Thursday , November 1 2018
Home / သတင်း / နည်းပညာသတင်း (page 4)

နည်းပညာသတင်း

လားရှိုး-မူဆယ်လမ်းတွင် ကားသေးများ ဖြတ်သန်းခကြိုတင်ငွေဖြည့်ကတ်စနစ် ဇွန်လကုန်တွင် စတင်မည်

ကျော်မျိုးထွဋ်(မြစ်မခ) မန္တလေး၊ ဇန်နဝါရီလ (၂၀) ရက်။ မန္တလေး- လာရှိုး- မူဆယ်လမ်းတစ်လျှောက် ကားသေးများ ဖြတ်သန်းခအား ကြိုတင်ငွေဖြည့်ကတ်ဖြင့် ပေးချေသည့်စနစ်ကို ၂၀၁၆ ခုနှစ် ဇွန်လကုန်တွင် စတင်သွားမည်ဖြစ်ကြောင်း အဆိုပါ စနစ်အသုံးပြုနိုင်ရေး တာဝန်ယူလုပ်ဆောင်နေသည့် Oriental Highway Company Limited မှ သိရှိရသည်။ မန္တလေး- လာရှိုး- မူဆယ်လမ်းတစ်လျှောက် ဖြတ်သန်းခအား ကြိုတင်ငွေဖြည့်ကတ်ဖြင့် ပေးချေသည့် စနစ်ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစတင်၍ လက်ရှိအချိန်ထိ ကားကြီးအစီးရေ (၂၀၀) ခန့်တွင် အသုံးပြုနေပြီ ဖြစ်ကြောင်း Oriental Highway Company Limited မှ စီမံကိန်းမန်နေဂျာ ဦးတင်ကိုကိုထံမှ …

Read More »

လာမည့်နှစ်တွင် ရန်ကုန်၌ လျှပ်စစ်ရထား စတင်ပြေးဆွဲမည်

မင်းအံ့သွန်း(မြစ်မခ)   ရန်ကုန်မြို့တွင် လျှပ်စစ်ရထားကို ၂၀၁၆ ခုနှစ်အတွင်း ပုဇွန်တောင်မှ ကြည့်မြင်တိုင်ဘူတာအထိ ပြေးဆွဲပေး နိုင်ရန်စီစဉ်နေကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးအောင်ခင်က ပြောကြား လိုက်သည်။ လက်ရှိတွင် ပုဇွန်တောင်မှ ထော်လီကွေ့အထိ ရထားလမ်းပိုင်းဆောက်လုပ်ပြီးဖြစ်ကာ ပန်းဆိုးတန်းမှ လင်း စဒေါင်းအထိလမ်းပိုင်းကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း ပြီးစီးမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁ ရက်တွင် ကျင်းပ သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေး ၃/၂၀၁၅ ဒုတိယနေ့တွင် ဝန်ကြီး ဦးအောင်ခင်ပြောကြားခဲ့ခြင်းဖြစ်သည်။

Read More »

တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံထုတ်ဖုန်းများထက် ပြည်တွင်းမှတင်သွင်းသည့်ဖုန်းများ အရောင်းသွက်နေ

  ကိုမင်း (မြစ်မခ) တာချီလိတ် – နိုဝင်ဘာ(၁၃) ရက်။ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ မိုဘိုင်းဖုန်းဈေးကွက်အတွင်း ဈေးနှုန်းကွာခြားမှုကြောင့် ထိုင်းနိုင်ငံမှ တင်သွင်းသည့်ဖုန်းများထက် ပြည်တွင်းမှတင်သွင်းသော နာမည်ကြီး Brand နှင့် ဈေးသက်သာသည့်ဖုန်းများ အရောင်းသွက်လာကြောင်း သိရှိရသည်။ “ဆိုင်မှာအရောင်းသွက်တာ ပြည်တွင်းက တင်သွင်းတဲ့ Oppo၊ Samsung လို နာမည်ကြီး Brand တွေ အရောင်းသွက်တယ်။ ဈေးသက်သာပြီး အရည်အသွေးလည်း တအားမဆိုးတဲ့ ILovFa လို Brand တွေလည်း အရောင်းသွက်ပါတယ်။”ဟု Top Mobile ဖုန်းရောင်းဝယ်ရေးနှင့်ပြုပြင်ရေးဆိုင်မှ ကိုဆန်းမင်းဦးက ပြောသည်။

