Friday , November 2 2018
Home / သတင်း / အားကစားသတင်း (page 14)

အားကစားသတင်း

မြန်မာ့ဆိုင်းဝိုင်းများဖြင့် အဖွင့်/အပိတ်ပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲ

၂၀၀၃ ခုနှစ် ဒီဇင်ဘာလအတွင်း နေပြည်တော်၌ကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားများ၌ မြန်မာ့ယဉ်ကျေးမှု၏ ခမ်းနားထည်ဝါမှုကို ဖော်ဆောင်သည့်အနေဖြင့် မြန်မာ့ဆိုင်းဝိုင်း(၁၁) ဝိုင်းအား ထည့်သွင်းဖျော်ဖြေသွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှသတင်းထုတ်ပြန်ချက်အရသိရသည်။ “သွားပြီးတော့ လျှောက်ဖြစ်မှာပါ။ ဒါပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ မေးကြည့်ရဦးမယ်။ ဥပမာ တီးရမယ့်အချိန်တွေက ဘယ်လို ကန့်သတ်ထားလဲဆိုတာမျိုးပေါ့။ သဘင်(ဗဟို)ကိုမေးကြည့် ပါဦးမယ်”ဟု မွန်ပြည်နယ်ကိုကိုနိုင်ဆိုင်းဝိုင်းမှ ဆိုင်းဆရာ ဦးကိုကိုနိုင်ကပြောသည်။

Read More »

ရွှေ(၆)ဆုဆွတ်ခူးရန် ကြိုးပမ်းမည်ဟု ခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဆို

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ အားသာချက်ရှိသည့် မြန်မာရိုးရာအားကစားနည်းများဖြင့် ရွှေတံဆိပ်များစွာ ရရှိအောင်ကြိုးစားသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးစိုးနိုင်က ဆိုသည်။ လက်ရှိတွင် ခြင်းလုံးအားကစားနည်းအတွက် ကုန်ကျစရိတ်သိန်း(၇၀၀၀)ထောင်ကျော် ကုန်ကျခံပြီး လေ့ကျင့် လျက်ရှိကြောင်းကိုလည်း သိရသည်။ သက်ဆိုင်ရာနိုင်ငံများအားပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ဖိတ်ခေါ်ခဲ့ပြီးဖြစ်ကြောင်း ခြင်းလုံးကစားနည်းက မြန်မာရိုးရားအားကစားနည်းဖြစ်သောကြောင့် ကုန်အကျခံ၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ၀င်ယှဉ်ပြိုင် ရမည့် ခြောက်ပွဲမှ ရွှေတံဆိပ်ခြောက်ခုရရန် မျှော်မှန်းထားကြောင်းကိုလည်း သိရသည်။

Read More »

မြန်မာဆီးဂိမ်းအပေါ် ဖိလစ်ပိုင်စိတ်ပျက်

ဖိလစ်ပိုင်အားကစားအဖွဲ့ချုပ် ဥက္ကဌ ရစ်ချီဂါစီယာအနေဖြင့် မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၇ကြိမ်မြောက် ဆီးဂိမ်းအပေါ် စိတ်ပျက်မိကြောင်းပြောကြားခဲ့သည်။ “ မြန်မာက ဆုတံဆိပ်များများရပြီး အဆင့်မြင့်မြင့်မရရအောင် နည်းလမ်းမျိုးစုံနဲ့ လုပ်နေပါတယ်”ဟု ၄င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ၂၀၁၁ အင်ဒိုနီးရှားဆီးဂိမ်းတွင် နိုင်ငံအလိုက် အဆင့်၆ ရရှိခဲ့သည့် မြန်မာနိုင်ငံ၏ ဆုရှိမှုအဆင့်ထက် တစ်ဆင့်ပိုသာသည် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ယခုမြန်မာဆီးဂိမ်းတွင် အဆင့်ကျသွားတော့မှာ သေချာကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့ သည်။

Read More »

မြန်မာဆီးဂိမ်း၌ အားကစားနည်း(၃၃)မျိုး ထည့်သွင်းယှဉ်ပြိုင်မည်

လာမည့်ဒီဇင်ဘာလအတွင်းမြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA GAME)၌ အားကစားနည်းပေါင်း ၃၃ မျိုး ထည့်သွင်းယှဉ်ပြိုင်မည်ဖြစ်သည်။ ဆီဂိမ်းအကြိုပြိုင်ပွဲအနေဖြင့် Pre Sea Game အား လာမည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

Read More »

FA မှ ပြစ်ဒဏ်ခံရဖွယ်ရှိသည့် ဖာဂူဆန်

မန်ချက်စတာယူနိုက်တက်မန်နေဂျာ ဆာအဲလက်စ်ဖာဂူဆန်အနေဖြင့် ပြီးခဲ့တဲ့ စပါးအသင်းအိမ်ကွင်းတွင် ကစားခဲ့စဉ်က ရသင့်သည့် ပယ်နယ်တီ မပေးခဲ့သော စည်းကြပ်ဒိုင်ကို ဝေဖန်ခဲ့မှုကြောင့် FAမှ ပြစ်ဒဏ်ပေးခံရဖွယ်ရှိကြောင်း သိရသည်။ “ မန်ချက်စတာယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ်ဖာဂူဆန်ကို မန်ယူ-စပါးပွဲ အပြီးမှာ မီဒီယာတွေကို ပြောခဲ့တဲ့ စကားတွေနဲ့ပါတ်သက်လို့ ဆက်သွယ်ခဲ့ပြီးပါပြီ “FA မှ တာဝန်ရှိသူက ပြောသည်။ အထက်ပါကိစ္စတွင် ဖာဂူဆန်အနေဖြင့် စည်းကြပ်ဒိုင် ဆိုင်မွန်ဘက်ကအား စပါးကစားသမားကော်လူကာမှ ၀ိန်းရူနီအပေါ် ပင်နယ်တီဧရိယာအတွင်း (၆၃)မိနစ်၌ ကြမ်းတမ်းစွာကစားခဲ့သည့်အပေါ်တွင် ပြစ်ဒဏ်မပေးခဲ့သည့်အတွက် ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

Read More »