Thursday , November 1 2018
Home / သတင်း / ဒေသတွင်းသတင်း (page 4)

ဒေသတွင်းသတင်း

မန္တလေးမြို့၌ အိမ်ငှားရမ်းခ ဈေးနှုန်းများ အိမ်ရှင်များ ဆောင်ရသည့် အခွန်နှုန်းထားများကြောင့် အိမ်ငှားခများ ၂၀၁၈ ခုနှစ်အတွင်း ၂ ဆ မြင့်တက်လာနိုင်

မင်းခန့် (မြစ်မခ) မန္တလေး၊ ဒီဇင်ဘာ ၁၉ ရက်။ ၂၀၁၈ ခုနှစ်တွင် မန္တလေးမြို့၏ အဓိကကျသည့် နေရာများနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်သည့် နေရာများ၌ အိမ်ငှားခနှုန်းထားများမှာ အိမ်ရှင်များဆောင်ရသည့် အခွန်နှုန်းထားများကြောင့် ဈေးနှုန်းများ ယခင်ထက် ၂ ဆ မြင့်တက်လာနိုင်ကြောင်း မန္တလေး အိမ်ခြံမြေလုပ်ငန်းရှင်များထံက သိရှိရသည်။ “အဓိကအိမ်ငှားရမ်းမှု ဈေးတွေက မြင့်တက်သွားတယ်ဆိုတာက အခု အိမ်ငှားမယ်ဆိုရင် အိမ်ရှင်တွေက ဝင်ငွေ အခွန်ကို သူတို့ငှားတဲ့ လစာအပေါ်မူတည်ပြီး တစ်နှစ်စာအတွက် ပေးဆောင်ရတယ်။ အဲ့ဒီအခါကျ အိမ်ရှင်တွေ ကလည်း သူတို့ ဝင်ငွေခွန်ဆောင်ရတဲ့အပေါ်မှာ ဈေးတွေတိုးပြီးတောင်းတယ်။ အိမ်ငှားတဲ့ သူတွေ အနေနဲ့ ကလည်း ကိုယ်တတ်နိုင်တဲ့ အပေါ်မူတည်ပြီး ငှားရတာဆိုတော့ …

Read More »

မန္တလေးဈေးချို တတိယထပ်နှင့် စတုတ္ထအထပ်ရှိ လစ်လပ်နေသည့် ဆိုင်ခန်းများ ငှားရမ်းလိုပါက မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်ပေးမည်

မင်းခန့် (မြစ်မခ) မန္တလေး၊ ဒီဇင်ဘာ ၈ ရက်။ မန္တလေးဈေးချိုတော်၏ တတိယထပ်နှင့် စတုတ္ထအထပ်ရှိ လစ်လပ်နေသည့် ဆိုင်ခန်းများကို ငှားရမ်းဖွင့်လှစ် မည်ဆိုပါက မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  ယင်း ကော်မတီမှ သိရှိရသည်။

Read More »

(၄၃)နှစ်ပြည့် ရခိုင်ပြည်နယ်နေ့တွင် ရခိုင်ရိုးရာဝတ်စားဆင်ယင်မှုပြိုင်ပွဲကျင်းပမည်

  မြစ်မခ ဒီဇင်ဘာ(၄)ရက်။ ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်တွင် ရခိုင်ရိုးရာဝတ်စားဆင်ယင်မှုပြိုင်ပွဲကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ တွင် ဒီဇင်ဘာ (၁၅)ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သိရှိရသည်။ အဆိုပါ ပွဲတော်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပကာ ၂၀၁၇ ခုနှစ်တွင် ကျရောက်သည့် ရခိုင်ပြည် နယ်နေ့သည် (၄၃)နှစ်မြောက်ဖြစ်ကြောင်း သိရသည်။

Read More »

လားရှိုးမြို့တွင် စစ်ဘေးရှောင်များထဲမှ မိဘမဲ့ကလေးသူငယ်များအား ပြုစုပျိုးထောင်ပေးသွားရန် ဂေဟာတစ်ခုတည်ဆောက်သွားမည်

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် စစ်ဘေးရှောင်များထဲမှ မိဘမဲ့ကလေးသူငယ်များအား ပြုစု ပျိုးထောင်ပေးသွားရန် ဂေဟာတစ်ခုတည်ဆောက်သွားမည်ဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီထံ မှ သိရှိရသည်။ “စစ်ဘေးသင့်ပြည်သူတွေထဲကမှ လုံးဝမိဘမဲ့ကလေးသူငယ်တွေအတွက် ပြုပြင်ပျိုးထောင်ရေး ဂေဟာ တည်ဆောက်သွားဖို့ လုပ်နေတာပါ။ အခုတော့ မြေနေရာရရှိလို့ စတင်ပြီးတော့တည်ဆောက်နေပါပြီ။’’ ဟု ဖြစ်မြောက်ရေးကော်မတီဝင် ဦးသော်တာထိုက်ကပြောသည်။

Read More »

ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ(သထုံခရိုင်ရုံး)က ဒေသခံ တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်း ထုတ် ချေးပေးသည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ဟုဆို

  အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ နိုဝင်ဘာ ၂၉ ရက်။ မွန်ပြည်နယ်၊ သထုံမြို့ရှိ ညီညွှတ်သောဒီမိုကရက်တစ်ပါတီ(သထုံခရိုင်ရုံး)က သထုံခရိုင်ဒေသခံများကို တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်း ထုတ်ချေးပေးသည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်း အဆိုပါ ပါတီရုံးမှ သထုံခရိုင်ပါတီစည်းရုံးရေးမှူး ဦးတင့်လွင်က ပြောဆိုလိုက်သည်။ ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ(သထုံခရိုင်ရုံး)က ငွေကျပ်(၁၀)သိန်း ထုန်ချေးပေးနေသည်ဆိုသည့်  သတင်းအရ သထုံခရိုင်

Read More »