Thursday , November 1 2018
Home / သတင်း / အားကစားသတင်း

အားကစားသတင်း

မေလထဲမှာ မြန်မာနိုင်ငံကို လာရောက်ပြီး ခြေစမ်းပွဲ ကစားဖို့ အတည်ပြုခဲ့တဲ့ Leed united ဘောလုံးအသင်းကို ဗြိတိသျှရိုဟင်ဂျာအသိုင်းအ၀ိုင်း(UK) က ပြင်းပြင်းထန်ထန်ဝေဖန်

  အင်္ဂလိပ် ချန်ပီယံဘောလုံး အသင်းတစ်သင်းဖြစ်တဲ့ Leed United အသင်းဟာ သူတို့ရဲ့ ရာသီကြို ဘောလုံးပွဲစဉ်အတွက် မြန်မာနိုင်ငံကို လာရောက်မယ့် အစီအစဉ်အပေါ် ဗြိတိသျှရိုဟင်ဂျာ အသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ Leed United အသင်းဟာ  မေလ ၉ ရက်နေ့မှာ မြန်မာ နေရှင်နယ်လိဂ် အသင်းနဲ့ ကစားမှာဖြစ်ပြီး မေလ ၁၁ ရက်နေ့မှာတော့ မြန်မာလက်ရွေးစင်ဘောလုံးအသင်းနဲ့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ သူတို့အသင်းအနေနဲ့ မြန်မာကစားများနဲ့လည်း ရင်းရင်းနှီးနှီး တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။ နောက်တစ်ဆင့်အနေနဲ့ ကတော့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်နဲ့အတူ ရန်ကုန်နဲ့ မန္တလေး မြို့တွေကို လည်ပတ်ကြဖို့လဲ စီစဉ်ထားပါတယ်။ 

Read More »

အမျိုးသမီးဘောလုံးအသင်းကို စတင်ဖွဲ့စည့်တော့မယ့် မန်ချက်စတာယူနိုက်ဘောလုံးအသင်း

  မန်ချက်စတာယူနိုက်တတ်ဘောလုံးအသင်းဟာ ရှေးပဝေသဏီကတည်းက အောင်မြင်ကျော်ကြားခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပေမယ့် ပရော်ဖက်ရှင်နယ်ကန်တဲ့ အမျိုးသမီးဘောလုံးအသင်းတော့ လက်ရှိအချိန်အထိ မရှိသေးပါဘူး။ ဒါကြောင့် အသင်းတာဝန်ရှိသူတွေဟာ ပရော်ဖက်ရှင်နယ် အမျိုးသမီးဘောလုံးအသင်းကို မကြာခင်ဖွဲ့စည်းတော့မှာ ဖြစ်ပါတယ်။ ဒီလိုဖွဲ့စည်းဖို့ ဘောလုံးအဖွဲ့ချုပ်ကိုလည်း ခွင့်ပြုချက်တောင်းထားပြီဖြစ်ပါတယ်။

Read More »

2018 ရှရှား ကမ္ဘာ့ဖလားပြိင်ပွဲကနေ အင်္ဂလန်အသင်းနှုတ်ထွက်ပြီး သပိတ်မှောက်မှာလား

  အင်္ဂလန်နိုင်ငံဟာ ရှရှားနဲ့ သံတမန်ရေးရာ တင်းမာမှုတွေဖြစ်နေတာကြောင့် ဒီနှစ်နွေရာသီမှာ ကျင်းပမယ့် ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်ဘောလုံးအသင်းအနေနဲ့ ပါဝင်ယှဉ်ပြိုင်မယ် မပြိုင်ဘူးဆိုတဲ့အချက်ဟာ မေးခွန်းထုတ်စရာ အချက်တစ်ချက် ဖြစ်လာပါတယ်။ ဒါပေမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င်မပြိုင်ဘဲ သပိတ်မှောက်လိုက်မယ်ဆိုရင် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ ပါဝင်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးသွားမှာဖြစ်ပါတယ်။

Read More »

မန်ယူအသင်း ဂန္တဝင်ကစားသမား ရွန်နီဂျွန်ဆင်နှင့် မန်ယူအသင်းနည်းပြများ ပုသိမ်မြို့မှ လူငယ်များကို ၂ ရက်ကြာလာရောက် ဘောလုံးလေ့ကျင့်ပေး

မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ မေလ (၁၆) ရက်။ နာမည်ကျော်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက် အသင်း ဂန္တဝင်ကစားသမား ရွန်နီဂျွန်ဆင်နှင့် မန်ယူအသင်းနည်းပြများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သို့ လာရောက်ပြီး မေလ ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင် လူငယ် ၁၅၀ ကျော်ကို ဘောလုံးနည်းစနစ်များ လေ့ကျင့်ပေးခဲ့ကြောင်း သိရှိရသည်။

Read More »

ကသာမြို့တွင် ၂၀၁၇ ခုနှစ် ကသာခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဌဖလား မြို့နယ်အလိုက် စစ်တုရင်ပြိုင်ပွဲကျင်းပ

နေမျိုးလှရွှေ (မြစ်မခ) ကသာ၊ ဧပြီ (၃) ရက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ၂၀၁၇ ခုနှစ် ကသာခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဌ ဖလား မြို့နယ်အလိုက် စစ်တုရင်ပြိုင်ပွဲကို ဧပြီလ(၃)ရက်မှ(၅)ရက်ထိ ကျင်းပလျက်ရှိကြောင်း သိရှိရသည်။ အဆိုပါစစ်တုရင်ပြိုင်ပွဲကို လူငယ်များ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စစ်တုရင်ကစားနည်းပိုမိုတိုးတက် စေရန်၊ စဉ်းစားတွေးခေါ်နိုင်စွမ်းမြင့်မား၍ အမှားအမှန်ဝေဖန်ခွဲခြားနိုင်စေရန်၊ ခရိုင်အဆင့်တိုင်းအဆင့်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကျင်းပခဲ့ကြောင်း သိရသည်။

Read More »