Thursday , November 1 2018
Home / သတင်း / အားကစားသတင်း (page 10)

အားကစားသတင်း

ထွန်းထွန်းမင်း(မြန်မာ)နှင့် ဆိုင်းရပ်စ်(အမေရိကန်) ရွှေအောင်လံ မကြေပွဲ ဆင်နွဲမည်

ကိုရဲ (မြစ်မခ) မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပ၍ မြန်မာမီဒီယာဂရု(ပ်)မှစီစဉ်သည့်  AIR KBZ ရွှေအောင်လံ လက်ဝှေ့ပြိုင်ပွဲကို ဒီဇင်ဘာ ၂၀ ရက် ရန်ကုန် သိမ်ဖြူအားကစားရုံ၌ ကျင်းပမည်ဖြစ်ကြောင်း ပွဲစီစဉ်သည့် မြန်မာမီဒီယာဂရု(ပ်)မှ သိရှိရသည်။ အဆိုပါမြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် မြန်မာပြည် ချန်ပီယံထွန်းထွန်းမင်း(မြန်မာ)နှင့် ဆိုင်းရပ်စ် (အမေရိကန်) တို့၏ တွဲဆိုင်းများအပြင် ပြည်တွင်းတွဲဆိုင်းများလည်း ပါဝင် မည်ဖြစ်သည်။

Read More »

ရေဘေးသင့်ရွာသားများအပန်းပြေစေရေး တိုင်းဧရာ၌ တစ်ဦးချင်းစက်လှေပြိုင်ပွဲများ ပေါ်ပေါက်လာ

မျိုးမင်းထွန်း – ဧရာဝတီတိုင်း(မြစ်မခ)   ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်မှု ဒဏ်ခံခဲ့ရသောကျေးရွာများတွင် ရွာသူရွာသားများ စိတ်ဓါတ် မကျစေရန်နှင့် စိတ်အပန်းပြေစေရန် တစ်ဦးချင်းစီး စက်လှေပြိုင်ပွဲများကို ဒေသတွင်း ကျင်းပ လာကြောင်း သိရှိရသည်။ တစ်ယောက်စီးစက်လှေပြိုင်ပွဲတွင် မိမိတို့ကိုယ်တိုင်ထွင်းစပ်ထားသည့် သစ်သားလှေများပေါ်တွင် ပါဝါ အင်ဂျင်တူသော စက်များတပ်ဆင်၍ ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး ဖလားရရှိရေးပြိုင်ပွဲများကဲ့သို့ အဆင့်ဆင့် ယှဉ်ပြိုင်ရသော ပွဲစဉ်များ၊ တစ်ဦးချင်းစိန်ခေါ်ယှဉ်ပြိုင်ရသော ပွဲစဉ်များပါဝင်ကြောင်း ဒေသခံများထံမှ သိရသည်။ “ဘုန်းကြီးတို့ ရွာသားတွေ ရေဘေးတွေ့ကြုံပြီးစီးပွားရေးအခြေအနေတွေကြောင့် စိတ်ဓါတ်ကျ မနေ အောင် ဖျော်ဖြေရေးအနေနဲ့ရောကျန်းမာရေးအနေနဲ့ပါ ဒီပြိုင်ပွဲလေး ကျင်းပပေးတာပါ။ ဒီဒေသက ကျေးရွာလေးတွေ ကျတော့ ရေလမ်းခရီးအဓိကအသုံးပြုနေရတော့ စက်လှေ မောင်းကျွမ်းကျင်မှု ရှိမှဖြစ်မှာမို့ ဒီလိုပြိုင်ပွဲလေး လုပ်ပေးတာပါ။”ဟုရေကြည်မြို့နယ်၊ …

Read More »

ငွေတံဆိပ်ဆုရရှိခဲ့သည့် မြန်မာ U 23 အသင်း ပြန်လည်ရောက်ရှိရာ ပရိတ်သတ်အများအပြားလာရောက်ကြိုဆိုခဲ့

ထက်အောင်(မြစ်မခ)   Seagame ပြိုင်ပွဲဝင် မြန်မာ ယူ -၂၃ အသင်း ဇွန်လ ၁၇ ရက်နေ့လည် (၃း၃၀) နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပြန်လည်ရောက်ရှိလာရာ ပရိတ်သတ်အများအပြား လာရောက်ကြိုဆိုခဲ့ကြသည်။ ကြိုဆိုသူများသည် မွန်းတည့် (၁၂း၀၀) နာရီခန့်ကလာရောက်စောင့်ဆိုင်းနေကြပြီး တပ်မတော်သားများ တပ်မတော်သား မိသားစုဝင်များ ဘောလုံးသမားများ၏ မိသားစုများ ဘောလုံးပရိတ်သတ်များက ပန်းစည်းများကိုင်ဆောင်ကာ ကြိုဆိုရန်စောင့်ဆိုင်းနေကြသည်။

Read More »

အမျိုးသားအားကစားပွဲတော်၌ ရိုးရာခြင်းလုံးပြိုင်ပွဲ ပါဝင်

နေပြည်တော်တွင် ကျင်းပမည့်အမျိုးသားအားကစားတော်၌ မြန်မာ့ရိုးရာခြင်းလုံး အားကစားနည်းပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း  မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ သိရှိရသည်။ အမျိုးသားအားကစားပွဲတော်ရိုးရာခြင်းလုံးပြိုင်ပွဲကို ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီးမြန်မာ့ရိုးရာခြင်းလုံးပြိုင်ပွဲများကို Event(ကစားနည်းမျိုးစုံ) အကုန်လုံးထည့်သွင်း ကျင်းပသွား မည်ဟု မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်မှအထွေထွေအတွင်းရေးမှူးဦးကိုကိုအောင်က ပြောသည်။

Read More »

ဘိလိယက်နှင့် စနူကာအခြေခံသင်တန်း အခမဲ့ပေးမည်

မြန်မာနိုင်ငံအတွင်း ဘိလိယက်နှင့် စနူကာအားကစားနည်းများဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်က ဘိလိယက်နှင့် စနူကာအခြေခံသင်တန်းတစ်ရပ်ကို အခမဲ့ပို့ချပေးမည် ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ သင်တန်းကို လာမည့်မတ်လ(၁၆)ရက်နေ့မှ မေလ(၁၅)ရက်နေ့အထိဖွင့်လှစ်သွားမည်ဖြစ်ပြီး အဓိက အားဖြင့် အလယ်တန်း၊ အထက်တန်း၊တက္ကသိုလ်အဆင့်နှင့် ကောလိပ်ကျောင်သားကျောင်းသူများကို ရည်ရွယ်၍နှစ်စဉ်ဖွင့်လှစ်ခြင်းဖြစ်သည်။

Read More »