Thursday , November 1 2018
Home / သတင်း / နည်းပညာသတင်း (page 10)

နည်းပညာသတင်း

အမှိုက်မှလျှပ်စစ်ထုတ်လုပ်၍ စက်မှုဇုန်များသို့ ပေးဝေနိုင်ရေး အသင့်ဖြစ်နေ

ရန်ကုန်မြို့တစ်မြို့လုံး ထွက်ရှိသည့်အမှိုက်များအတွင်းမှ နောက်ဆုံးစွန့်ပစ်သည့် အမှိုက်များမှထွက်ရှိသည့် ဓာတ်ငွေ့များကိုစုပ်ယူ၍ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ပြီး စက်မှုဇုန်များသို့ လျှပ်စစ်ပေးဝေမှုအတွက် နောက်ဆုံးအဆင့်စိစစ်ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ “နိုင်ငံတကာက တင်ဒါကုမ္ပဏီပေါင်း ၄၃ ခုထဲကမှ အခုဆိုရင် နောက်ဆုံးအဆင့်ကိုရောက်နေပြီ ၊အခုတော့ BOT စနစ်နဲ့ ဆောက်ပြီး သူတို့လည်ပတ်ပြီးမှ ဒီဘက်ကိုလက်လွှဲရမှာပေါ့။ ဒါပေမဲ့ နောက်ပိုင်းသူတို့အနေနဲ့ ဆက်လုပ်သွားမယ်ဆိုလည်း တစ်မျိုးဖြစ်လာနိုင်ပါတယ်” ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးသန်းနိုင်ဦးက ဆိုသည်။

Read More »

Einstein Version 3.0 ရောက်ရှိလာသည့် အမေရိကန် Cyber လုံခြုံရေးစီမံကိန်း

 Einstein Project ခြေလှမ်းအစ အမေရိကန်ပြည်ထောင်စု အရေးပေါ်ကွန်ပျူတာဆိုင်ရာအခက်အခဲများ အသင့်ကူညီဖြေရှင်းပေးရေးအသင်း (United States Computer Emergency Readiness Team’s-US CERT)၏ ပရိုဂရမ် Einstein Project ဆိုသည်မှာ  အမေရိကန်ပြည်ထောင်စု၏ အစိုးရအဖွဲ့အစည်းများနှင့် အေဂျင်စီများ၏ Network Gateways များအတွင်းသို့ အခွင့်မရှိဘဲ ၀င်ရောက်လာသူများကို သိရှိနိုင်ရန်အတွက် စောင့်ကြပ်ကြည့်ရှုသောစနစ် Intrusion Detection System(IDS)ဖြစ်ပါသည်။ IDS စနစ်ကို ၂၀၀၃ ခုနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုအခါတွင် အမေရိကန် ပြည်ထောင်စုအမိမြေလုံခြုံရေးဌာန United States Department of Homeland Security (DHS) တွင် Einstein Version 3.0 …

Read More »

လူငယ်များအတွက် Mobile Software သင်တန်းပို့ချမည်

လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် မိုဘိုင်းဖုန်း ဆော့ဝဲလ် ပြုပြင်နည်း သင်တန်း အမှတ်စဉ် (၂)ကို ဇူလိုင်လ ၂၇ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဟု မြန်မာ့လူငယ်အရင်းအမြစ် အသိုက်အ၀န်းမှ (Myanmar Youth Resource Society- MYRS) မှ သိရသည်။

Read More »

Telenor က မိုဘိုင်းဖုန်းအသုံးပြုခ ၂၅ကျပ် အောက်လျှော့ချမည်ဟု တရားဝင် ပြောကြား

Telenor Myanmar ကုမ္ပဏီအနေဖြင့် ပြည်တွင်း မိုဘိုင်းဖုန်းအသုံးပြုခများကို တစ်မိနစ်၂၅ ကျပ်ဈေးနှုန်းအောက် လျှောချပေးမည်ဟု အမူဆောင်အရာရှိချုပ် (CEO) Petter Furberg က ပြောသည်။ အများပြည်သူများ အသုံးပြုရာတွင်အဆင်ပြေစေရန် မိုဘိုင်းဖုန်းအသုံးပြုခများကို ၂၅ ကျပ်အောက် လျှောချ ကောက်ခံရခြင်းဖြစ်ကြောင်းနှင့် စတင်လုပ်ဆောင်သည့် အခါတွင်လည်း 2G နှင့် 3G ကွန်ယက်ကိုပါ တခါတည်း လုပ်ဆောင်သွားမည်ဟု သိရသည်။

Read More »

Telenor အမှုဆောင် အရာရှိချူပ် မီဒီယာများနှင့် ပထမဆုံးအကြိမ်တွေ့ဆုံမည်

Telenor  Group သည် Mr.PetterFurberg အား TelenorMyanmarအမှုဆောင် အရာရှိချုပ်အဖြစ် ခန့်အပ်လိုက်သည်ဟု ဇူလိုင်လ(၁၂)ရက်နေ့က ကြေညာသည်။ MrPetterFurberg သည် လက်ရှိ Telenorမှ ရှုယ်ယာအများဆုံးပိုင်ဆိုင်သည့် ထိုင်နိုင်ငံ၏ ဒုတိယ အကြီးဆုံးမိုဘိုင်းအော်ပရေတာဖြစ်သည့် dtac မှ ဘဏ္ဍာရေး အရာရှိချုပ်အဖြစ် တာဝန်ယူနေသူ ဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့် ခေတ်မီတယ်လီဖုန်း ဆက်သွယ်ရေးကွန်ယက် နှင့် သက်ဆိုင်ရာဝန်ဆောင်မှုများအား လျင်မြန်စွာ စတင်နိုင်ရေး တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။

Read More »