Thursday , November 1 2018
Home / သတင်း / ဒေသတွင်းသတင်း (page 257)

ဒေသတွင်းသတင်း

ရပ်စောက် သမအသင်းလေလံငွေရလိုမှု ပြသနာဖြစ်ပွားနေ

ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့ရှိ သမ၀ါယမအသင်းပိုင် အဆောက်အဦးအား လေလံတင် ရောင်းရငွေ ရလိုမှု ကိစ္စနှင့် ပတ်သက်၍ မြို့နယ် သမ ဦးစီးမှူးများနှင့် ဒေသခံ သမအသင်းသားဟောင်းများအကြား ပဋိပက္ခ ဖြစ်ပေါ်လျှက် ရှိသည်။ သမ၀ါယမ အသင်းစုသည် ၁၉၈၈ ခုနှစ်တွင် လုပ်ငန်း ရပ်စဲသွားခဲ့ပြီး၊ ထိုစဉ် အခါက ရပ်စောက်အနီး တ၀ိုက် လမ်း အရှေ့ဘက်၊ အနောက်ဘက် ကျေးရွာ အုပ်စုပေါင်း (၅၀) ပါဝင်ခဲ့သည်။ လမ်းအရှေ့ ဘက်တွင် သမ အသင်း အရောင်းဆိုင်၊ လမ်း အနောက်ဘက်တွင် ဂိုထောင်တည်ရှိသော ရပ်စောက်မြို့နယ်တွင် ယခင် လူကြီး ဟောင်းများက မြို့နယ်အတွင်း အကြွေးရှိသည်ဟု ဆို၍ ရောင်းလိုက်သဖြင့် …

Read More »

ဖားကန့်ကျောက်မ၀င်၍ မန်းဈေးကွက်၌ အစိမ်းရှားစပြုလာ

မြန်မာနိုင်ငံမှ ကျောက်စိမ်းထွက်ရှိရာ ဒေသကြီးတစ်ခုဖြစ်သည့် ဖားကန့်ဒေသတွင် မငြိမ်းချမ်းမှုများကြောင့် ကျောက်တူးဖော်ရေးလုပ်ငန်းများ ရပ်နားထားရသဖြင့် မန္တလေးမြို့သို့ကျောက်စိမ်းအ၀င် မရှိသလောက် ဖြစ်လာကြောင်း မန်းကျောက်ဝိုင်းမှ သိရသည်။ လက်ရှိတွင် မန်းကျောက်ဝိုင်း၌ ကျောက်စိမ်းရှားပါးမှု စတင်ဖြစ်ပေါ်နေကြောင်း ကျောက်ကုန်သည်များထံမှ သိရသည်။

Read More »

ဒေသထွက် ၀က်ပေါက်ရောင်းအားကျဆင်းလာသည့် ရှမ်းမြောက်ဒေသ

  ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်နှင့် အခြားဒေသများသို့ မြန်မာပြည်အလယ်ပိုင်းမှ ၀က်သားပေါက်များ ဈေးနှုန်းချိုသာစွာ တင်သွင်းလာမှုကြောင့် ဒေသတွင်း ၀က်သားပေါက်ဈေးနှုန်းများ အပြောင်းအလဲ မကြာခဏဖြစ်ပေါ်လျှက်ရှိကြောင်း ဒေသတွင်း ၀က်မွေးမြူသူများထံမှ သိရသည်။ “မြန်မာပြည်အလယ်ပိုင်းက ၀က်တွေ ကျောက်မဲကို မပို့ခင်က ၀က်ဈေးက အရမ်းကောင်းတယ်။ အခုတော့ ဒေသ၀က်တွေက ရောင်းမထွက်တော့ဘဲ အလယ်ပိုင်းဝက်တွေက ဈေးသက်သာနေတော့ အဲ့ဒီဝက်တွေပဲ အ၀ယ်လိုက်နေတယ်” ဟု ကျောက်မဲမြို့ အမှတ်(၁)ရပ်ကွက်တွင် (၇)နှစ်ကျော်ကြာ ၀က်မွေးမြူသူတစ်ဦးက ပြောသည်။

Read More »

နွေရာသီလျှပ်စစ်မီးရရှိနိုင်ရေး တိုင်း(၂)ဓာတ်အားဖြန့်လုပ်ငန်းမှ ပြင်ဆင်မှုများစတင်

တစ်နိုင်ငံလုံးအတွက် လျှပ်စစ်မီးရရှိရေးအတွက် အသုံးပြုနေသည့်အသုံးစရိတ်လိုအပ်လျှက်ရှိနေခြင်းကြောင့် မန္တလေးအပါအ၀င်သီးခြားနေရာများတွင် မိုးရာသီမှလွဲ၍ လျှပ်စစ်ဓာတ်အား အပြည့်အ၀မရရှိခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအမှတ်(၂) လျှပ်စစ်ဓာတ်အားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း တိုင်း ဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးမှ အင်ဂျင်နီယာတစ်ဦးက ဆိုသည်။ “လျှပ်စစ်မီးဓာတ်အားပေးဝေမှုမှာ ထုတ်လုပ်ရေးနဲ့ဖြန့်ဖြူးရေး နှစ်ပိုင်းရှိတယ်၊ အဲဒါတွေက လိုနေသေးတယ်၊ အဲဒါတွေမှာ ဘာလိုတာလဲဆိုတော့ အဓိကငွေလို့ပဲ ပြောရမှာပါ”ဟု ၎င်းက ပြောသည်။

Read More »