွေ၊ ဖေဖေါ်ဝါရီလ (၂) ရက်။ ရခိုင်ပြည်နယ်တွင်လုံခြုံရေးအရ တင်းကျပ်မှုများရှိနေရာ ရန်ကုန် – စစ်တွေ အဝေးကားလမ်းတစ်လျှောက်တွင် ဇန်န၀ါရီလဆန်းပိုင်းမှ စတင်ကာ စစ်ဆေးမှုများရှိနေကြောင်း သိရှိရသည်။ စစ်တွေမှ ရန်ကုန်သို့သွားမည့်ခရီးသည်တင်ကားများနှင့် ခရီးသွားများအားရဲတပ်နှင့် လူဝင်မှုကြီးကြပ်ရေး၊ စစ်တပ်ပါဝင်သောပူးပေါင်းတပ်ဖွဲ့များက စစ်ဆေးမှုများပြုလုပ်နေခြင်းဖြစ်သည်။

Read More »

ကျောက်ဖြူအထူးစီးပွားရေးဇုန် စတင်နေပြီဖြစ်သော်လည်း ကျောက်ဖြူသို့ နိုင်ငံခြားခရီးသွား လျော့ကျ

အာရကန်ကိုကို (မြစ်မခ) ကျောက်ဖြူ၊ ဇန်န၀ါရီ(၂၉) ရက်။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းစတင်ချိန်တွင် နိုင်ငံခြားခရီးသွား များလာမည်ဟု ခန့်မှန်းပြီး ကျောက်ဖြူမြို့တွင် ဟိုတယ်တိုးချဲ့ခြင်းများ လုပ်ဆောင်ရန် ပြင်ဆင် နေကြသော်လည်း နိုင်ငံခြားခရီးသွားဝင်ရောက်မှုနည်းနေကြောင်း ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရှိရသည်။ “ပြည်တွင်းပြည်ပဧည့်က မရှိသလောက်နည်းပါးနေပါတယ်။ ရေနံနဲ့ ရွှေဂတ်စ်စီမံကိန်းကို အကြောင်းပြုပြီး လာကြတဲ့  ပြည်ပဧည့်အချို့လည်း မြို့မှာ လုံးချင်းအိမ်တွေ ငှားနေကြတယ်။”ဟု မေဖုန်းမိုဟိုတယ်လုပ်ငန်းရှင် ဦးတင်အောင်စိုးက ပြောသည်။

Read More »