Thursday , November 1 2018
Home / သတင်း / ခရီးသွားလာရေးသတင်း

ခရီးသွားလာရေးသတင်း

သီလဝါဆိပ်ကမ်းတွင် မတ်လအတွင်း ကမ္ဘာလှည့်အပျော်စီးသင်္ဘော(၇)စီးထိ ဆိုက်ကပ် သမိုင်းတစ်လျှောက် အများဆုံး ဆိုက်ကပ်ခြင်းဖြစ်

  ကျော်မျိုးထွဋ် (မြစ်မခ) ရန်ကုန်၊ မတ် ၂၂ ရက်။ ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းတွင် မတ်လအတွင်း ကမ္ဘာလှည့်အပျော်စီးသင်္ဘော(၇)စီးအထိ ဆိုက်ကပ်ခဲ့ခြင်း မှာ သမိုင်းတစ်လျှောက် အများဆုံးဖြစ်သဖြင့် ခရီးသွားကဏ္ဍ တိုးတက်လာခြင်းပင်ဖြစ်ကြောင်း ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းလုံခြုံရေး ရဲတပ်ဖွဲ့မှ သိရှိရသည်။ သီလဝါဆိပ်ကမ်းသို့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ကမ္ဘာလှည့် အပျော်စီးသင်္ဘော(၃)စီးဆိုက်ကပ်ခဲ့ပြီး မတ်လအတွင်း ၂၂ ရက်အထိ (၆)စီးဆိုက်ကပ်ခဲ့ကာ လာမည့် မတ် ၃၀ ရက်တွင် နောက်တစ်စီး ထပ်မံ ဆိုက်ကပ်မည်ဖြစ်ကြောင်း သိရသည်။

Read More »

မင်းလှမြို့နယ်အတွင်း သဘာဝအတိုင်းထားရှိမည့် မုက္ခာရေတံခွန်ဆင်စခန်းဖွင့်လှစ်

သီဟလွင် (မြစ်မခ) မင်းလှ၊ ဇန်နဝါရီ ၅ ရက်။ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) မင်းလှမြို့နယ်၊ စိန်ကန့်လန့်ကျေးရွာအနီး ပဲခူးရိုးမအစပ်တွင် သဘာဝ အတိုင်း ထားရှိမည့် ဆင်များကို လေ့လာနိုင်သည့် မုက္ခာရေတံခွန်ဆင်စခန်းကို ဇန်နဝါရီ ၄ ရက်က စတင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း အဆိုပါ ဆင်စခန်းမှ သိရှိရသည်။ ယင်းဆင်စခန်း၌ သစ်လုပ်ငန်းမှ ရပ်နားထားသည့် ဆင်များသည် နိုင်ငံတော်ဘဏ္ဍာအတွက် တစ်ဖက်တစ်လမ်း က ရှာဖွေပေးခြင်း၊ ပြည်သူများကလည်း ဆင်များကို ချစ်ခင်လာပြီး တောဆင်ရိုင်းများသတ်ဖြတ်ခံရခြင်းက ဝိုင်း ဝန်းကာကွယ်လာစေခြင်းအပါအဝင် ဆင်များ၏ တောနေသဘာဝများကို သိရှိနိုင်လာစေရန် ဖွင့်လှစ်ရခြင်းဖြစ် ကြောင်း သိရသည်။

Read More »

ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်း နဝဒေးတံတားမှ ရွှေဘုံသာမုနိဘုရားကြားတွင် ဟိုတယ်ဇုန်များဖော်ဆောင်ရန် စီစဉ်နေ

ဝေဖြိုး (မြစ်မခ) နေပြည်တော်၊ သြဂုတ်(၃)ရက်။ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်း နဝဒေးတံတားမှ ရွှေဘုံသာမုနိဘုရားကြားတွင် Tourism Attractive Zone အဖြစ် သတ်မှတ်၍ ခရီးသွားလုပ်ငန်းအတွက် ဟိုတယ်ဇုန်များ ဖော်ဆောင်ရန် စီစဉ်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရှိရသည်။ အဆိုပါ စီမံကိန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စတင်ကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လျာထား ကြောင်း သိရသည်။

Read More »

ဇင်းကျိုက်ရေတံခွန်တွင် လာရောက်အပန်းဖြေသူများ၏ လုံခြုံရေးအတွက် ငွေကျပ်သိန်း(၃၀)ခန့် အကုန်ကျခံကာ CCTV ကင်မရာများ တပ်ဆင်မည်

အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ ဇူလိုင် ၄ ရက်။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ရှိ ဇင်းကျိုက်ရေတံခွန်တွင် လာရောက်အပန်းဖြေသူများ၏ လုံခြုံရေးအတွက် CCTV ကင်မရာများ တပ်ဆင်သွားမည်ဖြစ်ကြောင်း ဇင်းကျိုက် ရေတံခွန်လုပ်ငန်းကော်မတီမှ သိရှိရသည်။ ဇင်းကျိုက်ရေတံခွန်တွင် အရေးပေါ်အခြေနေတစ်ခု ဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်နိုင် ရန်၊ မူးယစ်ရမ်းကားသူများနှင့် ခါးပိုက်နှိုက်များအား ထိန်းသိမ်းနိုင်ရန်နှင့် ပြည်သူများ စိတ်လက်အေးချမ်းစွာနေ နိုင်ရန်ရည်ရွယ်၍ တပ်ဆင်သွားမည်ဖြစ်ကြောင်း ဇင်းကျိုက်ရေတံခွန်လုပ်ငန်းကော်မတီဥက္ကဌ ဦးမြင့်အောင်က ပြောသည်။

Read More »

ကျောက်ဖြူမြို့တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ တိုးချဲ့လုပ်သော်လည်း ဧည့်ဝင်ရောက်မှုနည်းပါးနေ

  အာရကန်ကိုကို (မြစ်မခ) ကျောက်ဖြူ၊ ဇွန် ၃၀ ရက်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာကြသော်လည်း  ဧည့် သည်ဝင်ရောက်မှုနည်းပါးနေခြင်းကြောင့် လုပ်ငန်းများ အဆင်မပြေဖြစ်နေကြကြောင်း ကျောက်ဖြူမြို့ခံ ဟိုတယ် လုပ်ငန်းရှင်များထံမှ သိရှိရသည်။ “ဒီနှစ်မှာ ဗာရဏသီ နိုင်ငံတကာအဆင့်မြင့်ဟိုတယ်နဲ့ ပင်လယ်ကမ်းခြေအနီးမှာ အဆင့်မြင့်ဟိုတယ်(၂)လုံး တိုးချဲ့တည်ဆောက်ထားပါတယ်။ ဒါပေမဲ့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်ဝင်ရောက်မှုက မရှိသလောက်ပါ။ ဒေ သတွင်းခရီးသွားကုန်သည်တွေနဲ့ ပြည်တွင်းမှ စီးပွားရေးလုပ်ရှင်တွေရဲ့ဝင်ရောက်မှုကလည်း (၁၀)ရာခိုင်နှုန်း နီးပါးပဲရှိတယ်။ ဘယ်လိုမှ လုပ်ငန်းအဆင်မပြေသေးဘူး။”ဟု ကျောက်ဖြူမြို့ရှိ မေဖုန်းမိုရ်ဟိုတယ်ပိုင်ရှင် ဦးတင်အောင်စိုးကပြောသည်။

Read More »