Thursday , November 1 2018
Home / သတင်း / နည်းပညာသတင်း (page 3)

နည်းပညာသတင်း

ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြင့်တင်ရန် အမေရိကန်ဒေါ်လာ သန်း(၂၀၀)ကျော် အသုံးပြုမည်

ယမုံ(မြစ်မခ) ရန်ကုန်၊ ဇူလိုင်(၂၇)ရက်။ သယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြင့်တင်ခြင်းလုပ်ငန်း ကို အမေရိကန်ဒေါ်လာ သန်း(၂၀၀)ကျော် အသုံးပြုသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်း (အောက်မြန်မာပြည်) မှ သိရှိရသည်။ ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြင့်တင်ခြင်း လုပ်ငန်းအား ဂျပန်နိုင်ငံ ဂျိုက်ကာအဖွဲ့၏ ငွေကြေးနှင့် နည်းပညာ ကူညီထောက်ပံ့မှုဖြင့် ၂၀၁၆ ခုနှစ်မှ စတင်ကာ ၂၀၁၈ ခုနှစ်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Read More »

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသော ယာဉ်များ ထိန်းချုပ်နိုင်ရန် မီးပွိုင့်(၁၅၀)ကျော်ပြုပြင်ကာ ကွန်ပျူတာခန်းမှ စောင့်ကြည့်မည်

ချမ်းငြိမ်း (မြစ်မခ) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြေးဆွဲသွားလာနေသည့် မော်တော်ယာဉ်များအား ထိန်းချုပ်နိုင်ရန်အတွက် မီးပွိုင့်ပေါင်း (၁၅၀)ကျော် အသစ်ပြန်လည်တပ်ဆင်ပြီး ကွန်ပျူတာထိန်းချုပ်ခန်းမှ စောင့်ကြည့်ကာ   ထိန်းချုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမတွင်ဇူလိုင်လ(၂၅)ရက်က ပြုလုပ်သည့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများနှင့် တွေ့ဆုံပွဲ တွင် ကျောင်းသူတစ်ဦး၏ ဘတ်စ်ကားပြေးဆွဲမှုအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ဆောင်ရွက်နေမှုအပိုင်းများကို မေးမြန်းရာ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

Read More »

ဂြိုလ်တုဖြင့်ဆက်သွယ်ရေးဝန်ဆောင်များပြုလုပ်ပေးသည့် နည်းပညာကို ဒီဇင်ဘာလအတွင်း ဖြန့်ဖြူးပေးသွားမည်

ယမုံ (မြစ်မခ) ရန်ကုန်၊ဇွန်လ(၁၇)ရက်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းပိုမိုကောင်းမွန်လာစေရန် ဂြိုလ်တုဖြင့်ဆက်သွယ်ရေးဝန်ဆောင်များပြုလုပ်ပေး သည့် VSAT (Very Small ApertureTermainal)နည်းပညာကို ဒီဇင်ဘာလအတွင်း ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း KBZ Gate way ကုမ္ပဏီမှ သိရှိရသည်။ အမေရိကားအခြေစိုက် Hughes Network Systems Llc ကုမ္ပဏီ၊ အာရှဂြိုဟ်တုဆက်သွယ်ရေးကုမ္ပဏီ လီမိတက်(Asia Sat)နှင့် ပူးပေါင်း၍မြန်မာနိုင်ငံအတွက် ဂြိုလ်တုကွန်ယက်စနစ်အခြေခံသော မြန်နှုန်းမြင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Read More »

မန္တလေးရှိ အထက်တန်းကျောင်း(၅)ကျောင်းတွင် ဆရာ/ဆရာများကို ဇွန်လမှ စတင်၍ ATM ကတ်ဖြင့် လစာပေးမည်

ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး ၊မေလ(၁၇)ရက်။ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့အထက်တန်းကျောင်း(၅)ကျောင်းတွင် ဇွန်လမှ စတင်၍ ATM ကတ်ဖြင့် လစာပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးထံမှ သိရှိရသည်။ “ATM နဲ့ ပေးတာကို အဆင်ပြေလား၊မပြေလားဆိုတာ (၆)လ လောက် အချိန်ယူစောင့်ကြည့်မယ်။ အဆင်ပြေရင် တခြားကျောင်းတွေကိုလည်း နောက် Pilot Project အနေနဲ့ဆက်လုပ်သွားမယ်။ လစာအပြည့်ရစေချင်တာရယ်။ လွယ်ကူစွာထုတ်ယူနိုင်ဖို့ပါ။” ဟု ပညာရေး ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

Read More »

Oway Ride မိုဘိုင်းဖုန်း App မှ တဆင့် ကိုယ်ပိုင်ကားများကို သီးသန့်အငှားယာဉ်အဖြစ် အသုံးပြုနိုင်မည်

ပိုင်ထက် (မြစ်မခ) Oway Ride မိုဘိုင်းဖုန်း App မှ တဆင့် ချိတ်ဆက်ပြီး ကိုယ်ပိုင်ကားများကို သီးသန့်အငှားယာဉ်များအနေဖြင့် ငှားစီးနိုင်မည်ဖြစ်ကြောင်း Oway ကုမ္ပဏီမှ သိရှိရသည်။ အွန်လိုင်းမှတဆင့် ဝန်ဆောင်မှုပေးခြင်းဖြစ်ပြီး Android ဖုန်းအားလုံးအသုံးပြုနိုင်မည်ဖြစ်ကာ ဖုန်း App မှ တဆင့် သွားလိုသည့်နေရာကို  ကားအမျိုးစား၊ ယာဉ်မောင်းများကို ရွေးချယ်ပြီး ငှားနိုင်မည်ဖြစ်ကြောင်း Oway ကုမ္ပဏီမှ CEO ဦးနေအောင်က ပြောသည်။

Read More »