Monday , May 27 2019
Home / သတင်း / ဒေသတွင်းသတင်း (page 5)

ဒေသတွင်းသတင်း

လားရှိုးမြို့တွင် စစ်ဘေးရှောင်များထဲမှ မိဘမဲ့ကလေးသူငယ်များအား ပြုစုပျိုးထောင်ပေးသွားရန် ဂေဟာတစ်ခုတည်ဆောက်သွားမည်

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် စစ်ဘေးရှောင်များထဲမှ မိဘမဲ့ကလေးသူငယ်များအား ပြုစု ပျိုးထောင်ပေးသွားရန် ဂေဟာတစ်ခုတည်ဆောက်သွားမည်ဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီထံ မှ သိရှိရသည်။ “စစ်ဘေးသင့်ပြည်သူတွေထဲကမှ လုံးဝမိဘမဲ့ကလေးသူငယ်တွေအတွက် ပြုပြင်ပျိုးထောင်ရေး ဂေဟာ တည်ဆောက်သွားဖို့ လုပ်နေတာပါ။ အခုတော့ မြေနေရာရရှိလို့ စတင်ပြီးတော့တည်ဆောက်နေပါပြီ။’’ ဟု ဖြစ်မြောက်ရေးကော်မတီဝင် ဦးသော်တာထိုက်ကပြောသည်။

Read More »

ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ(သထုံခရိုင်ရုံး)က ဒေသခံ တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်း ထုတ် ချေးပေးသည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ဟုဆို

  အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ နိုဝင်ဘာ ၂၉ ရက်။ မွန်ပြည်နယ်၊ သထုံမြို့ရှိ ညီညွှတ်သောဒီမိုကရက်တစ်ပါတီ(သထုံခရိုင်ရုံး)က သထုံခရိုင်ဒေသခံများကို တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်း ထုတ်ချေးပေးသည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်း အဆိုပါ ပါတီရုံးမှ သထုံခရိုင်ပါတီစည်းရုံးရေးမှူး ဦးတင့်လွင်က ပြောဆိုလိုက်သည်။ ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ(သထုံခရိုင်ရုံး)က ငွေကျပ်(၁၀)သိန်း ထုန်ချေးပေးနေသည်ဆိုသည့်  သတင်းအရ သထုံခရိုင်

Read More »

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် အလုပ်လုပ်ရန် ရောက်ရှိနေသူများ နေရပ်ပြန်

  အာရကန်ကိုကို(မြစ်မခ) ကျောက်ဖြူ၊ နိုဝင်ဘာ ၂၉ ရက်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များမှ ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် အလုပ်လုပ်ရန်  ရောက်ရှိနေကြ သူများမှာ နေရပ်ဒေသဖြစ်သည့် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များသို့ နိုဝင်ဘာ လကုန်ပိုင်းတွင် နေရပ်ပြန်နေကြပြီဖြစ်ကြောင်း သိရှိရသည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းတွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိမည်ဟု မျှော်လင့်ချက်များဖြင့် ရောက်ရှိနေကြခြင်းဖြစ်ကာ ကျောက်ဖြူစီးပွားရေးဇုန်သည် လက်ရှိအချိန်ထိ အကောင်အထည်မဖော်သေးခြင်း ကြောင့် နေရပ်ပြန်သွားကြကြောင်း သိရသည်။

Read More »

လားရှိုးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးရာမှ လိုင်စင်မဲ့ ဆိုင်ကယ်များ တွေ့ရှိပါက လိုင်စင်ပြုလုပ်ပေးမည်

နောင် (မြစ်မခ) လားရှိုး၊ နိုဝင်ဘာ ၃၀ ရက်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးရာမှ လိုင်စင်မရှိသော ဆိုင်ကယ်များအားတွေ့ရှိပါက လိုင်စင်ပြုလုပ်စေမည်ဖြစ်ကြောင်း သိရှိရသည်။ လားရှိုးမြို့တွင် ယာဉ်အန္တရာယ်ကင်းဝေးစေရန် ဆိုင်ကယ်ဦးထုပ်မဆောင်ခြင်းများနှင့် စည်းကမ်းမဲ့ယာဉ် များစစ်ဆေးရာမှ လိုင်စင်မဲ့ဆိုင်ကယ်များအား စစ်ဆေးတွေ့ရှိခဲ့ပါက က.ည.နတွင် လိုင်စင်သွားရောက် လုပ်ဆောင်စေမည်ဖြစ်ကြောင်း သိရသည်။

Read More »

ကျိုင်းတုံမြို့၌ လူငယ်ဖိုရမ်ကို ဒီဇင်ဘာ(၃)ရက်တွင် ကျင်းပမည်

  နိုင်နိုင်အောင်ဝေ (မြစ်မခ) ကျိုင်းတုံ၊ နိုဝင်ဘာ ၃၀ ရက်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ စည်ပင်သာယာခန်းမတွင် လူငယ်ဖိုရမ်ကို ဒီဇင်ဘာ(၃)ရက်၌ ကျိုင်းတုံ လူငယ်စင်တာမှ ကြီးမှူးကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။ “အမေရိကန်သံရုံးရဲ့ YSEALI အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များဖွံ့ဖြိုးရေးအစီအစဉ် စတင်ခဲ့တဲ့ လေးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံအပါအဝင် အာဆီယံ ၁၀ နိုင်ငံမှာ YSEALI YOU nified 2017 အစီအစဉ်ကို ဒီဇင်ဘာ ၃ ရက်နေ့မှာ တစ်ပြိုင်တည်းကျင်းပပြုလုပ်သွားမှာဖြစ်တာမို့ ကျိုင်းတုံမြို့မှာလည်း အသက် ၁၅ နှစ်မှ ၂၅ နှစ်အတွင်းရှိ လူငယ်များတက်ရောက်ကြမယ့် လူငယ်ဖိုရမ်ကို ကျင်းပတာဖြစ်ပါတယ်။” ဟု ကျိုင်းတုံလူငယ်စင်တာမှ ပြောရေးဆိုခွင့်ရှိသူ မခင်မြတ်မွန်က ပြောသည်။

Read More »