Read More »

မဲမသာမာမှုများအား အချက်အလက်ဖြင့်တိုင်ကြားနိုင်သည့် Kyeet software

သီဟလွင်(မြစ်မခ)   ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များ၊ ဆန္ဒမဲပေးသည့်နေရာမှ မှားယွင်းနေမှုများ မဲမသမာမှု များကို စောင့်ကြည့်ကာ တိုင်ကြားနိုင်သည့် Kyeet software သစ်ကို အောက်တိုဘာ (၂၂)ရက်နေ့က ပြည်မြို့တွင် မိတ်ဆက်ပွဲပြုလုပ်ခဲ့သည်။ စမတ်ဖုန်းအတွင်း ထည့်သွင်းအသုံးပြုနိုင်သော Kyeet software မိတ်ဆက်ပွဲကို ပြည်မြို့ရှိ တယ်လီနော အလင်းအိမ်တွင် ပြုလုပ်ကာ အဆိုပါပွဲသို့ လာရောက်သည့် လူမှုအဖွဲ့အစည်းများ၊ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာမည့် စေတနာ့ဝန်ထမ်းများနှင့် ဒေသခံများ၏  လက်ကိုင် စမတ်ဖုန်းများအတွင်းသို့ Kyeet software ထည့်သွင်းပေးကာ အသုံးပြုပုံကို ရှင်းလင်းခဲ့ကြသည်။

Read More »

မြန်မာပြည်၌ သံငြမ်းဆင်နည်းပညာ လိုအပ်ချက်ရှိလာ

ထက်မြက် -မန္တလေး(မြစ်မခ) မန္တလေးမြို့ မင်္ဂလာမန္တလေးစီမံကိန်းအတွင်းရှိ Pullman Hotel တည်ဆောက်ရေးစီမံကိန်း ကွန်ကရစ်လောင်း စဉ် သံငြမ်းပိုက်များပြိုကျခဲ့ခြင်းကြောင့် အသက်သေဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ သံငြမ်းဆင် နည်းပညာဆိုင်ရာ လိုအပ်ချက်များရှိလာပြီဖြစ်ကြောင်း C.A.D ဆောက်လုပ်ရေး မန်နေဂျင်းဒါရိုက်တာ ဦးဇင်မင်းဆွေက အကြံပြု ပြောကြားလိုက်သည်။ “ သံပိုက်နဲ့ ငြမ်းဆင်တဲ့ အလုပ်ကို မရင်းနှီးသေးဘူး၊ တကယ်တမ်းဖြစ်ဖြစ် သံနဲ့ပဲ ထောက်ထောက်၊ သစ်သားနဲ့ပဲ ထောက်ထောက် ငြမ်းနဲ့ပက်သက်ပြီး အင်ဂျင်နီယာလိုနေပြီဆိုတာ အခုဖြစ်စဉ်က မီးမောင်းထိုးပြလိုက်တာ၊ သစ် သားငြမ်းဟာ  မိရိုးဖလားဖြစ်ပြီး၊ ဘာမှ မဖြစ်ခဲ့ပေမယ့် သံငြမ်းမှာ ပြဿနာနည်းနည်း ရှိနေတာ လက်တွေ့ သိ လိုက်ရပြီပေါ့။ အဲဒီအတွက် နည်းပညာပိုင်းဆိုင်ရာ ယူရပါလိမ့်မယ်။ ဆောက်လုပ်ရေး …

Read More »