Monday , May 27 2019
Home / သတင်း / ဒေသတွင်းသတင်း (page 3)

ဒေသတွင်းသတင်း

အထွေထွေ အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေး လက်ကမ်းစာစောင်ဝေငှ၍ အသိပေး

  အေမီအောင် (မြစ်မခ) ရန်ကုန်၊ ဇန်နဝါရီ ၂ ရက်။ အထွေထွေ အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေး(မြန်မာ)အဖွဲ့ဝင်များက ဇန်နဝါရီ ၂ ရက်၊ နံနက်(၉) နာရီခွဲဝန်းကျင်တွင် အင်းစိန်အကျဉ်းထောင်ရှေ့သို့သွားရောက်ကာ အကျဉ်းထောင်အတွင်းမှ ပြန်လည်လွတ် မြောက်လာသည့် အကျဉ်းသားများကို လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သိရှိရသည်။ အင်းစိန်အကျဉ်းထောင်ရှေ့တွင် လက်ကမ်းစာစောင်များဝေငှခြင်းကို တစ်ပါတ်လျှင်(၂)ရက်ခန့်ဖြင့် အပါတ်စဉ် သွားရောက်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Read More »

နမ့်ဆန်မြို့နယ်အတွင်း ပစ်ခတ်မှုများဖြစ်ပွားသဖြင့် မိုင်းငေါ့မြို့နယ်ခွဲသို့ တိုက်ပွဲရှောင်များ ရောက်ရှိခိုလှုံနေ

နောင်(မြစ်မခ) ကျောက်မဲ၊ ဇန်နဝါရီ ၂ ရက်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)နမ့်ဆန်မြို့နယ်၊ ကျောက်ဖြူလေးကျေးရွာအုပ်စု၊ ဟင်ကြိုင်ရွာမှ တိုက်ပွဲရှောင်များမှာ မိုင်းငေါ့မြို့နယ်ခွဲရှိ မဟာမုနိဘုရားတွင် ရောက်ရှိခိုလှုံနေကြောင်း ဒေသတွင်းရှိ လူမှုကူညီရေးအသင်းဖွဲ့များထံမှ သိရှိရသည်။ ကျောက်ဖြူလေးအုပ်စုအနီး ဒီဇင်ဘာလကုန်ပိုင်းတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ရွာသားများမှာ ထွက်ပြေးတိမ်းရှောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Read More »

ကျိုက်ထီးရိုးစေတီတော်သို့ ဘုရားဖူးရန်လာရောက်သူတစ်ဦး တည်းခိုခန်းအတွင်း သေဆုံးနေ

အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ ဒီဇင်ဘာ ၂၆ ရက်။ မွန်ပြည်နယ်၊ ကျိက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ၊ အလယ်စုပိုင်းရှိ ဟိုတယ်တစ်ခု၌ ကျိုက်ထီးရိုး စေတီတော်သို့ ဘုရားဖူးရန် လာရောက်တည်းခိုနေသည့် ဘုရားဖူးတစ်ဦး ဒီဇင်ဘာ ၂၅ ရက်က သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

Read More »

ရန်ကုန်မြို့အတွင်း အိမ်၊ ခြံ၊ မြေပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်းကို Online စနစ်ဖြင့် ဆောင်ရွက်သူနည်းပါးနေ

  ယမုံ(မြစ်မခ) ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက်။ ရန်ကုန်မြို့အတွင်း အိမ်၊ ခြံ၊ မြေပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်းလုပ်ငန်းတွင် သက်သေခံမြေပုံ၊ မြေရာဇဝင်ကူးခြင်း၊ အမည်ပြောင်းလျှောက်ထားခြင်းတို့ကို Online စနစ်ဖြင့်ဆောင်ရွက်ပေးသော်လည်း လျှောက်ထားသူ နည်းနေသေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရှိရသည်။ ယင်းဝန်ဆောင်မှုကို ပြည်သူများ ပိုမိုပြန်ဆန်မှုရှိစေရန် ပြုလုပ်ပေးသော်လည်း သတင်းအချက်အလက်များ အပြင်သို့ပေါက်ကြားမည်ကို စိုးရိမ်မှုရှိခြင်းကြောင့် အွန်လိုင်းစနစ်လျှောက်ထားမှု နည်းပါးခြင်းဖြစ်ကြောင်း သိရသည်။

Read More »

ကျိုက်ထီးရိုးတောင်ပေါ်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများအား ငွေဒဏ်နှင့် ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူမည်

  အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ ဒီဇင်ဘာ ၂၁ ရက်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးတောင်ပေါ်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများအား ပညာပေး စည်းရုံးပြီးပါက ဒဏ်ငွေဆောင်ခိုင်းခြင်း၊ ဆိုင်ပိတ်သိမ်းသည်အထိအရေးယူခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့မှ သိရှိရသည်။ ကျိုက်ထီးရိုးတောင်ပေါ်ရှိ နေ့စဉ်ထွက်ရှိသော အမှိုက်များအား စနစ်တကျစွန့်ပစ်နိုင်ရေး မုဆိုးတောင်၌ နေရာ သတ်မှတ်ပေးထားသော်လည်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများရှိနေခြင်းကြောင့် ပညာပေးစည်းရုံးရေးများ လုပ်ဆောင်ရန်စီစဉ်နေကြောင်း ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ဝင် ဦးစိုးနောင်ဦးက ပြောသည်။ “ကျွန်တော်တို့ ဂေါပကအဖွဲ့ တာဝန်ယူပြီးတဲ့နောက်ပိုင်းမှာ ဈေးတန်းပတ်ဝန်းကျင်မှာ နေရာလေးသတ်မှတ်ပြီး အမှိုက်တွေကို စွန့်ပစ်ဖို့လုပ်သေးတယ်။ ဒါပေမဲ့ ဒီဇင်ဘာလို ဘုရားဖူးများတဲ့ကာလတွေမှာဆို အမှိုက်ထွက်တာ လည်းများတော့ အမှိုက်ကထွက်တဲ့အနံတွေက ရင်ပြင်တော်ပေါ်ထိရောက်လို့ မခံနိုင်ဘူး။ …

Read More »